Zawgyi ဖြင့်ဖတ်ရန်




 



Unicode ဖြင့်ဖတ်ရန်

ညသန်းခေါင်မှာ ပြက်လုံးတိုက်ရင်း ဂစ်တာတီးပြီး သီချင်းတွေဆိုခဲ့တဲ့ နှင်းဆီအဖွဲ့သားများ

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ နှင်းဆီအဖွဲ့သားကြီးတွေရဲ့ “နှင်းဆီလှေ” အငြိမ့်သဘင်ကြီးက လာမယ့် အောက်တိုဘာလ (၄) ရက်နေ့နဲ့ (၅) ရက်နေ့မှာ ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ “နှင်းဆီလှေ” အငြိမ့်သဘင်ကြီးက ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရံပုံငွေ ရရှိစေရန် ကပြဖျော်ဖြေတာပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေကလည်း အငြိမ့်ပွဲကြီး အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ဖို့ အခုကတည်းက ပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂) ရက်နေ့မှာတော့ နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေးတို့က မနက် ၁နာရီကျော်အထိ ပြက်လုံးတွေ ကြိုးစားပန်းစားတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေက ပြက်လုံးတိုက်နေရင်း ဟန်ထူးလွင်ရဲ့ “နားလည်ပါ” သီချင်းလေးကို အတူတူ သီဆိုခဲ့ကြပါသေးတယ်။ ပရိသတ်တွေအတွက် နှင်းဆီအဖွဲ့သားတွေ သီချင်းဆိုနေကြတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

နှင်းဆီအဖွဲ့သားတွေကတော့ ညသန်းခေါင်ကျော်ထိ ပြက်လုံးတွေတိုက်ရင်း မမောနိုင် မပပန်းနိုင်ကြပါဘူး။ ပရိသတ်ကြီးလည်း နှင်းဆီအဖွဲ့သားတွေ ပင်ပန်းရကျိုးနပ်အောင် “နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။

share from : burmese.asia

LEAVE A REPLY