Zawgyi ျဖင့္ဖတ္ရန္

သူကေတာ့ အိႏၵိယႏိုင္ငံ မြန္ဘိုင္းက အိႏၵိယလူမ်ိဳး စိန္သူေဌးႀကီး Savji Dholakia ပဲ ျဖစ္ပါတယ္။ သူ႔ကို စိန္သူေဌးဆိုတာထက္ ဝန္ထမ္းေတြအေပၚမွာ ေကာင္းလြန္းတဲ့အတြက္ ေစတနာအေကာင္းဆုံးသူေဌးႀကီး လို႔ ပိုၿပီးလူသိမ်ားတယ္။

Savji Dholakia ဟာ အိႏၵိယ ဂူဂ်ာရတ္ျပည္နယ္ Dudhala ႐ြာက လယ္သမားတစ္ေယာက္ရဲ႕သားျဖစ္ပါတယ္။ အသက္ ၁၃ႏွစ္မွာေက်ာင္းထြက္ခဲ့ၿပီးတဲ့ေနာက္ မိသားစုရဲ႕ လယ္အလုပ္ကိုလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ဆူရတ္ၿမိဳ႕က စိန္အေရာင္းအဝယ္လုပ္ေနတဲ့ ဦးေလးျဖစ္သူထံမွာ သြားေရာက္ အလုပ္လုပ္ခဲ့ပါတယ္။

 

စိန္အေၾကာင္းကို ကြၽမ္းကြၽမ္းက်င္က်င္နားလည္ခဲ့ၿပီး အသက္ ၂၂ႏွစ္အ႐ြယ္ ၁၉၈၄ခုႏွစ္မွာေတာ့ သူ႔ညီႏွစ္ေယာက္နဲ႔အတူ ကိုယ္ပိုင္စိန္အေရာင္းအဝယ္လုပ္ငန္းကို စတင္ခဲ့ပါတယ္။ ၁၀ႏွစ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ Hari Krishna Exports ဆိုတဲ့ စိန္ Export ကုမၸဏီကို တည္ေထာင္ခဲ့ပါတယ္။ ဒါေပမယ့္ ေရာင္းရတယ္ဆိုတာ မရွိသေလာက္ပါပဲ။

ဒါေပမယ့္ ဇြဲမေလွ်ာ့ပဲ ဆယ္စုႏွစ္ ၂ခုနီးပါးကို ျဖတ္ေက်ာ္အၿပီး ၂၀၁၄ခုႏွစ္မွာေတာ့ သူတို႔ကုမၸဏီဟာ အေမရိကန္ေဒၚလာ သန္း ၆၅၀ဖိုးအထိ စိန္ေတြတင္ပို႔ေရာင္းခ်ႏိုင္ခဲ့တဲ့ ကုမၸဏီျဖစ္လာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကမာၻ႔ထိပ္တန္း စိန္ Export ကုမၸဏီထဲဝင္ေရာက္ခဲ့ၿပီျဖစ္တဲ့ HK ကုမၸဏီဟာ ႏိုင္ငံေပါင္း ၅၀ေက်ာ္ကို စိန္ေတြတင္ပို႔ေရာင္းခ်လွ်က္ရွိၿပီး အေမရိကန္ ၊ ဘယ္လ္ဂ်ီယံ ၊ ယူေအအီး ၊ ေဟာင္ေကာင္ နဲ႔ တ႐ုတ္တို႔မွာ ကုမၸဏီခြဲေတြဖြင့္ထားႏိုင္ခဲ့ပါတယ္။ ကုမၸဏီခြဲေပါင္း ၄၈၀ေက်ာ္ရွိၿပီး ဝန္ထမ္းေပါင္း ၆၀၀၀ေက်ာ္ကို ခန႔္ထားလွ်က္ရွိပါတယ္။

 

 

