Zawgyi ျဖင့္ဖတ္ရန္

အစတုန္းကေတာ့ အေပ်ာ္ပဲေလ ဆုိၿပီး တြဲလုိက္တာပဲ။ တြဲေနရင္းနဲ႔မွ ေကာင္ေလးက ကုိယ့္ကုိ ဂရုစုိက္မွန္းလည္းသိ၊ အႏြံအတာခံမွန္းလည္းသိ၊ ကုိယ့္ကုိအရမ္းခ်စ္မွန္းလည္း သိလာရာကေန ေျပာင္းလဲလာတဲ့ေကာင္မေလးေတြ အမ်ားႀကီးရွိၾကမွာပါ။တကယ္ခ်စ္မိသြားၾကတဲ့ ေကာင္မေလးေတြေပါ့။သူတုိ႔ေတြ တကယ္ခ်စ္မိၿပီဆုိရင္ ဘာေတြေျပာင္းလဲသြားတတ္ၾကသလဲ။ ဒီအခ်က္ေတြကုိ ဖတ္ၾကည့္လုိ႔ရပါတယ္။

(၁)။ ဘာမဆုိအေလးအနက္ႀကီးေတြျဖစ္ၾကလာတယ္

ရည္းစားအျဖစ္ စတြဲတုန္းက ဘာပဲျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါးေလးေတြ သေဘာထားတတ္ေပမယ့္ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် အေလးအနက္ႀကီးေတြ ျဖစ္လာမယ္ဆုိရင္ ဒါက သူတုိ႔ တကယ္ခ်စ္မိသြားၾကၿပီဆုိတာ ျပေနတာပါပဲ။ စကားလုံးေလး တစ္လုံးက အစ ခံစားေနမိမယ္၊ မထင္မွတ္တဲ့အျပဳအမူေလးတစ္ခုကုိ စိတ္မေကာင္းျဖစ္ေနမယ္ စသျဖင့္ အရာရာကုိ အေလးအနက္ႀကီးေတြ ျမင္ေနၿပီဆုိရင္ သူတုိ႔စိတ္ထဲမွာ အခ်စ္နဲ႔ပတ္သက္ၿပီး ခံယူခ်က္ေတြ၊ ခံစားခ်က္ေတြ ေျပာင္းလဲလာၿပီလုိ႔ ဆုိရမွာပါ။

(၂)။ ကုိယ့္ကုိယ္ကုိယ္ပုိလွဖုိ႔ အၿမဲျပင္တတ္လာတယ္

အရင္တုန္းကေတာ့ ကုိယ္နဲ႔ေတြ႕ဖုိ႔လာရင္ အ၀တ္အစားက ဘုိသီဘတ္သီနဲ႔၊ မိတ္ကပ္ဆုိလည္း လိမ္းရမွန္းမသိ၊ ႏႈတ္ခမ္းနီဆုိလည္း ဆုိးၾကည့္ပါလား ဆုိရင္ေတာင္ မဆုိးခ်င္တဲ့ ေကာင္မေလးဟာ ကုိယ့္ကုိယ္ကုိယ္လွဖုိ႔ နည္းမ်ိဳးစုံနဲ႔ ျပင္လာၿပီဆုိရင္ သူ႕စိတ္ထဲမွာ သင့္ကုိ အေလးအနက္ျဖစ္လာေနၿပီဆုိတာ ေဖာ္ျပေနတာပါ။ သူတုိ႔စိတ္ထဲမွာ သူတုိ႔ခ်စ္တဲ့သူအတြက္ အလွျပင္ရမယ္လုိ႔ ေတြးလာၾကမယ္၊ သူတုိ႔လွေနမွ သူတုိ႔ခ်စ္တဲ့သူလည္း စိတ္ခ်မ္းသာမယ္လုိ႔ ထင္လာၾကမယ္။ ဒီလုိနဲ႔ ကုိယ့္ကုိယ္ကုိယ္ပုိလွဖုိ႔ ျပင္လာၾကတာပါပဲ။

