Zawgyi ျဖင့္ဖတ္ရန္

ျမန္မာပရိတ္သတ္ေတြ F4 မင္းသမီးေလးလို႔သိၾကတဲ့ သ႐ုပ္ေဆာင္ ဂူဟဲေဆာင္းန္ ဟာ မၾကာခင္မွာ ခင္ပြန္းသည္ အန္ဂ်ယ္ဟြန္းနဲ႔ အမႈရင္ဆိုင္ရေတာ့မွာပဲျဖစ္ပါတယ္။

ဂူဟဲေဆာင္းန္ဟာ ခင္ပြန္းသည္နဲ႔ ကြာရွင္းသတင္းထြက္ၿပီးေနာက္ အႏုပညာေလာကကေန အၿပီးအပိုင္ႏႈတ္ထြက္ေတာ့မည္ျဖစ္ေၾကာင္း ပရိတ္သတ္ကို သူမရဲ႕ လူမႈကြန္ယက္ အင္စတာဂရမ္မွတစ္ဆင့္ အသိေပးခဲ့ပါတယ္။

ဒါေပမဲ့ ဂူဟဲေဆာင္းန္ဟာ သူမေျပာသလို အႏုပညာအလုပ္ေတြကို ရပ္နားထားျခင္းမ်ိဳးမရွိေသးတာကို ေတြ႕ျမင္ေနရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအင္စတာဂရမ္ ပို႔စ္ေတြအရ ဂူဟဲေဆာင္းန္ဟာ “I’m your companion pet” အမည္နဲ႔ စာအုပ္ထြက္ရွိထားၿပီး လူမႈကြန္ယက္မွာ ပ႐ိုမိုးရွင္းေတြ ဆက္တိုက္ဆင္းေနခဲ့ပါတယ္။

လတ္တေလာ အင္စတာဂရမ္ ပို႔စ္အရ “ဒီေန႔ဟာ ေကာင္းေသာေန႔” ဆိုတဲ့ စာသားနဲ႔အတူ ဓာတ္ပုံသုံးေလးပုံေလာက္ကိုလဲ တင္ထားပါေသးတယ္။

ဂူဟဲေဆာင္းန္ဟာ ခင္ပြန္းသည္ အန္ဂ်ယ္ဟြန္းကို သူမဘက္က ကြာရွင္းမေပးႏိုင္တာေၾကာင့္ အန္ဂ်ယ္ဟြန္းေဖာက္ျပန္ထားတယ္ဆိုတဲ့ သက္ေသေတြနဲ႔ တရား႐ုံးမွာ အမႈရင္ဆိုင္သြားမွာျဖစ္ၿပီး အန္ဂ်ယ္ဟြန္းကေတာ့ သူ႔ကို လူမႈကြန္ယက္မွာစြပ္စြဲေျပာဆိုထားတာေတြနဲ႔ အျပန္အလွန္ အမႈရင္ဆိုင္သြားမွာျဖစ္ပါတယ္။

ဂူဟဲေဆာင္းန္ ဘက္က လူမႈကြန္ယက္မွာ အန္ဂ်ယ္ဟြန္း ဂုဏ္သိကၡာထိပါးေစတဲ့ ပို႔စ္မ်ိဳးေတြ မ်ိဳးစုံတင္ခဲ့ေပမယ့္ အန္ဂ်ယ္ဟြန္းဘက္ကေတာ့ ဘာတစ္ခုမွ တုန႔္ျပန္တာမ်ိဳးမရွိခဲ့ပါဘူး။

အန္ဂ်ယ္ဟြန္းဘက္က တုန႔္ျပန္မႈမရွိတာေၾကာင့္ ဂူဟဲေဆာင္းန္ ေျပာသမွ်မွန္ေနသလို အထင္မွားစရာကိစၥရပ္ေတြျဖစ္လာပါေတာ့တယ္။

