Zawgyi ျဖင့္ဖတ္ရန္

 

စိတ္ပညာ ရွင္ေတြရဲ့ သုေတသနေလ့လာခ်က္ေတြအရ ဉာဏ္ေကာင္းၿပီး ဖန္တီးနိုင္စြမ္းျမင့္မားသူေတြဟာ သာမန္လူေတြထက္ ပိုမိုပ်င္းရိေလ့ရွိၾကတယ္လို႔ ဆိုပါတယ္။ အံအားသင့္စရာေကာင္းတဲ့ ေလ့လာေတြ႕ရွိခ်က္ တခုျဖစ္တာေၾကာင့္ ယုံနိုင္စရာေတာ့မရွိေပမယ့္ စိတ္ပညာရွင္ေတြနဲ႔ သုေတသနပညာရွင္ေတြကေတာ့ ဒီေလ့လာေတြ႕ရွိခ်က္ဟာ အမွန္တကယ္ျဖစ္တယ္ဆိုတာကို သုေတသန အေထာက္အထားေပါင္းမ်ားစြာနဲ႔ ဖြင့္ဆိုရွင္းလင္းခဲ့ၾကပါတယ္။

ဉာဏ္ ပိုေ ကာင္းၿပီး IQ ျမင့္မားသူေတြဟာ ဦးေႏွာက္ရဲ့စြမ္းအင္ကို ပိုမိုအသုံးျပဳရတာေၾကာင့္ ခႏၶာကိုယ္လွုပ္ရွားမွု အပိုင္းမွာ ပိုမိုပ်င္းရိၾကတာပဲျဖစ္ၿပီး သူတို႔ဟာ ဦးေႏွာက္နဲ႔ေတြးေခၚၿပီးလုပ္ရတဲ့ ကိစၥေတြကိုေတာ့ အလြယ္တကူ ပ်င္းရိသြားျခင္းမရွိၾကပါဘူး။ လြယ္လြယ္ကူကူေျပာရမယ့္ဆိုရင္ေတာ့ လူကပ်င္းေပမယ့္ ဦးေႏွာက္ကေတာ့ မပ်င္းဘူးဆိုတာကို ဆိုလိုတာပဲ ျဖစ္ပါတယ္။

သာ မန္ အားျဖင့္ တက္တက္ႂကြႂကြရွိသူေတြကေတာ့ စဥ္းစားေတြးေတာရတဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကို အခ်ိန္ၾကာၾကာ ျပဳလုပ္နိုင္ျခင္းမရွိတာေၾကာင့့္ ခႏၶာကိုယ္လွုပ္ရွားမွုေတြကို ျပဳလုပ္ၾကတာပဲ ျဖစ္ပါတယ္။
ဒီ သုေ တ သနေလ့လာခ်က္ကို အတည္ျပဳဖို႔အတြက္ စိတ္ပညာရွင္ေတြနဲ႔ ေလ့လာသူေတြဟာ အထက္တန္း ေက်ာင္းသား အေယာက္ ၆၀ ခန႔္ကို အုပ္စု ၂ စုခြဲကာ သုေတသနျပဳလုပ္ခဲ့ၾကပါတယ္။

သာ မန္ ထက္ ပိုၿပီး စဥ္းစားေတြးေခၚခ်င္တဲ့ လူအေယာက္ ၃၀ နဲ႔ သာမန္ေလာက္သာ စဥ္းစားခ်င္တဲ့ လူအေယာက္ ၃၀ ခန႔္ကို ႏွိုင္းယွဥ္ၿပီး သုေတသနျပဳလုပ္ခဲ့ၾကရမွာ စဥ္းစားေတြးေခၚမွုအားေကာင္းသူေတြဟာ သာမန္ေလာက္သာ စဥ္းစားခ်င္သူေတြထက္ ခႏၶာကိုယ္လွုပ္ရွားမွု အားနည္းၾကတဲ့အျပင္ စဥ္းစားေတြးေခၚတဲ့အလုပ္တခုတည္းကိုသာ အာ႐ုံစိုက္ၾကတာေၾကာင့္ က်န္တဲ့ ဗာဟီရကိစၥအေတာ္မ်ားမ်ားကို လစ္ဟင္းသြားတတ္ၾကတာကိုလည္း ေတြ႕ရွိခဲ့ၾကရပါတယ္။

