Zawgyi ဖြင့်ဖတ်ရန်
(8)ရည်းစားမထားခင် အပလီကေးရှင်းနဲ့ ဆွေမျိုးတော်မတော် အရင်စစ်ရပါတယ်တဲ့။လူဦးရေ ၃၃၀,၀၀၀ သာရှိတဲနိုငိငံလေးမို့တစ်ယောက်နဲ့တစ်ယောက်ဆွေမျိုးတော်နေရင် မခက်သားလား။ထိုအတွက် အိုင်စလန် အင်ဂျင်နီယာ၁ယောက်က app ကိုဖန်တီးပေးပါတယ်၊app နာမည်ကိုသိလိုသူများအတွက် “အိပ်ရာပေါ်မရောက်ခင် app ပေါ်အရင်ရှာပါ ”“Bump the app before you bump in bed” ပါ။
Writer Dr Jue ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
ကမ္ဘာအသန့်ရှင်းဆုံးနိုင်ငံဖြစ်တဲ့ Iceland နိုင်ငံမှာ ကျင့်သုံးနေတဲ့ အတုယူစရာ အလေ့အထများ
Icelandနိူင်ငံဟာကမ္ဘာအသန့်ဆုံး(10)နိုင်ငံမှာ ထိပ်ဆုံးကပါဝင်တဲ့အပြင် မှုခင်းအကင်းဆုံးနိုင်ငံတစ်နိုင်ငံလဲဖြစ်ပါတယ်။ထိုသို့တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံဟာ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် နိုင်ငံသားတွေဘဝဟာ ပျင်းစရာကောင်းနေမယ်ထင်ရင် မှားသွားမယ်နော်။Icelandဒေသခံတွေမှာ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေရှိပါတယ်။
(1)Iceland နိူင်ငံ အနောက်မြောက်ပိုင်းက တံငါမြို့လေးမှာကားအရှိန်လျှော့စေဖို့ 3Dလူကူးမျဉ်းကြားတွေနဲ့အလှဆင်ထားပါတယ်။ယာဉ်မောင်းတွေ အိပ်မငိုက်စေဖို့နဲ့ လမ်းသွားလမ်းလာများ မျက်စိပသာဒရှိဖို့ ရည်ရွယ်ပါတယ်။ဒီအိူင်ဒီယာဟာ ကားတိုက်မှုတွေကိုသိသာစွာ ကျဆင်းစေကြောင်း နောင်တချိန်မှာ သက်သေပြလာနိုင်ပါတယ်။
(2)စွမ်းအားရှိတဲ့ သတ္တဝ ါတွေကို ယုံကြည်ကြတယ်။တန်ခိုးရှင်အဖြစ်ကိုးကွယ်ကြပါတယ်တဲ့။ထိုနိုင်ငံက
လွှတ်တော်အမတ်တွေကအစ စွမ်းအားရှင်တစ်ဥိးက ယာဉ်တိုက်မှာတစ်ခုတွင် သူ့အသက်ကို ကယ်ခဲ့တယ်လို့ယုံကြည်ပါတယ်။နေရာတစ်ခုမှာ စွမ်းအားရှင်ရှိတယ်လို့ ယူဆပါက ထိုဒေသတွင် လမ်းတောင်ဖော က်ခွင့်မရှိပါဘူး။
(3)ဆောင်းတွင်းမှာတောင် အိမ် အပြင်ဘက်တွေမှာ ရေစိမ်ကြပါတယ်။အအေးပတ်မှာကို မစိုးရိမ်ပါနဲ့။သဘာဝရေပူစမ်းလိုစမ်းချောင်းတွေမှာ စိမ်တာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ယူဆကြပါတယ်။ဒါပေမယ့် ရေမြှပ်ဆပ်ပြာတွေ မသုံးရပါဘူး။
