Zawgyi ျဖင့္ဖတ္ရန္

ခ်င္းတိုင္းရင္းသူေလး Esther ကေတာ့ Myanmar Idol(Season-4) သီခ်င္းဆို ၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး သူမရဲ႕ ရည္႐ြယ္ခ်က္ေတြကို ေျပာျပလာပါတယ္။ ပရိသတ္အားေပးမႈနဲ႔ ပိုႀကိဳးစားမယ္လို႔ ဆိုပါတယ္။ Myanmar Idol(Season-4) ရဲ႕ Top-11 မွာပါဝင္ေနသူကေတာ့ Esther ပဲျဖစ္ပါတယ္။ သူမဟာ Myanmar Idol ၿပိဳင္ပြဲစၿပိဳင္တုန္းက တျခားအဆိုၿပိဳင္ပြဲဝင္ေတြလို အားေပးမယ့္ မိဘေတြ မပါတဲ့အခါမွာ အရမ္းကို အားငယ္ခဲ့ရတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’စၿပီးေတာ့ ေ႐ြးခ်ယ္ပြဲတုန္းကဆိုရင္ တကယ္ရင္ခုန္ခဲ့တယ္။ လာတဲ့ သူေတြမွာလည္း သူငယ္ခ်င္းေတြပါတဲ့သူေတြရွိတယ္။ မိဘ ေတြပါတဲ့သူေတြရွိတယ္။ ကိုယ္ကက်ေတာ့ ေမာင္ေလးတစ္ေယာက္တည္းပါေတာ့ နည္းနည္းအားငယ္တယ္။ အဲဒီအခ်ိန္မွာ မိဘကို အရမ္းသတိရတယ္။ အဲဒီမွာ ဆရာေအာင္ကိုလတ္က စိတ္မေကာင္းပါဘူးေျပာေတာ့ ငိုခ်လိုက္တာေပါ့ေနာ္။ အငိုမင္းသမီးလို႔ ေျပာရင္မႀကိဳက္ဘူး။ အၿပဳံးမင္းသမီးလို႔ေျပာရင္ေတာ့ ပိုႀကိဳက္တယ္’’လို႔ ဆိုပါတယ္။

Myanmar idol (Season-4) မွာေတာ့ Winner ကို ေပးအပ္မယ့္ ဆုေတြက ပိုတိုးလာတာကို ေတြ႕ရပါတယ္။ ဆုေၾကးေငြအျပင္ အိပ္ခန္း ၂ ခန္းပါ တိုက္ခန္းတစ္ခန္းကိုပါ ရရွိမွာျဖစ္တယ္လို႔သိရပါတယ္။ ဒီလို ဆုေတြ ထပ္တိုးလိုက္တဲ့အေပၚ Esther ရဲ႕ ခံစားခ်က္ကို ဖြင့္ေျပာျပလာပါတယ္။

‘’ ဆု အေနနဲ႔ အိမ္လည္းပါတယ္ဆိုေတာ့ လိုခ်င္တာေပါ့။ ညီမတို႔ဆိုရင္ ရန္ကုန္မွာ အိမ္မရွိဘူးေလ။ ေက်ာင္းတက္တဲ့ အခါမွာ အေဆာင္ပဲ ငွားေနရတာဆိုေတာ့ အိမ္ေတာ့ လိုခ်င္တာေပါ့။ ဒါေပမယ့္ Winner က က်ေတာ့ ဘုရားလက္ထဲမွာရွိတယ္။ ဒီေမာင္ႏွမ ၁၁ ေယာက္စလုံးကလည္း အကုန္လုံး ေတာ္ၾကတယ္ဆိုေတာ့ ထိုက္တန္တဲ့ လူတစ္ေယာက္ကေတာ့ ရသြားမွာပါ’’ လို႔ သူက ဆိုပါတယ္။

Esther ဟာ သီခ်င္းဆိုၿပိဳင္ပြဲ ဝင္တစ္ေယာက္ျဖစ္ေပမယ့္ Winner တစ္ေယာက္ျဖစ္ဖို႔ ပရိသတ္အားေပးမႈနဲ႔ ႀကိဳးစားသြားမယ္ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔က Myanmar idol (Season-4) စာနယ္ဇင္း မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