(၃)။ အနာဂတ္အတြက္ ေတြးတတ္လာတယ္

အရင္ကဆုိ ေနာက္တစ္ပတ္ ဘာလုပ္မလဲ၊ ဘယ္သြားမလဲဆုိတာေတာင္ အစီအစဥ္မရွိတဲ့သူက အနာဂတ္မွာ သင္နဲ႔အတူ လုပ္မယ့္ အစီအစဥ္ေတြအေၾကာင္းကုိ ေတြးတတ္လာတယ္။ သင္နဲ႔ ဘယ္မွာေနၾကမယ္၊ ဘာေတြလုပ္ရမယ္ စသျဖင့္ ႏွစ္ေယာက္အတူ ဖန္တီးလုိ႔ရမယ့္ အနာဂတ္ ကမာၻေလးကုိ ပုံေဖာ္တတ္လာမယ္။ အဲဒါေတြက သူ႕စိတ္ထဲမွာ သင့္ကုိ အရမ္းခ်စ္မိလုိ႔ ေျပာင္းလဲလာတာေတြျဖစ္ၿပီး သင္ဟာ သူ႕အတြက္ အေရးပါတဲ့သူဆုိတာ အသိေပးေနတာပါ။

(၄)။ ခံစားလြယ္လာတယ္

ေကာင္ေလးေတြက သူတုိ႔ရဲ႕ခ်စ္သူေတြ ခံစားလြယ္လာတဲ့အခါ စိတ္ရႈပ္တတ္ၾကတယ္။ ဘာမဟုတ္တာေလးနဲ႔ စိတ္ဆုိးၾကတယ္၊ စိတ္ေကာက္ၾကတယ္လုိ႔ ထင္တတ္ၾကတယ္။ တကယ္ေတာ့ မိန္းကေလးေတြ ခံစားလြယ္လာတယ္ဆုိတာ ကုိယ့္အေပၚ အေလးအနက္ ျဖစ္လာတာေၾကာင့္ပါ။ သူတုိ႔က ကုိယ္နဲ႔ပတ္သက္တာေတြအကုန္လုံးကုိ အဆင္ေျပေျပျဖစ္ေစခ်င္တယ္၊ သူတုိ႔ကုိပဲ ဂရုစုိက္ေစခ်င္တယ္၊ သူတုိ႔ကုိပဲ ခ်စ္ေစခ်င္တယ္။ ဖုန္းေျပာတဲ့အခါ တျခားမိန္းကေလးတစ္ေယာက္အေၾကာင္း ထည့္ေျပာမိတာတုိ႔၊ အတူရွိေနရင္းနဲ႔ ျဖတ္သြားတဲ့ေကာင္မေလးတစ္ေယာက္ကုိ ေငးမိတာတုိ႔ စတာေတြ လုပ္မိရင္ေတာင္ သင့္ကုိ အၾကီးအက်ယ္ ျပႆနာရွာၾကမွာျဖစ္ၿပီး သင္နဲ႔ပတ္သက္လုိ႔ အရမ္းပဲ ခံစားလြယ္လာၾကမွာပါ။ အဲဒါက သင့္ကုိ အရမ္းခ်စ္ေနလုိ႔ပါတဲ့…။

CRD-SHWEMOM

Unicode ဖြင့်ဖတ်ရန်

ကောင်မလေးတွေ တကယ်ချစ်မိသွားကြပြီဆိုရင် ဒီလိုတွေပြောင်းလဲသွားတတ်ကြတယ်

အစတုန်းကတော့ အပျော်ပဲလေ ဆိုပြီး တွဲလိုက်တာပဲ။ တွဲနေရင်းနဲ့မှ ကောင်လေးက ကိုယ့်ကို ဂရုစိုက်မှန်းလည်းသိ၊ အနွံအတာခံမှန်းလည်းသိ၊ ကိုယ့်ကိုအရမ်းချစ်မှန်းလည်း သိလာရာကနေ ပြောင်းလဲလာတဲ့ကောင်မလေးတွေ အများကြီးရှိကြမှာပါ။တကယ်ချစ်မိသွားကြတဲ့ ကောင်မလေးတွေပေါ့။သူတို့တွေ တကယ်ချစ်မိပြီဆိုရင် ဘာတွေပြောင်းလဲသွားတတ်ကြသလဲ။ ဒီအချက်တွေကို ဖတ်ကြည့်လို့ရပါတယ်။

(၁)။ ဘာမဆိုအလေးအနက်ကြီးတွေဖြစ်ကြလာတယ်

ရည်းစားအဖြစ် စတွဲတုန်းက ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးတွေ သဘောထားတတ်ပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ အလေးအနက်ကြီးတွေ ဖြစ်လာမယ်ဆိုရင် ဒါက သူတို့ တကယ်ချစ်မိသွားကြပြီဆိုတာ ပြနေတာပါပဲ။ စကားလုံးလေး တစ်လုံးက အစ ခံစားနေမိမယ်၊ မထင်မှတ်တဲ့အပြုအမူလေးတစ်ခုကို စိတ်မကောင်းဖြစ်နေမယ် စသဖြင့် အရာရာကို အလေးအနက်ကြီးတွေ မြင်နေပြီဆိုရင် သူတို့စိတ်ထဲမှာ အချစ်နဲ့ပတ်သက်ပြီး ခံယူချက်တွေ၊ ခံစားချက်တွေ ပြောင်းလဲလာပြီလို့ ဆိုရမှာပါ။