ဒီ သုေ တ သနေလ့လာခ်က္ဟာဆိုရင္ေတာ့ ဉာဏ္ပိုေကာင္းၾကသူေတြရဲ့ ကိုယ္လက္လွုပ္ရွားအားနည္းမွုနဲ႔တျခားေသာ ကိစၥေတြကို စိတ္ဝင္စားမွုအားနည္းျခင္းေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ က်န္းမာေရးအက်ိဳးဆက္ေတြနဲ႔ လူမွုကိစၥေတြကို ေထာက္ျပထားတဲ့အျပင္ ဒီလူေတြဟာ အမွန္တကယ္ပ်င္းရိၾကသူေတြေတာ့ မဟုတ္ဘဲ ဦးေႏွာက္စြမ္းအင္ကို ပိုမိုအသုံးခ်ရျခင္းေၾကာင့္သာ ျဖစ္ေၾကာင္းကို ဖြင့္ဆိုရွင္းလင္းျပသခဲ့ၾကပါတယ္။

credit shwemyanmartoday

Unicode ဖြင့်ဖတ်ရန်

ဉာဏ်ကောင်းသူတွေဟာ …သာမန်လူတွေထက် …ပိုမိုပျင်းရိလေ့ရှိကြောင်း… လေ့လာတွေ့ရှိ

စိတ်ပညာ ရှင်တွေရဲ့ သုတေသနလေ့လာချက်တွေအရ ဉာဏ်ကောင်းပြီး ဖန်တီးနိုင်စွမ်းမြင့်မားသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ရှိကြတယ်လို့ ဆိုပါတယ်။ အံအားသင့်စရာကောင်းတဲ့ လေ့လာတွေ့ရှိချက် တခုဖြစ်တာကြောင့် ယုံနိုင်စရာတော့မရှိပေမယ့် စိတ်ပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေကတော့ ဒီလေ့လာတွေ့ရှိချက်ဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာကို သုတေသန အထောက်အထားပေါင်းများစွာနဲ့ ဖွင့်ဆိုရှင်းလင်းခဲ့ကြပါတယ်။

ဉာဏ် ပိုေ ကာင်းပြီး IQ မြင့်မားသူတွေဟာ ဦးနှောက်ရဲ့စွမ်းအင်ကို ပိုမိုအသုံးပြုရတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှု အပိုင်းမှာ ပိုမိုပျင်းရိကြတာပဲဖြစ်ပြီး သူတို့ဟာ ဦးနှောက်နဲ့တွေးခေါ်ပြီးလုပ်ရတဲ့ ကိစ္စတွေကိုတော့ အလွယ်တကူ ပျင်းရိသွားခြင်းမရှိကြပါဘူး။ လွယ်လွယ်ကူကူပြောရမယ့်ဆိုရင်တော့ လူကပျင်းပေမယ့် ဦးနှောက်ကတော့ မပျင်းဘူးဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

သာ မန် အားဖြင့် တက်တက်ကြွကြွရှိသူတွေကတော့ စဉ်းစားတွေးတောရတဲ့ကိစ္စတော်တော်များများကို အချိန်ကြာကြာ ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။
ဒီ သုေ တ သနလေ့လာချက်ကို အတည်ပြုဖို့အတွက် စိတ်ပညာရှင်တွေနဲ့ လေ့လာသူတွေဟာ အထက်တန်း ကျောင်းသား အယောက် ၆၀ ခန့်ကို အုပ်စု ၂ စုခွဲကာ သုတေသနပြုလုပ်ခဲ့ကြပါတယ်။

သာ မန် ထက် ပိုပြီး စဉ်းစားတွေးခေါ်ချင်တဲ့ လူအယောက် ၃၀ နဲ့ သာမန်လောက်သာ စဉ်းစားချင်တဲ့ လူအယောက် ၃၀ ခန့်ကို နှိုင်းယှဉ်ပြီး သုတေသနပြုလုပ်ခဲ့ကြရမှာ စဉ်းစားတွေးခေါ်မှုအားကောင်းသူတွေဟာ သာမန်လောက်သာ စဉ်းစားချင်သူတွေထက် ခန္ဓာကိုယ်လှုပ်ရှားမှု အားနည်းကြတဲ့အပြင် စဉ်းစားတွေးခေါ်တဲ့အလုပ်တခုတည်းကိုသာ အာရုံစိုက်ကြတာကြောင့် ကျန်တဲ့ ဗာဟီရကိစ္စအတော်များများကို လစ်ဟင်းသွားတတ်ကြတာကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။

ဒီ သုေ တ သနလေ့လာချက်ဟာဆိုရင်တော့ ဉာဏ်ပိုကောင်းကြသူတွေရဲ့ ကိုယ်လက်လှုပ်ရှားအားနည်းမှုနဲ့တခြားသော ကိစ္စတွေကို စိတ်ဝင်စားမှုအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအကျိုးဆက်တွေနဲ့ လူမှုကိစ္စတွေကို ထောက်ပြထားတဲ့အပြင် ဒီလူတွေဟာ အမှန်တကယ်ပျင်းရိကြသူတွေတော့ မဟုတ်ဘဲ ဦးနှောက်စွမ်းအင်ကို ပိုမိုအသုံးချရခြင်းကြောင့်သာ ဖြစ်ကြောင်းကို ဖွင့်ဆိုရှင်းလင်းပြသခဲ့ကြပါတယ်။

credit shwemyanmartoday

LEAVE A REPLY