‘’ Winner တစ္ေယာက္ျဖစ္ဖို႔ဆိုတာထက္ အခုလို မီဒီယာေတြနဲ႔ ေတြ႕ဆုံရတာ ညီမ အရမ္းေက်နပ္ေနပါၿပီ။ အရမ္းလည္း ေက်းဇူးတင္တယ္။ မႀကိဳးစားဘူးလို႔ေျပာတာလည္း မဟုတ္ဘူး။ ႀကိဳးစားမယ္၊ မီဒီယာေတြကေနတဆင့္ Public ေတြနဲ႔ ထိေတြ႕ရတာျဖစ္တဲ့အတြက္ အေကာင္းဆုံး ႀကိဳးစားသြားမယ္။ ပရိသတ္ အားေပးမႈကလည္း ကိုယ့္စိတ္ထဲမွာ ဒီ့ထက္ပို ႀကိဳးစားရမယ္ ဆိုတဲ့ စိတ္ေလးေတာ့ ျဖစ္မိပါတယ္’’ လို႔ သူကဆိုပါတယ္။

Esther ရဲ႕ Myanmar Idol (Season-4) Voting No. 77708 ျဖစ္ပါတယ္။ သူမ ဟာ ခ်င္းလူမ်ိဳးတစ္ေယာက္ျဖစ္ပါတယ္။ သူမ ဝါသနာပါတဲ့ သီခ်င္းေတြကိုေတာ့ Myanmar idol ၿပိဳင္ပြဲ မဝင္ခင္ကတည္းက သီဆိုေနတာ ေတြ႕ရပါတယ္။ Myanmar idol (Season-4) သီခ်င္းဆို ၿပိဳင္ပြဲမွာေတာ့ Esther နဲ႔ အတူ ေအးျမျဖဴ ၊ဘင္ဂ်မင္၊ ေယာ္ကီး၊ ျခဴးစစ္ဟန္၊ ေစာခရစ္မူးလာ၊ ေနာ္ေစးေစးထူး၊ ႏွင္းအိအိဝင္း၊ ထက္အၪၥလီ၊ တန္ခြန္ေက်ာ္နဲ႔ ေစနလင္းေက်ာ္ တို႔ကလည္း ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

share form : burmese.asia

Unicode ဖြင့်ဖတ်ရန်

Winner ဆုကို ထိုက်တန်တဲ့လူတစ်ယောက်တော့ရမှာပါဆိုတဲ့ Esther

ချင်းတိုင်းရင်းသူလေး Esther ကတော့ Myanmar Idol(Season-4) သီချင်းဆို ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူမရဲ့ ရည်ရွယ်ချက်တွေကို ပြောပြလာပါတယ်။ ပရိသတ်အားပေးမှုနဲ့ ပိုကြိုးစားမယ်လို့ ဆိုပါတယ်။ Myanmar Idol(Season-4) ရဲ့ Top-11 မှာပါဝင်နေသူကတော့ Esther ပဲဖြစ်ပါတယ်။ သူမဟာ Myanmar Idol ပြိုင်ပွဲစပြိုင်တုန်းက တခြားအဆိုပြိုင်ပွဲဝင်တွေလို အားပေးမယ့် မိဘတွေ မပါတဲ့အခါမှာ အရမ်းကို အားငယ်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’စပြီးတော့ ရွေးချယ်ပွဲတုန်းကဆိုရင် တကယ်ရင်ခုန်ခဲ့တယ်။ လာတဲ့ သူတွေမှာလည်း သူငယ်ချင်းတွေပါတဲ့သူတွေရှိတယ်။ မိဘ တွေပါတဲ့သူတွေရှိတယ်။ ကိုယ်ကကျတော့ မောင်လေးတစ်ယောက်တည်းပါတော့ နည်းနည်းအားငယ်တယ်။ အဲဒီအချိန်မှာ မိဘကို အရမ်းသတိရတယ်။ အဲဒီမှာ ဆရာအောင်ကိုလတ်က စိတ်မကောင်းပါဘူးပြောတော့ ငိုချလိုက်တာပေါ့နော်။ အငိုမင်းသမီးလို့ ပြောရင်မကြိုက်ဘူး။ အပြုံးမင်းသမီးလို့ပြောရင်တော့ ပိုကြိုက်တယ်’’လို့ ဆိုပါတယ်။