(၂)။ ကိုယ့်ကိုယ်ကိုယ်ပိုလှဖို့ အမြဲပြင်တတ်လာတယ်

အရင်တုန်းကတော့ ကိုယ်နဲ့တွေ့ဖို့လာရင် အဝတ်အစားက ဘိုသီဘတ်သီနဲ့၊ မိတ်ကပ်ဆိုလည်း လိမ်းရမှန်းမသိ၊ နှုတ်ခမ်းနီဆိုလည်း ဆိုးကြည့်ပါလား ဆိုရင်တောင် မဆိုးချင်တဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ်လှဖို့ နည်းမျိုးစုံနဲ့ ပြင်လာပြီဆိုရင် သူ့စိတ်ထဲမှာ သင့်ကို အလေးအနက်ဖြစ်လာနေပြီဆိုတာ ဖော်ပြနေတာပါ။ သူတို့စိတ်ထဲမှာ သူတို့ချစ်တဲ့သူအတွက် အလှပြင်ရမယ်လို့ တွေးလာကြမယ်၊ သူတို့လှနေမှ သူတို့ချစ်တဲ့သူလည်း စိတ်ချမ်းသာမယ်လို့ ထင်လာကြမယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ်ပိုလှဖို့ ပြင်လာကြတာပါပဲ။

(၃)။ အနာဂတ်အတွက် တွေးတတ်လာတယ်

အရင်ကဆို နောက်တစ်ပတ် ဘာလုပ်မလဲ၊ ဘယ်သွားမလဲဆိုတာတောင် အစီအစဉ်မရှိတဲ့သူက အနာဂတ်မှာ သင်နဲ့အတူ လုပ်မယ့် အစီအစဉ်တွေအကြောင်းကို တွေးတတ်လာတယ်။ သင်နဲ့ ဘယ်မှာနေကြမယ်၊ ဘာတွေလုပ်ရမယ် စသဖြင့် နှစ်ယောက်အတူ ဖန်တီးလို့ရမယ့် အနာဂတ် ကမ္ဘာလေးကို ပုံဖော်တတ်လာမယ်။ အဲဒါတွေက သူ့စိတ်ထဲမှာ သင့်ကို အရမ်းချစ်မိလို့ ပြောင်းလဲလာတာတွေဖြစ်ပြီး သင်ဟာ သူ့အတွက် အရေးပါတဲ့သူဆိုတာ အသိပေးနေတာပါ။

(၄)။ ခံစားလွယ်လာတယ်

ကောင်လေးတွေက သူတို့ရဲ့ချစ်သူတွေ ခံစားလွယ်လာတဲ့အခါ စိတ်ရှုပ်တတ်ကြတယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်ဆိုးကြတယ်၊ စိတ်ကောက်ကြတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ မိန်းကလေးတွေ ခံစားလွယ်လာတယ်ဆိုတာ ကိုယ့်အပေါ် အလေးအနက် ဖြစ်လာတာကြောင့်ပါ။ သူတို့က ကိုယ်နဲ့ပတ်သက်တာတွေအကုန်လုံးကို အဆင်ပြေပြေဖြစ်စေချင်တယ်၊ သူတို့ကိုပဲ ဂရုစိုက်စေချင်တယ်၊ သူတို့ကိုပဲ ချစ်စေချင်တယ်။ ဖုန်းပြောတဲ့အခါ တခြားမိန်းကလေးတစ်ယောက်အကြောင်း ထည့်ပြောမိတာတို့၊ အတူရှိနေရင်းနဲ့ ဖြတ်သွားတဲ့ကောင်မလေးတစ်ယောက်ကို ငေးမိတာတို့ စတာတွေ လုပ်မိရင်တောင် သင့်ကို အကြီးအကျယ် ပြဿနာရှာကြမှာဖြစ်ပြီး သင်နဲ့ပတ်သက်လို့ အရမ်းပဲ ခံစားလွယ်လာကြမှာပါ။ အဲဒါက သင့်ကို အရမ်းချစ်နေလို့ပါတဲ့…။

CRD-SHWEMOM

LEAVE A REPLY