Zawgyi ဖြင့်ဖတ်ရန်
၁၄။ ရှေးဦးသူနာပြုစုနည်း
Unicode ဖြင့်ဖတ်ရန်
အရေးကြုံလာရင် အသုံးချနိုင်မယ့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်နည်း ( ၁၄ ) ခု
ဒီ ကမ္ဘာကြီးထဲမှာ ဘယ်သူမှတော့ မလုံခြုံပါ ဘူး။ဓားပြတိုက်ခံရတာတွေ အဖမ်းဆီးခံရ တာတွေအပြင် အသက်ပါ လုယူသွားနိုင်ပါ တယ်။ဒါက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးရွား လာတာမို့ ကိုယ့်ကိုယ်ကို ခုခံနည်းတွေ တတ်မြောက်ထားဖို့လိုအပ်လာတာပေါ့။
ဒီမှာတော့ သင့်အတွက်အသုံးဝင်မယ့် နည်း လေးတွေကိုပြထားပါတယ်။ဒါတွေကို တစ် နေ့မှာ အသုံးမပြုရဖို့တော့မျှော်လင့်ပါတယ်။
၁။ မှန်မှန်ကန်ကန် လက်သီးဆုပ်နည်း
လက်သီးဆုပ်နည်း ဒေါသထွက်လာရင် လူတိုင်းလိုလို လက်သီး ဆုပ်တတ်ကြပါတယ်။သင့်ရဲ့လက်ချောင်း တွေမထိခိုက်စေဖို့ မှန်မှန်ကန်ကန် လက်သီး ဆုပ်တတ်ဖို့လည်းလိုအပ်တာပေါ့။
၂။ကြိုးတုပ်ထားတာကနေ လွတ်မြောက်နည်း
အခန်းတစ်ခန်းထဲမှာ သင့်လက်ကိုကြိုးတုပ် ထားရင်တော့ စစချင်း လက်သီးဆုပ်လိုက် ပါ။တစ်ကိုယ်လုံးအချည်ခံထားရရင်တော့ အသက်ကိုဝဝရှူပါ။ သင့်အတွက် လွတ်မြောက်တဲ့နေရာများလာလေလေ သင်လွတ်လပ်ဖို့လွယ်ကူလေပါပဲ။
၃။ တိတ်ပတ်တုတ်ခြင်းမှ လွတ်အောင်ထွက်နည်း
တိပ်နဲ့အတုပ်ခံထားရရင် စိတ်မပူပါနဲ့။လွယ်ကူပါတယ်။လက်သီးဆုပ် ပြီး လက်ကို အားနဲ့လွှဲလိုက်ပါ။တိပ်ပြဲသွား ပါလိမ့်မယ်။
၄။ ထိခိုက်နိုင်မယ့် နေရာတွေကို သိခြင်း
အဓိကနေရာတွေကို တိုက်ခိုက် သင့်ကိုတိုက်ခိုက်သူနဲ့ယှဉ်ရင်တော့ သင်က အားနည်းတတ်ပါတယ်။ဒါ့ကြောင့် သူ့ရဲ့ အဓိကနေရာတွေကို အားပြင်းပြင်းနဲ့သာ တိုက်ခိုက်ပစ်ပါ။
၅။ လုံးခြုံရေးအတွက် ဆော့ဝဲတွေကို အသုံးပြုခြင်း
လုံခြုံရေးApp တွေသုံးသင့် ခေတ်မီApp တွေဖြစ်တဲ့ Family locator, bSafe,စသည်တို့ကို ထည့်သွင်းထားသင့်ပြီး အခြေအနေကို အရင်းနှီးဆုံးသူတွေထံ အကြောင်းကြားပါ။
၆။ စကားဝှက်တွေအသုံးပြုပြီး ပြောဆိုခြင်း
စကားဝှက်ထားသင့် သင့်ကို ချုပ်နှောင်လိုက်ရင်တော့ သင်က စကားပြောလို့မရတာ စာရိုက်လို့မရတာ ဖြစ်နိုင်ပါတယ်။သူတို့မသိနိုင်တဲ့ စကားဝှက်နဲ့ စာပို့ချင်းက အသုံးဝင်မှာပါ။ ဒါနဲ့ပဲ သင့် တည်နေရာကိုပြောကြားနိုင်ပါ တယ်။
၇။ အလွယ်ရမယ့် ပစ္စည်းတွေနဲ့ အသုံးပြုတိုက်ခိုက်ခြင်း
အသုံးဝင်မယ့်ပစ္စည်းတွေဆောင်ထား တစ်ခုခုဆိုးဆိုးရွားရွားဖြစ်လာရင် ပြန်လည် တုံ့ပြန်ဖို့ တွေဝေနေတတ်ပါတယ်။ဒါပေ မယ့် သင့်ပတ်ဝန်းကျင်မှာ အသုံးဝင်တဲ့အရာ များစွာရှိနေပါတယ်။
၈။ ငရုတ်သီး စပရေးဘူးတွေဆောင်ထားခြင်း
စပရေးဘူးတွေဆောင်ထား ဒါက အသုံးပြုရလွယ်ကူပါတယ်။ဒါကိုသင် အသင့် အသုံးပြုလို့ရမယ့် နေရာမှာ ဆောင်ထားခြင်းက အထောက်အကူပြုမှာ ပါ။
၉။ လက်နဲ့ ချုပ်နှောင်မှုကို ဘယ်လိုရုန်းထွက်မလဲ
သင့်လက်ကို လာချုပ်ရင်တော့ လက်မရဲ့ အခန်း ကဏ္ဍကဒီမှာအသုံးဝင်ပါ တယ်။ တိုက်ခိုက်သူရဲ့လက်မဆီကို သင့် လက်ကို လှည့်လိုက်ပါ။ဒါကလွတ်မြောက်ဖို့ နည်းပါပဲ။
၁၀။ ဆံပင်ဆွဲပြီး ချုပ်ထားရင် ဘယ်လိုလုပ်မလဲ
ဆံပင်ဆွဲလာရင်တော့ သူ့လက်ကို ပြန်လည်တိုက်ခိုက်တာက အကောင်းဆုံးဖြစ်မှာပါ။
၁၁။ လည်ပင်ညှစ်ခံထားရရင် ဘယ်လိုလုပ်မလဲ
လည်ပင်းညစ်လာရင်တော့ ရန်သူ့မျက်လုံးကိုတိုက်ခိုက်ပါ။ဒါက သင့်လည်ပင်းက သူ့လက်တွေကို ဖယ်ရှား စေနိုင်ပါတယ်။
၁၂။ ဓာတ်လှေကားထဲရောက်နေတဲ့အခါ
ဓာတ်လှေကားထဲမှာဆိုရင် နံရံနဲ့ကပ်နေတာအကောင်းဆုံးပါပဲ။မမျှော် လင့်တဲ့ အန္တရာယ်တွေကျရောက်လာနိုင်လို့ ပါ။
၁၃။ Taxi စီးရင် အန္တရယ်ကြုံလာတဲ့အခါကားထဲမှာဆိုရင် သူစိမ်းတစ်ယောက်နဲ့ကားစီးမိရင်တော့ ကားနံပါတ်မှတ်တာတွေ ကားအရောင်ကို မှတ်တာတွေပြုလုပ်သင့်ပြီး သင့်ကိုတိုက် ခိုက်လာရင်တော့ အဓိကနေရာတွေကိုနာ ကျင်အောင်လုပ်ပါ။
၁၄။ ရှေးဦးသူနာပြုစုနည်း
ရှေးဦးသူနာပြုစုနည်းကိုသင်ယူပါ။ ဒါကအရေးပါတဲ့ အချက်ဖြစ်ပါတယ်။သင်သာကယ်တင်နိုင်တဲ့ နေရာမှာ အသုံး ဝင်နိုင်ပြီး လူနာအတွက် ကျေးဇူးရှင်တစ် ယောက်ဖြစ်နေမှာပါ။
ရေးသားသူ – Min Thu ( XYZ NEWS )
LEAVE A REPLY