ဂူဟဲေဆာင္းန္ အသစ္ထြက္ရွိထားတဲ့ “I’m your companion pet” ဆိုတဲ့ စာအုပ္ဟာဆိုရင္ ခင္ပြန္းသည္ အန္ဂ်ယ္ဟြန္းနဲ႔ စေတြ႕တဲ့အခ်ိန္၊ သမီးရည္းစားျဖစ္ခဲ့တဲ့ အခ်ိန္၊ အၾကင္လင္မယား အျဖစ္ ေႏြးေႏြးေထြးေထြးရွိခဲ့တဲ့အခ်ိန္ေလးေတြအေၾကာင္းကို ေရးသားထားတဲ့ စာအုပ္တစ္အုပ္ပဲျဖစ္ပါတယ္။ ခင္ပြန္းသည္နဲ႔ ျပႆနာေတြျဖစ္ၿပီးမွဒီစာအုပ္ကို ထုတ္ေဝတာဟာ ရည္႐ြယ္ခ်က္ရွိရွိ ထုတ္ေဝလာတာလားဆိုၿပီး စဥ္းစားစရာေတြျဖစ္လာပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဂူဟဲဆောင်းန်ရဲ့လုပ်ရပ်တွေက ခင်ပွန်းသည် အန်ဂျယ်ဟွန်း ထိခိုက်နစ်နာစေဖို့လား?

မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလေးလို့သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန် ဟာ မကြာခင်မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ အမှုရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

ဂူဟဲဆောင်းန်ဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းသတင်းထွက်ပြီးနောက် အနုပညာလောကကနေ အပြီးအပိုင်နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို သူမရဲ့ လူမှုကွန်ယက် အင်စတာဂရမ်မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

ဒါပေမဲ့ ဂူဟဲဆောင်းန်ဟာ သူမပြောသလို အနုပညာအလုပ်တွေကို ရပ်နားထားခြင်းမျိုးမရှိသေးတာကို တွေ့မြင်နေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအင်စတာဂရမ် ပို့စ်တွေအရ ဂူဟဲဆောင်းန်ဟာ “I’m your companion pet” အမည်နဲ့ စာအုပ်ထွက်ရှိထားပြီး လူမှုကွန်ယက်မှာ ပရိုမိုးရှင်းတွေ ဆက်တိုက်ဆင်းနေခဲ့ပါတယ်။

လတ်တလော အင်စတာဂရမ် ပို့စ်အရ “ဒီနေ့ဟာ ကောင်းသောနေ့” ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံသုံးလေးပုံလောက်ကိုလဲ တင်ထားပါသေးတယ်။

ဂူဟဲဆောင်းန်ဟာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းကို သူမဘက်က ကွာရှင်းမပေးနိုင်တာကြောင့် အန်ဂျယ်ဟွန်းဖောက်ပြန်ထားတယ်ဆိုတဲ့ သက်သေတွေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်သွားမှာဖြစ်ပြီး အန်ဂျယ်ဟွန်းကတော့ သူ့ကို လူမှုကွန်ယက်မှာစွပ်စွဲပြောဆိုထားတာတွေနဲ့ အပြန်အလှန် အမှုရင်ဆိုင်သွားမှာဖြစ်ပါတယ်။

ဂူဟဲဆောင်းန် ဘက်က လူမှုကွန်ယက်မှာ အန်ဂျယ်ဟွန်း ဂုဏ်သိက္ခာထိပါးစေတဲ့ ပို့စ်မျိုးတွေ မျိုးစုံတင်ခဲ့ပေမယ့် အန်ဂျယ်ဟွန်းဘက်ကတော့ ဘာတစ်ခုမှ တုန့်ပြန်တာမျိုးမရှိခဲ့ပါဘူး။

အန်ဂျယ်ဟွန်းဘက်က တုန့်ပြန်မှုမရှိတာကြောင့် ဂူဟဲဆောင်းန် ပြောသမျှမှန်နေသလို အထင်မှားစရာကိစ္စရပ်တွေဖြစ်လာပါတော့တယ်။

ဂူဟဲဆောင်းန် အသစ်ထွက်ရှိထားတဲ့ “I’m your companion pet” ဆိုတဲ့ စာအုပ်ဟာဆိုရင် ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ စတွေ့တဲ့အချိန်၊ သမီးရည်းစားဖြစ်ခဲ့တဲ့ အချိန်၊ အကြင်လင်မယား အဖြစ် နွေးနွေးထွေးထွေးရှိခဲ့တဲ့အချိန်လေးတွေအကြောင်းကို ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့ ပြဿနာတွေဖြစ်ပြီးမှဒီစာအုပ်ကို ထုတ်ဝေတာဟာ ရည်ရွယ်ချက်ရှိရှိ ထုတ်ဝေလာတာလားဆိုပြီး စဉ်းစားစရာတွေဖြစ်လာပါတယ်။

Credit : popolay

LEAVE A REPLY