အခုလို သူ႔ရဲ႕ကုမၸဏီ ဆက္တိုက္ေအာင္ျမင္လာရျခင္းဟာ သူ႔ရဲ႕ဝန္ထမ္းေတြရဲ႕ႀကိဳးစားမႈေၾကာင့္လို႔ သူေဌးႀကီးက ဆိုပါတယ္။ ဒါေၾကာင့္လည္း သူဟာ ဘယ္သူေဌးမွ ဝန္ထမ္းေတြကို မေပးဖူးတဲ့ အရာေတြကို ရက္ရက္ေရာေရာေပးခဲ့တာျဖစ္ပါတယ္။ သူဟာ သူ႔ရဲ႕ဝန္ထမ္းေတြအတြက္ စုစုေပါင္း အေမရိကန္ေဒၚလာ ၈သန္းေက်ာ္ တန္ဖိုးရွိတဲ့ အိမ္ ၊ ကား ၊ လက္ဝတ္ရတနာ ေတြကို ခ်ီးျမႇင့္ဂုဏ္ျပဳခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ ၂၀၁၄မွာ ကား အစီး ၄၉၁စီး ၊ စိန္လက္ဝတ္ရတနာ ၅၂၅ခု နဲ႔ အဆင့္ျမင့္တိုက္ခန္း ၂၀၀ ကို ေဘာနပ္အေနနဲ႔ ထပ္ေပးျပန္ပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ သူ႔ဆီမွာ အလုပ္လုပ္တဲ့ဝန္ထမ္းအားလုံး လူတန္းေစ့ေနႏိုင္ရမယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလမွာ ဝန္ထမ္း ၁၂၆၈ေယာက္အတြက္ လိုအပ္ေနေသးတဲ့ အဆင့္ျမင့္တိုက္ခန္း ၄၀၀ နဲ႔ ကားအစီးေပါင္း ၁၂၆၀ ကို ထပ္ေပးခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ့္ဝန္ထမ္းေတြဟာ ငါးႏွစ္အတြင္းမွာ တိုက္ခန္းတစ္ခန္းနဲ႔ ကားတစ္စီးေတာ့ ပိုင္ဆိုင္သင့္ပါတယ္။ ငါးႏွစ္ဆက္တိုက္ႀကိဳးႀကိဳးစားစား လုပ္ခဲ့တဲ့ဘယ္ဝန္ထမ္းမဆို အခုလိုမ်ိဳးေပးမယ္လို႔ စဥ္းစားၿပီး ဒါကို အေကာင္အထည္ေဖာ္လိုက္တာျဖစ္ပါတယ္။ ပိုၿပီးႀကိဳးစားတဲ့သူေတြအတြက္ ဒီထက္ပိုမ်ားတဲ့လက္ေဆာင္ေတြကို ထပ္ေပးေနဦးမွာပါ” လို႔ သူေဌးႀကီးက ဆိုပါတယ္။ ဒီလိုလုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္း ေစတနာအေကာင္းဆုံး သူေဌးႀကီးရယ္လု႔ိ သူ႔ကို ေခၚၾကျခင္းျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဝန်ထမ်းတွေအပေါ် အပေးအကမ်းရက်ရောလွန်းတဲ့ စိန်သူဌေးကြီး

သူကတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အိန္ဒိယလူမျိုး စိန်သူဌေးကြီး Savji Dholakia ပဲ ဖြစ်ပါတယ်။ သူ့ကို စိန်သူဌေးဆိုတာထက် ဝန်ထမ်းတွေအပေါ်မှာ ကောင်းလွန်းတဲ့အတွက် စေတနာအကောင်းဆုံးသူဌေးကြီး လို့ ပိုပြီးလူသိများတယ်။

Savji Dholakia ဟာ အိန္ဒိယ ဂူဂျာရတ်ပြည်နယ် Dudhala ရွာက လယ်သမားတစ်ယောက်ရဲ့သားဖြစ်ပါတယ်။ အသက် ၁၃နှစ်မှာကျောင်းထွက်ခဲ့ပြီးတဲ့နောက် မိသားစုရဲ့ လယ်အလုပ်ကိုလုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆူရတ်မြို့က စိန်အရောင်းအဝယ်လုပ်နေတဲ့ ဦးလေးဖြစ်သူထံမှာ သွားရောက် အလုပ်လုပ်ခဲ့ပါတယ်။