Myanmar idol (Season-4) မှာတော့ Winner ကို ပေးအပ်မယ့် ဆုတွေက ပိုတိုးလာတာကို တွေ့ရပါတယ်။ ဆုကြေးငွေအပြင် အိပ်ခန်း ၂ ခန်းပါ တိုက်ခန်းတစ်ခန်းကိုပါ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ ဒီလို ဆုတွေ ထပ်တိုးလိုက်တဲ့အပေါ် Esther ရဲ့ ခံစားချက်ကို ဖွင့်ပြောပြလာပါတယ်။

‘’ ဆု အနေနဲ့ အိမ်လည်းပါတယ်ဆိုတော့ လိုချင်တာပေါ့။ ညီမတို့ဆိုရင် ရန်ကုန်မှာ အိမ်မရှိဘူးလေ။ ကျောင်းတက်တဲ့ အခါမှာ အဆောင်ပဲ ငှားနေရတာဆိုတော့ အိမ်တော့ လိုချင်တာပေါ့။ ဒါပေမယ့် Winner က ကျတော့ ဘုရားလက်ထဲမှာရှိတယ်။ ဒီမောင်နှမ ၁၁ ယောက်စလုံးကလည်း အကုန်လုံး တော်ကြတယ်ဆိုတော့ ထိုက်တန်တဲ့ လူတစ်ယောက်ကတော့ ရသွားမှာပါ’’ လို့ သူက ဆိုပါတယ်။

Esther ဟာ သီချင်းဆိုပြိုင်ပွဲ ဝင်တစ်ယောက်ဖြစ်ပေမယ့် Winner တစ်ယောက်ဖြစ်ဖို့ ပရိသတ်အားပေးမှုနဲ့ ကြိုးစားသွားမယ် ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar idol (Season-4) စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’ Winner တစ်ယောက်ဖြစ်ဖို့ဆိုတာထက် အခုလို မီဒီယာတွေနဲ့ တွေ့ဆုံရတာ ညီမ အရမ်းကျေနပ်နေပါပြီ။ အရမ်းလည်း ကျေးဇူးတင်တယ်။ မကြိုးစားဘူးလို့ပြောတာလည်း မဟုတ်ဘူး။ ကြိုးစားမယ်၊ မီဒီယာတွေကနေတဆင့် Public တွေနဲ့ ထိတွေ့ရတာဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမယ်။ ပရိသတ် အားပေးမှုကလည်း ကိုယ့်စိတ်ထဲမှာ ဒီ့ထက်ပို ကြိုးစားရမယ် ဆိုတဲ့ စိတ်လေးတော့ ဖြစ်မိပါတယ်’’ လို့ သူကဆိုပါတယ်။

Esther ရဲ့ Myanmar Idol (Season-4) Voting No. 77708 ဖြစ်ပါတယ်။ သူမ ဟာ ချင်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူမ ဝါသနာပါတဲ့ သီချင်းတွေကိုတော့ Myanmar idol ပြိုင်ပွဲ မဝင်ခင်ကတည်းက သီဆိုနေတာ တွေ့ရပါတယ်။ Myanmar idol (Season-4) သီချင်းဆို ပြိုင်ပွဲမှာတော့ Esther နဲ့ အတူ အေးမြဖြူ ၊ဘင်ဂျမင်၊ ယော်ကီး၊ ခြူးစစ်ဟန်၊ စောခရစ်မူးလာ၊ နော်စေးစေးထူး၊ နှင်းအိအိဝင်း၊ ထက်အဉ္စလီ၊ တန်ခွန်ကျော်နဲ့ စေနလင်းကျော် တို့ကလည်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

share form : burmese.asia

LEAVE A REPLY