Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယား နာမည္ႀကီး အဆိုေတာ္ သ႐ုပ္ေဆာင္ Sulli ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၄ ရက္ေန႔က ေနအိမ္မွာ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ၿပီး ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ပါတယ္။ Sulli ေသဆုံးတာနဲ႔ ပတ္သတ္ၿပီး ေတာင္ကိုးရီးယားတစ္ႏိုင္ငံလုံးနီးပါး ဝမ္းနည္းပူေဆြးေနၾကပါတယ္။

Kim Hyung Kook အမည္ရတဲ့ ခရစ္ယာန္ ဘုန္းေတာ္ႀကီးတစ္ဦးက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္အခ်ိန္တုန္းက Sulli ဒီပရက္ရွင္(စိတ္က်ေဝဒနာေရာဂါ) ေၾကာင့္ သူ႔ဆီ ေဆြးေႏြးဖို႔လာေရာက္ဖူးတယ္ဆိုတဲ့အေၾကာင္း မီဒီယာေတြကို ေျပာျပလာပါတယ္။

“နာမည္ႀကီး အႏုပညာရွင္တစ္ဦး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတယ္ဆိုတဲ့ သတင္းဖတ္လိုက္ရတယ္။ ဒါက ျဖစ္႐ိုးျဖစ္စဥ္ ကိစၥရပ္တစ္ခုပဲလို႔ ထင္မိတာေၾကာင့္ ဒီတိုင္း မသိက်ိဳးကြၽံျပဳေနမိတာ သတင္းကို ေသခ်ာဖတ္ၾကည့္မွ ဒီမိန္းကေလးက ကြၽႏ္ုပ္ဆီလာဖူးတဲ့ မိန္းကေလးျဖစ္ေနတယ္။ Sulli လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက စိတ္က်ေရာဂါေဝဒနာခံစားေနရတာနဲ႔ ပတ္သတ္ၿပီး လူခ်င္းေတြ႕ ေဆြးေႏြးဖို႔ လာေရာက္ခဲ့တယ္။

လူမွန္ရင္ ဘဝႀကီးမွာေကာင္းတာလည္းႀကဳံေတြ႕ႏိုင္သလို အဆိုးေတြနဲ႔လဲ ရင္ဆိုင္ရတတ္တယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔ သိလား အဆိုးျမင္စိတ္နဲ႔ မလုံၿခဳံဘူးလို႔ခံစားေနရတဲ့စိတ္ကလဲ ကူကယ္ရာမဲ့ၿပီး အဆုံးမရွိဘူးဆိုတာ။ Sulli က ဒီေဝဒနာကို ခံစားေနခဲ့ရတာ။

Sulli ဘုရားေက်ာင္းလာၿပီး သမၼာက်မ္းစာနဲ႔ ဘုရားဝတ္ျပဳတဲ့ သင္တန္းေတြလည္း လာၿပီးတက္ေရာက္ခဲ့ေသးတယ္။ ၿပီးမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မတက္ျဖစ္ေတာ့ဘူးလို႔ေျပာၿပီး မလာေတာ့တာ။ အဲ့ဒီအခ်ိန္တုန္းက ေတြ႕ရတဲ့ Sulli က အေျခအေနအဲ့ေလာက္မဆိုးေသးဘူး။ ရက္ အေတာ္ၾကာ သင္တန္းလာတက္ၿပီးေနာက္မွာ အလုပ္ကိစၥေတြေၾကာင့္ လာမတက္ျဖစ္ဘူးလို႔ေျပာတယ္။ သူ႔အေျခအေနက လ်စ္လ်ဴရႈထားလို႔မရတဲ့ အေျခအေနမဟုတ္တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ဖို႔ မၾကာမၾကာ မက္ေဆ့ခ္်ပို႔ၿပီး ေျပာရတယ္။ ဒါေပမဲ့ Sulli ဘက္ကေတာ့ မက္ေဆ့ခ္်ျပန္ပို႔ျခင္းမရွိခဲ့ဘူး။