(4)ကောက်ရိုးတွေကို ဂွမ်းဂျယ်လီလို စီတန်းထားကြတယ်။ ကောက်ရိုးများ ကြာရှည်ခံစေဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ပန်းရောက် အစိမ်း အနက်စသဖြင့်ရောင်စုံရှိပါတယ်။ဒါပေမယ့် ပလတ်စတစ်နဲ့ပတ်ထားတာမို့်သဘာဝပတ်ဝန်းကျင်အတွက် တော့မကောငိးပါဘူး။
(5)ကော်ဖီဆိုင် စတိုးဆိုင်တွေဝင်သောအခါ ကလေးများကို လှည်းနဲ့ဆိုင်အပြင်မှာ သိပ်ခဲ့ကြပါတယ်။
ဆောင်းတွင်းမှာတောင်ထိုသို့ပြုလုပ်ပါတယ်။တခြားနိုင်ငံကမိဘတွေအတွက်တော့ ဒီအချက်က မျက်လုံ့းပြူးစရာဖြစ်ပေမယ့်အိုင်စလန်ကမိဘတွေကတော့ ပြင်ပလေကောင်းလေသန့်ကသာ ကလေးအတွက်ပို သင့်တော်တယ်လို့ယူဆပါတယ်။ဆိုင်တွင်းကနေ ကလေးကို စောင့်ကြည့်နေပါတယ်
(6)အိုင်စလန်မှာ ရာဇဝတ်မှုနည်းရခြင်းအချက်ကတော့ ဟာသဉာဏ်ရှိပြီး ဖော်ရွေလှတဲ့ ရဲသား၊ရဲမေတွေကြောင့်ပါတဲ့။အဲ့ဒီက ရဲသားတွေဟာ instagramမှာလဲ ကျော်ကြားလှပါတယ်။
(7)သင့်ဘဝမှာ မိတ်ဆွေတွေကို စာပို့ချင်ပါလျက် လိပ်စာအတိအကျမသိလို့ မပို့ရတာရှိဖူးလား။ အိူင်စလန်နိုင်ငံမှာတော့စာအိတ်ပေါ်မှာ မြေပုံသေချာစွဲပြီး မိသားစုအကြောင်းအကျဉ်းဖော်ပြပေးရုံနဲ့ အရောက်ပို့ပေးပါတယ်။
(8)ရည်းစားမထားခင် အပလီကေးရှင်းနဲ့ ဆွေမျိူးတော်မတော် အရင်စစ်ရပါတယ်တဲ့။လူဦးရေ ၃၃၀,၀၀၀ သာရှိတဲနိုငိငံလေးမို့တစ်ယောက်နဲ့တစ်ယောက်ဆွေမျိူးတော်နေရင် မခက်သားလား။ထိုအတွက် အိူင်စလန် အင်ဂျင်နီယာ၁ယောက်က app ကိုဖန်တီးပေးပါတယ်၊app နာမည်ကိုသိလိုသူများအတွက် “အိပ်ရာပေါ်မရောက်ခင် app ပေါ်အရင်ရှာပါ ”“Bump the app before you bump in bed” ပါ။
(9)ပလတ်စတစ်အစားထိုး ၁၀၀ရာခိုင်နှုန်းစိတ်ချရတဲ့ အနီရောင်အယ်လ်ဂျေးရေဘူးကို အိုင်စလန်ကျောင်းသားတစ်ယောက်ကတီထွင်ခဲ့ပါတယ်ထိုရေဗူးဟာ ရေထည့်မှသာ ရေဗူးပုံပေါ်ပြီး ရေမရှိပါက ကျုံ့နေပါတယ်။ သဘာဝကျပြီး စိတ်ချရပါတယ်
(10)ကြောင်၄ကောင်ကို အရုပ်အိမ်အကြီးစားမှာနေခိုင်းပြီး နေ့စဉ် TV show ထုတ်လွှင့်ပြသပါတယ်။အိုင်စလန်မှာ ကြောင်TV show ကတအားရေပန်းစားပါတယ်။စိတ်ညစ်စရာသတင်းတွေအစား ကြောင်လေးတွေက အပန်းပြေစေတယ်လို့ယူဆကြလိူ့ဖြစ်ပါတယ်။
Writer Dr Jue ( XYZ NEWS )
LEAVE A REPLY