စိန်အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ခဲ့ပြီး အသက် ၂၂နှစ်အရွယ် ၁၉၈၄ခုနှစ်မှာတော့ သူ့ညီနှစ်ယောက်နဲ့အတူ ကိုယ်ပိုင်စိန်အရောင်းအဝယ်လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၁၀နှစ်ကြာပြီးတဲ့နောက်မှာတော့ Hari Krishna Exports ဆိုတဲ့ စိန် Export ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ရောင်းရတယ်ဆိုတာ မရှိသလောက်ပါပဲ။

ဒါပေမယ့် ဇွဲမလျှော့ပဲ ဆယ်စုနှစ် ၂ခုနီးပါးကို ဖြတ်ကျော်အပြီး ၂၀၁၄ခုနှစ်မှာတော့ သူတို့ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်း ၆၅၀ဖိုးအထိ စိန်တွေတင်ပို့ရောင်းချနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်း စိန် Export ကုမ္ပဏီထဲဝင်ရောက်ခဲ့ပြီဖြစ်တဲ့ HK ကုမ္ပဏီဟာ နိုင်ငံပေါင်း ၅၀ကျော်ကို စိန်တွေတင်ပို့ရောင်းချလျှက်ရှိပြီး အမေရိကန် ၊ ဘယ်လ်ဂျီယံ ၊ ယူအေအီး ၊ ဟောင်ကောင် နဲ့ တရုတ်တို့မှာ ကုမ္ပဏီခွဲတွေဖွင့်ထားနိုင်ခဲ့ပါတယ်။ ကုမ္ပဏီခွဲပေါင်း ၄၈၀ကျော်ရှိပြီး ဝန်ထမ်းပေါင်း ၆၀၀၀ကျော်ကို ခန့်ထားလျှက်ရှိပါတယ်။

အခုလို သူ့ရဲ့ကုမ္ပဏီ ဆက်တိုက်အောင်မြင်လာရခြင်းဟာ သူ့ရဲ့ဝန်ထမ်းတွေရဲ့ကြိုးစားမှုကြောင့်လို့ သူဌေးကြီးက ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ ဘယ်သူဌေးမှ ဝန်ထမ်းတွေကို မပေးဖူးတဲ့ အရာတွေကို ရက်ရက်ရောရောပေးခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ဝန်ထမ်းတွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈သန်းကျော် တန်ဖိုးရှိတဲ့ အိမ် ၊ ကား ၊ လက်ဝတ်ရတနာ တွေကို ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီနောက်တော့ ၂၀၁၄မှာ ကား အစီး ၄၉၁စီး ၊ စိန်လက်ဝတ်ရတနာ ၅၂၅ခု နဲ့ အဆင့်မြင့်တိုက်ခန်း ၂၀၀ ကို ဘောနပ်အနေနဲ့ ထပ်ပေးပြန်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့ဆီမှာ အလုပ်လုပ်တဲ့ဝန်ထမ်းအားလုံး လူတန်းစေ့နေနိုင်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ ဝန်ထမ်း ၁၂၆၈ယောက်အတွက် လိုအပ်နေသေးတဲ့ အဆင့်မြင့်တိုက်ခန်း ၄၀၀ နဲ့ ကားအစီးပေါင်း ၁၂၆၀ ကို ထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော့်ဝန်ထမ်းတွေဟာ ငါးနှစ်အတွင်းမှာ တိုက်ခန်းတစ်ခန်းနဲ့ ကားတစ်စီးတော့ ပိုင်ဆိုင်သင့်ပါတယ်။ ငါးနှစ်ဆက်တိုက်ကြိုးကြိုးစားစား လုပ်ခဲ့တဲ့ဘယ်ဝန်ထမ်းမဆို အခုလိုမျိုးပေးမယ်လို့ စဉ်းစားပြီး ဒါကို အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ ပိုပြီးကြိုးစားတဲ့သူတွေအတွက် ဒီထက်ပိုများတဲ့လက်ဆောင်တွေကို ထပ်ပေးနေဦးမှာပါ” လို့ သူဌေးကြီးက ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကြောင့်လည်း စေတနာအကောင်းဆုံး သူဌေးကြီးရယ်လု့ိ သူ့ကို ခေါ်ကြခြင်းဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY