Zawgyi ျဖင့္ဖတ္ရန္

ဆိုရွယ္မီဒီယာေတြေပၚမွာ လူေတြက ဆင္ေတြနဲ႔ အနင္းအႏွိပ္ခံေနၾကတာကို ေတြ႕ဖူးမွာပါ။ တကယ္လို႔ စာဖတ္သူကိုယ္တိုင္က ထူးျခားတဲ့အေတြ႕အႀကဳံ စြန႔္စားခန္းမ်ိဳးေတြကိုမွ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆင္အနင္းခံတာဟာ စာဖတ္သူအတြက္ေတာ့ စိတ္ဝင္စားဖြယ္ရာ ျဖစ္ေကာင္းျဖစ္မွာပါ။ ဒါေပမယ့္ လူေတြကို နင္းတတ္၊ ႏွိပ္တတ္တဲ့ ဆင္ေလးေတြရဲ႕ေနာက္မွာ ဝမ္းနည္းဖို႔ေကာင္းတဲ့ အမွန္တရားေတြလည္း ရွိေနပါတယ္။

မ်ားေသာအားျဖင့္ေတာ့ ဒီလိုဆင္အနင္းအႏွိပ္ခံတဲ့ ဓာတ္ပုံမ်ိဳး ဗီဒီယိုမ်ိဳးေတြကို ထိုင္းႏိုင္ငံ ဖူးခက္မွာ ႐ိုက္ကူးထားတာ ေတြ႕ရမွာပါ။ တစ္ခါတစ္ေလလည္း ဆင္တစ္ေကာင္က ေအာက္မွာ ဝမ္းလ်ားေမွာက္ထားတဲ့ လူတစ္ေယာက္ေပၚကို ေျခေထာက္တစ္ေခ်ာင္းတင္ၿပီး နင္းေပးတာ၊ တစ္ခါတစ္ေလလည္း သူတို႔ရဲ႕ႏွာေမာင္းနဲ႔ လူကို အသာအယာဖြဖိၿပီး ႏွိပ္နယ္ေပးေနတာေတြလည္း ျမင္ဖူးၾကမွာပါ။ ဒီလိုဓာတ္ပုံ ဗီဒီယိုေလးေတြကို သာမန္အတိုင္းၾကည့္ရင္ေတာ့ ဆင္ေလးေတြဟာ အရမ္းလိမၼာတာပဲ ၊ ႏွိပ္တတ္နင္းတတ္လိုက္တာဆိုၿပီး ခ်ီးက်ဴးေလာက္စရာပါ။

ဒါေပမယ္ အခုလို လူကို နင္းတတ္ ႏွိပ္တတ္ဖို႔အတြက္ သူတို႔ေလးေတြဟာ အရမ္းကို ဆင္းရဲပင္ပန္းႀကီးစြာ ေလ့က်င့္သင္ၾကားခံခဲ့ရပါတယ္။ ဆင္ေလးေတြကို သူတို႔ငယ္ငယ္ေလးထဲက မိခင္ႀကီးနဲ႔ ခြဲထုတ္ၿပီး ထားပါတယ္။ ၿပီးတဲ့အခါ ဆင္ေပါက္ေလးေတြကို ဒဏ္ရာအနာတရရေအာင္ လုပ္တာပဲျဖစ္ျဖစ္၊ အခြၽန္တစ္ခုခုနဲ႔ ထိုးတာပဲ ျဖစ္ျဖစ္၊ ဒါမွမဟုတ္လည္း ေလွာင္အိမ္ထဲ ေသာ့ခတ္ထားၿပီးပဲ ျဖစ္ျဖစ္ ထိန္းသိမ္းၿပီး သူတို႔ကို အစာငတ္ေရငတ္ထားၾကပါတယ္။

ဆင္ေပါက္ေလးေတြဟာ သူတို႔ကို ေလ့က်င့္ေပးေနတဲ့ အခုလိုကာလအတြင္းမွာ အစာငတ္မြတ္တာ၊ ေရငတ္တာ၊ အိပ္ေရးပ်က္တာစတဲ့ ဆိုးက်ိဳးမ်ိဳးစုံကို ခံစားၾကရပါတယ္။ တကယ္လို႔မ်ား ေလ့က်င့္ေရး အရမ္းျပင္းထန္လြန္းခဲ့ရင္ တခ်ိဳ႕ဆင္ေလးေတြဟာ မခံႏိုင္ေတာ့ပဲ ေသကုန္တာမ်ိဳးလည္း ရွိပါတယ္။

ဆင္ထိန္းေတြဟာ ဒီလိုရက္စက္တဲ့နည္းလမ္းေတြနဲ႔ ဆင္ေတြကို ပုံစံေပးကာ ဆင္ေတြရဲ႕မာန္စိတ္ကို ခ်ိဳးခ်တာ ျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွ လူေတြကို ဘယ္လိုနင္းႏွိပ္ရတာ၊ ကမာၻလွည့္ခရီးသည္ေတြကို ေဆာင္ယူၿပီး လိုက္ပို႔ရတာ စတဲ့အခ်က္ေတြကို ဆင္ေလးေတြကို သင္ေပးတာပါ။ ဒါေၾကာင့္ ဂ႐ုဏာသက္ဖြယ္ေကာင္းတဲ့ သူတို႔ရဲ႕ ဘဝေလးေတြကို ညႇာတာတဲ့အေနနဲ႔ သူတို႔ေလးေတြကို လူေတြရဲ႕စိတ္အပန္းေျဖရာသက္သက္အျဖစ္ အသုံးမခ်သင့္ပါဘူး။ အခုဆိုရင္ေတာ့ စာဖတ္သူေတြဟာ အႏွိပ္သည္ဆင္ကေလးေတြရဲ႕ သနားဖြယ္ေကာင္းတဲ့ ဘဝအေၾကာင္းေတြကို elitereaders ကေနတဆင့္ဖတ္ရႈလိုက္ရတာပဲ ျဖစ္ပါေတာ့တယ္။

Via. လင္းလင္း (Shwemom.com)

Unicode ဖြင့်ဖတ်ရန်

နင်းနှိပ်ပေးတတ်တဲ့ အနှိပ်သည်ဆင်လေးတွေနောက်ကွယ်က ခါးသီးဖွယ်အမှန်တရား

ဆိုရှယ်မီဒီယာတွေပေါ်မှာ လူတွေက ဆင်တွေနဲ့ အနင်းအနှိပ်ခံနေကြတာကို တွေ့ဖူးမှာပါ။ တကယ်လို့ စာဖတ်သူကိုယ်တိုင်က ထူးခြားတဲ့အတွေ့အကြုံ စွန့်စားခန်းမျိုးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဆင်အနင်းခံတာဟာ စာဖတ်သူအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် လူတွေကို နင်းတတ်၊ နှိပ်တတ်တဲ့ ဆင်လေးတွေရဲ့နောက်မှာ ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားတွေလည်း ရှိနေပါတယ်။

များသောအားဖြင့်တော့ ဒီလိုဆင်အနင်းအနှိပ်ခံတဲ့ ဓာတ်ပုံမျိုး ဗီဒီယိုမျိုးတွေကို ထိုင်းနိုင်ငံ ဖူးခက်မှာ ရိုက်ကူးထားတာ တွေ့ရမှာပါ။ တစ်ခါတစ်လေလည်း ဆင်တစ်ကောင်က အောက်မှာ ဝမ်းလျားမှောက်ထားတဲ့ လူတစ်ယောက်ပေါ်ကို ခြေထောက်တစ်ချောင်းတင်ပြီး နင်းပေးတာ၊ တစ်ခါတစ်လေလည်း သူတို့ရဲ့နှာမောင်းနဲ့ လူကို အသာအယာဖွဖိပြီး နှိပ်နယ်ပေးနေတာတွေလည်း မြင်ဖူးကြမှာပါ။ ဒီလိုဓာတ်ပုံ ဗီဒီယိုလေးတွေကို သာမန်အတိုင်းကြည့်ရင်တော့ ဆင်လေးတွေဟာ အရမ်းလိမ္မာတာပဲ ၊ နှိပ်တတ်နင်းတတ်လိုက်တာဆိုပြီး ချီးကျူးလောက်စရာပါ။

ဒါပေမယ် အခုလို လူကို နင်းတတ် နှိပ်တတ်ဖို့အတွက် သူတို့လေးတွေဟာ အရမ်းကို ဆင်းရဲပင်ပန်းကြီးစွာ လေ့ကျင့်သင်ကြားခံခဲ့ရပါတယ်။ ဆင်လေးတွေကို သူတို့ငယ်ငယ်လေးထဲက မိခင်ကြီးနဲ့ ခွဲထုတ်ပြီး ထားပါတယ်။ ပြီးတဲ့အခါ ဆင်ပေါက်လေးတွေကို ဒဏ်ရာအနာတရရအောင် လုပ်တာပဲဖြစ်ဖြစ်၊ အချွန်တစ်ခုခုနဲ့ ထိုးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း လှောင်အိမ်ထဲ သော့ခတ်ထားပြီးပဲ ဖြစ်ဖြစ် ထိန်းသိမ်းပြီး သူတို့ကို အစာငတ်ရေငတ်ထားကြပါတယ်။

ဆင်ပေါက်လေးတွေဟာ သူတို့ကို လေ့ကျင့်ပေးနေတဲ့ အခုလိုကာလအတွင်းမှာ အစာငတ်မွတ်တာ၊ ရေငတ်တာ၊ အိပ်ရေးပျက်တာစတဲ့ ဆိုးကျိုးမျိုးစုံကို ခံစားကြရပါတယ်။ တကယ်လို့များ လေ့ကျင့်ရေး အရမ်းပြင်းထန်လွန်းခဲ့ရင် တချို့ဆင်လေးတွေဟာ မခံနိုင်တော့ပဲ သေကုန်တာမျိုးလည်း ရှိပါတယ်။

ဆင်ထိန်းတွေဟာ ဒီလိုရက်စက်တဲ့နည်းလမ်းတွေနဲ့ ဆင်တွေကို ပုံစံပေးကာ ဆင်တွေရဲ့မာန်စိတ်ကို ချိုးချတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ လူတွေကို ဘယ်လိုနင်းနှိပ်ရတာ၊ ကမ္ဘာလှည့်ခရီးသည်တွေကို ဆောင်ယူပြီး လိုက်ပို့ရတာ စတဲ့အချက်တွေကို ဆင်လေးတွေကို သင်ပေးတာပါ။ ဒါကြောင့် ဂရုဏာသက်ဖွယ်ကောင်းတဲ့ သူတို့ရဲ့ ဘဝလေးတွေကို ညှာတာတဲ့အနေနဲ့ သူတို့လေးတွေကို လူတွေရဲ့စိတ်အပန်းဖြေရာသက်သက်အဖြစ် အသုံးမချသင့်ပါဘူး။ အခုဆိုရင်တော့ စာဖတ်သူတွေဟာ အနှိပ်သည်ဆင်ကလေးတွေရဲ့ သနားဖွယ်ကောင်းတဲ့ ဘဝအကြောင်းတွေကို elitereaders ကနေတဆင့်ဖတ်ရှုလိုက်ရတာပဲ ဖြစ်ပါတော့တယ်။

Via. လင်းလင်း (Shwemom.com)

LEAVE A REPLY