Zawgyi ဖြင့်ဖတ်ရန်


 



 




Unicode ဖြင့်ဖတ်ရန်

မိန်းကလေးတိုင်း အားကျရလောက်တဲ့ သူမတို့ရဲ့မင်္ဂလာပွဲက ပုံရိပ်တွေကို ပြသလိုက်တဲ့ HAILEY BIEBER

အချစ်စစ်နဲ့ အခြေတကျဖြစ်ပြီး၊ အိမ်ထောင်ပါပြုလိုက်တဲ့ ကမ္ဘာကျော်အဆိုတော် Justin Bieber ရဲ့မင်္ဂလာသတင်းကတော့ ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ကျော်နဲ့ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော်နဲ့ ကမ္ဘာကျော်မော်ဒယ်တို့ရဲ့မင်္ဂလာပွဲမို့ ပရိသတ်တွေကလည်း အရမ်းခမ်းနားမယ်လို့ ခန့်မှန်းထားကြသလို၊ Justin Bieber က တကယ်လည်း ချစ်ဇနီးလေးအတွက် မင်္ဂလာပွဲကို အကောင်းဆုံးဆိုတာတွေချည်းပဲ ဖန်တီးပြီး ပြင်ဆင်ပေးခဲ့တာ တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ အသစ်စက်စက် အိမ်ထောင်ရှင်မလေး Hailey က သူမတို့ မင်္ဂလာပွဲတုန်းက ပုံရိပ်တစ်ချို့ကို ချပြလိုက်တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် လတ်တလော ကမ္ဘာ့နာမည်အကြီးဆုံး မင်္ဂလာပွဲလို့တောင် ဆိုလို့ရတဲ့ Justin Bieber နဲ့ Hailey Bieber တို့ ဇနီးမောင်နှံရဲ့မင်္ဂလာပွဲကပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Hailey Bieber ကတော့ “9.30.19” ဆိုပြီး သူမတို့ မင်္ဂလာပွဲက အမိုက်စားပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

Justin Bieber တစ်ယောက် ချစ်ဇနီးကိုပေးတဲ့ လက်ထပ်လက်စွပ်က စိန်ကြီးက အကြီးကြီးပဲနော်။ခမ်းနားလှပတဲ့ သတို့သမီးဝတ်စုံလေးပေါ်ကစာသားလေးကတော့ “Till death do us part” တဲ့ နော် ဂေါ်ချက်

အဆိုတော် Justin Bieber နဲ့ ဇနီးဖြစ်သူ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) ရက်နေ့က Romantic ဆန်တဲ့ ကျွန်းလေးမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ကြားပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း Justin Bieber နဲ့ Hailey Bieber တို့ ဇနီးမောင်နှံနှစ်ယောက် နောင်နှစ်ပေါင်းများစွာ အချစ်တွေအပြည့်နဲ့ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

share from : burmese.asia

LEAVE A REPLY