Zawgyi ျဖင့္ဖတ္ရန္

 

ဆပ္ကပ္လွည့္လည္ျပသဖို႔ ဆင္ေတြကို ဆိုက္ေဘးရီးယားအႏွံ႔ ခရီးၾကမ္း မိုင္တစ္ေသာင္းေက်ာ္ အတင္းအဓမၼ ႏွင္ခိုင္းေနတာနဲ႔ ပတ္သက္ၿပီး တိရစာၦန္အေရး တက္ႂကြလႈပ္ရွားသူေတြက ေျပာဆိုလာၾကပါတယ္။

တိုဂနီဆပ္ကပ္႐ုံဟာ အီတလီမွာ သက္ရွိတိရစာၦန္ေတြနဲ႔ အႀကီးစားတင္ဆက္ျပသမႈေတြကို တားျမစ္ခဲ့တာေၾကာင့္ ၂၀၁၇ ခုႏွစ္က ႐ုရွဆီ ေ႐ႊ႕လာခဲ့တာပါ။
ဒီလို ေ႐ႊ႕ေျပာင္းလာရတဲ့အတြက္ ဆပ္ကပ္ပြဲက ဆင္ေတြ၊ က်ားေတြနဲ႔ အျခားတိရစာၦနမ္မ်ားစြာဟာ က်ဥ္းက်ဳပ္တဲ့ ထရပ္ကားေတြထဲ ပိတ္ထည့္ၿပီး ခရီးမိုင္ေပါင္းမ်ားစြာ သယ္ေဆာင္လာတာခံရတာပဲ ျဖစ္ပါတယ္။

အဲဒီအတြက္ ႐ုရွႏိုင္ငံတစ္လႊား ျဖတ္သန္းသြားလာခဲ့ရၿပီး ပင္ပန္းႀကီးစြာ ျဖတ္သန္းသြားလာရၿပီး ဆိုက္ေဘးရီးယားတစ္ခြင္ ခရီးၾကမ္းႏွင္ရတဲ့ ဆင္ေတြအတြက္ တရားမွ်တမႈ ေဖာ္ေဆာင္ေပးေရး ေတာင္းဆိုမႈေတြ ရွိလာခဲ့ရာမွာ လက္မွတ္ေပါင္း ၉၃၀၀၀ ထိုးၿပီး ေတာင္းဆိုၾကပါတယ္။

“အီတလီလို တစ္ခ်ိဳ႕ ဥေရာပႏိုင္ငံေတြမွာ တိရစာၦန္ေတြနဲ႔ ခရီးလွည့္လည္ဆပ္ကပ္ျပတာေတြကို တားျမစ္ထားပါတယ္။ ဒီအတြက္ ႐ုရွႏိုင္ငံဆီ ဒီ လူမဆန္တဲ့ ကိစၥႀကီး ေရာက္လာေတာ့တယ္။ ကမာၻမွာ ခရီးမိုင္အရွည္ဆုံး၊ အႀကီးမားဆုံး ခရီးသြားလာမႈက ႐ုရွႏိုင္ငံမွာ လာျဖစ္ေနတာျဖစ္တယ္။”လို႔ တက္ႂကြလႈပ္ရွားသူတစ္ဦးက ေျပာခဲ့ပါတယ္။

Writer_ ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

ဆပ်ကပ်လှည့်လည်ပြရာမှာ ဆင်တွေကို မိုင်ပေါင်း တစ်သောင်းကျော် ခရီးကြမ်းနှင်ခိုင်း

ဆပ်ကပ်လှည့်လည်ပြသဖို့ ဆင်တွေကို ဆိုက်ဘေးရီးယားအနှံ့ ခရီးကြမ်း မိုင်တစ်သောင်းကျော် အတင်းအဓမ္မ နှင်ခိုင်းနေတာနဲ့ ပတ်သက်ပြီး တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလာကြပါတယ်။

တိုဂနီဆပ်ကပ်ရုံဟာ အီတလီမှာ သက်ရှိတိရစ္ဆာန်တွေနဲ့ အကြီးစားတင်ဆက်ပြသမှုတွေကို တားမြစ်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်က ရုရှဆီ ရွှေ့လာခဲ့တာပါ။
ဒီလို ရွှေ့ပြောင်းလာရတဲ့အတွက် ဆပ်ကပ်ပွဲက ဆင်တွေ၊ ကျားတွေနဲ့ အခြားတိရစ္ဆာနမ်များစွာဟာ ကျဉ်းကျုပ်တဲ့ ထရပ်ကားတွေထဲ ပိတ်ထည့်ပြီး ခရီးမိုင်ပေါင်းများစွာ သယ်ဆောင်လာတာခံရတာပဲ ဖြစ်ပါတယ်။

အဲဒီအတွက် ရုရှနိုင်ငံတစ်လွှား ဖြတ်သန်းသွားလာခဲ့ရပြီး ပင်ပန်းကြီးစွာ ဖြတ်သန်းသွားလာရပြီး ဆိုက်ဘေးရီးယားတစ်ခွင် ခရီးကြမ်းနှင်ရတဲ့ ဆင်တွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေး တောင်းဆိုမှုတွေ ရှိလာခဲ့ရာမှာ လက်မှတ်ပေါင်း ၉၃၀၀၀ ထိုးပြီး တောင်းဆိုကြပါတယ်။

“အီတလီလို တစ်ချို့ ဥရောပနိုင်ငံတွေမှာ တိရစ္ဆာန်တွေနဲ့ ခရီးလှည့်လည်ဆပ်ကပ်ပြတာတွေကို တားမြစ်ထားပါတယ်။ ဒီအတွက် ရုရှနိုင်ငံဆီ ဒီ လူမဆန်တဲ့ ကိစ္စကြီး ရောက်လာတော့တယ်။ ကမ္ဘာမှာ ခရီးမိုင်အရှည်ဆုံး၊ အကြီးမားဆုံး ခရီးသွားလာမှုက ရုရှနိုင်ငံမှာ လာဖြစ်နေတာဖြစ်တယ်။”လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောခဲ့ပါတယ်။

Writer_ မောင်သံဆင့်(XYZ News)

LEAVE A REPLY