Zawgyi ျဖင့္ဖတ္ရန္

မိုးလြန္ကာလအတြင္း ျမန္မာႏိုင္ငံ ေဒသအမ်ားအျပား တြင္ ေနရာကြက္ မိုးေကာင္းေန ကာ စစ္ကိုင္းတိုင္းေဒသႀကီး ဝက္ လက္ၿမိဳ႕၌ မိုးႀကိဳးထိမွန္၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးၿပီး သုံးဦး ဒဏ္ရာရခဲ့သည္။ ေအာက္တိုဘာလဆန္းက စတင္ေသာ မိုးလြန္ကာလတြင္ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းျဖစ္ျခင္းႏွင့္ ေလထုမၿငိမ္မသက္ ျဖစ္စဥ္ေၾကာင့္ ေနရာကြက္ မိုးေကာင္းျခင္း ျဖစ္သည္ဟု မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က ရွင္းျပ သည္။

လက္ရွိကာလဟာ မိုးရာသီမွ ေဆာင္းရာသီသို႔ ကူးေျပာင္းေနေသာ မိုးလြန္ကာလ ျဖစ္ပါတယ္။ အေနာက္ေတာင္ မုတ္သုံေလက ေတာင္ဘက္ကို ျပန္အဆုတ္၊ သူဆုတ္သြားတဲ့ ေနရာေတြကို ေဆာင္းဦး ေျမာက္ေလေအးေတြက တိုးဝင္ေနတဲ့ကာလလည္း ျဖစ္ပါတယ္။ ေျပးသူနဲ႔ လိုက္သူ ေျခရည္တူေနေလေတာ့ တစ္ခါတစ္ရံအေရာေရာ အေထြးေထြးေတြ ျဖစ္သြားတတ္ပါတယ္။

အဲဒီမွာ မတူညီတဲ့ ေလေအးနဲ႔ ေလေႏြး ေရာေထြးသြားတဲ့အခါ ေလထုဟာ မတည္ၿငိမ္မႈေတြ မ်ားလာၿပီး မိုးတိမ္ေတာင္ေတြ ျဖစ္လာေတာ့ တာပါပဲ။ အခုလည္း အေရွ႕ေတာင္အာရွ ႏိုင္ငံေတြအေပၚမွာ မိုးတိမ္ေတာင္ေတြ ေနရာအႏွံ႔အျပား ျဖစ္ေနပါတယ္’’ဟု လတ္တေလာ ရာသီဥတုအေျခအေနကို ေဒါက္တာထြန္းလြင္က အေသးစိတ္ ရွင္းျပသည္။

ျမန္မာႏိုင္ငံ ေဒသအႏွံ႔တြင္ယခုရက္ပိုင္းအတြင္း မိုးတိမ္ေတာင္မ်ားျဖစ္ေပၚေနၿပီး ျမစ္ဝကြၽန္းေပၚ ေဒသမ်ားျဖစ္သည့္ ဧရာဝတီ၊ ရန္ကုန္၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ကမ္း႐ိုးတန္းေဒသမ်ား၌ မိုးတိမ္ေတာင္အမ်ားဆုံး ျဖစ္ေနသည္ဟု ပညာရွင္က သတိေပးသည္။ ဝက္လက္ၿမိဳ႕တြင္ ေအာက္တိုဘာ ၅ ရက္က ႐ုတ္တရက္ ေလျပင္းက်၍ မိုးႀကိဳးပစ္ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံးၿပီး သုံးဦးဒဏ္ရာရခဲ့သည္ဟု ေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဦးစီးဌာန စစ္ကိုင္းတိုင္းေဒသႀကီး ဦးစီးမႉး ဦးစဝီလီဖရန႔္ကေျပာသည္။ ယေန႔ (ေအာက္တိုဘာ ၇ ရက္)အတြက္ ျဖစ္ႏိုင္ဖြယ္ ရာသီဥတုအေျခအေနကို မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ရာ ျမန္မာႏိုင္ငံ ေဒသအႏွံ႔တြင္ ေနရာကြက္ မိုး႐ြာႏိုင္ေၾကာင္း ပါရွိသည္။ ေအာက္တိုဘာ ၆ ရက္က ေဒသအႏွံ႔ ၿမိဳ႕နယ္ ၁၀ ခုတြင္ ပုံမွန္ထက္ မိုးေရခ်ိန္မ်ားခဲ့သည္ဟု သတင္းထုတ္ျပန္ထားသည္။ေဒါက္တာထြန္းလြင္ & မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဒေသအများစု မိုးရွာနိုင်ပြီး မိုးကြိုးနှင့် လေပြင်း သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

မိုးလွန်ကာလအတွင်း မြန်မာနိုင်ငံ ဒေသအများအပြား တွင် နေရာကွက် မိုးကောင်းနေ ကာ စစ်ကိုင်းတိုင်းဒေသကြီး ဝက် လက်မြို့၌ မိုးကြိုးထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။ အောက်တိုဘာလဆန်းက စတင်သော မိုးလွန်ကာလတွင်ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ခြင်းနှင့် လေထုမငြိမ်မသက် ဖြစ်စဉ်ကြောင့် နေရာကွက် မိုးကောင်းခြင်း ဖြစ်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရှင်းပြ သည်။

လက်ရှိကာလဟာ မိုးရာသီမှ ဆောင်းရာသီသို့ ကူးပြောင်းနေသော မိုးလွန်ကာလ ဖြစ်ပါတယ်။ အနောက်တောင် မုတ်သုံလေက တောင်ဘက်ကို ပြန်အဆုတ်၊ သူဆုတ်သွားတဲ့ နေရာတွေကို ဆောင်းဦး မြောက်လေအေးတွေက တိုးဝင်နေတဲ့ကာလလည်း ဖြစ်ပါတယ်။ ပြေးသူနဲ့ လိုက်သူ ခြေရည်တူနေလေတော့ တစ်ခါတစ်ရံအရောရော အထွေးထွေးတွေ ဖြစ်သွားတတ်ပါတယ်။

အဲဒီမှာ မတူညီတဲ့ လေအေးနဲ့ လေနွေး ရောထွေးသွားတဲ့အခါ လေထုဟာ မတည်ငြိမ်မှုတွေ များလာပြီး မိုးတိမ်တောင်တွေ ဖြစ်လာတော့ တာပါပဲ။ အခုလည်း အရှေ့တောင်အာရှ နိုင်ငံတွေအပေါ်မှာ မိုးတိမ်တောင်တွေ နေရာအနှံ့အပြား ဖြစ်နေပါတယ်’’ဟု လတ်တလော ရာသီဥတုအခြေအနေကို ဒေါက်တာထွန်းလွင်က အသေးစိတ် ရှင်းပြသည်။

မြန်မာနိုင်ငံ ဒေသအနှံ့တွင်ယခုရက်ပိုင်းအတွင်း မိုးတိမ်တောင်များဖြစ်ပေါ်နေပြီး မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကမ်းရိုးတန်းဒေသများ၌ မိုးတိမ်တောင်အများဆုံး ဖြစ်နေသည်ဟု ပညာရှင်က သတိပေးသည်။ ဝက်လက်မြို့တွင် အောက်တိုဘာ ၅ ရက်က ရုတ်တရက် လေပြင်းကျ၍ မိုးကြိုးပစ်ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးစဝီလီဖရန့်ကပြောသည်။ ယနေ့ (အောက်တိုဘာ ၇ ရက်)အတွက် ဖြစ်နိုင်ဖွယ် ရာသီဥတုအခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ရာ မြန်မာနိုင်ငံ ဒေသအနှံ့တွင် နေရာကွက် မိုးရွာနိုင်ကြောင်း ပါရှိသည်။ အောက်တိုဘာ ၆ ရက်က ဒေသအနှံ့ မြို့နယ် ၁၀ ခုတွင် ပုံမှန်ထက် မိုးရေချိန်များခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ဒေါက်တာထွန်းလွင် & မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန။

share from : burmese.asia

LEAVE A REPLY