အဆက္အသြယ္ျပတ္တာၾကာသြားတဲ့ေနာက္ပိုင္း sulli ႐ုတ္တရက္ေသဆုံးသြားတယ္ဆိုတဲ့ သတင္းၾကားရေတာ့ တကယ္ပဲ စိတ္မေကာင္းဘူး။ တမန္ေတာ္ရဲ႕ လက္ထဲမွာ ေအးခ်မ္းစြာ အိပ္စက္ႏိုင္ပါေစလို႔ပဲ ဆုေတာင္းေပးလိုက္ပါတယ္။” ဆိုၿပီး ေျပာျပာသြားပါတယ္။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

မသေခင်တုန်းက ဒီပရက်ရှင်ကြောင့် သင်းအုပ်ဆရာနဲ့ သွားရောက်တွေ့ဆုံဖူးတဲ့ Sulli

တောင်ကိုးရီးယား နာမည်ကြီး အဆိုတော် သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေအိမ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။ Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး တောင်ကိုးရီးယားတစ်နိုင်ငံလုံးနီးပါး ဝမ်းနည်းပူဆွေးနေကြပါတယ်။

Kim Hyung Kook အမည်ရတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးက လွန်ခဲ့တဲ့ နှစ်နှစ်ခန့်အချိန်တုန်းက Sulli ဒီပရက်ရှင်(စိတ်ကျဝေဒနာရောဂါ) ကြောင့် သူ့ဆီ ဆွေးနွေးဖို့လာရောက်ဖူးတယ်ဆိုတဲ့အကြောင်း မီဒီယာတွေကို ပြောပြလာပါတယ်။

“နာမည်ကြီး အနုပညာရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုပဲလို့ ထင်မိတာကြောင့် ဒီတိုင်း မသိကျိုးကျွံပြုနေမိတာ သတင်းကို သေချာဖတ်ကြည့်မှ ဒီမိန်းကလေးက ကျွန်ုပ်ဆီလာဖူးတဲ့ မိန်းကလေးဖြစ်နေတယ်။ Sulli လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စိတ်ကျရောဂါဝေဒနာခံစားနေရတာနဲ့ ပတ်သတ်ပြီး လူချင်းတွေ့ ဆွေးနွေးဖို့ လာရောက်ခဲ့တယ်။

လူမှန်ရင် ဘဝကြီးမှာကောင်းတာလည်းကြုံတွေ့နိုင်သလို အဆိုးတွေနဲ့လဲ ရင်ဆိုင်ရတတ်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ သိလား အဆိုးမြင်စိတ်နဲ့ မလုံခြုံဘူးလို့ခံစားနေရတဲ့စိတ်ကလဲ ကူကယ်ရာမဲ့ပြီး အဆုံးမရှိဘူးဆိုတာ။ Sulli က ဒီဝေဒနာကို ခံစားနေခဲ့ရတာ။

Sulli ဘုရားကျောင်းလာပြီး သမ္မာကျမ်းစာနဲ့ ဘုရားဝတ်ပြုတဲ့ သင်တန်းတွေလည်း လာပြီးတက်ရောက်ခဲ့သေးတယ်။ ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်တော့ဘူးလို့ပြောပြီး မလာတော့တာ။ အဲ့ဒီအချိန်တုန်းက တွေ့ရတဲ့ Sulli က အခြေအနေအဲ့လောက်မဆိုးသေးဘူး။ ရက် အတော်ကြာ သင်တန်းလာတက်ပြီးနောက်မှာ အလုပ်ကိစ္စတွေကြောင့် လာမတက်ဖြစ်ဘူးလို့ပြောတယ်။ သူ့အခြေအနေက လျစ်လျူရှုထားလို့မရတဲ့ အခြေအနေမဟုတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မကြာမကြာ မက်ဆေ့ခ်ျပို့ပြီး ပြောရတယ်။ ဒါပေမဲ့ Sulli ဘက်ကတော့ မက်ဆေ့ခ်ျပြန်ပို့ခြင်းမရှိခဲ့ဘူး။

အဆက်အသွယ်ပြတ်တာကြာသွားတဲ့နောက်ပိုင်း sulli ရုတ်တရက်သေဆုံးသွားတယ်ဆိုတဲ့ သတင်းကြားရတော့ တကယ်ပဲ စိတ်မကောင်းဘူး။ တမန်တော်ရဲ့ လက်ထဲမှာ အေးချမ်းစွာ အိပ်စက်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီး ပြောပြာသွားပါတယ်။

Credit :popolay

LEAVE A REPLY