Zawgyi ျဖင့္ဖတ္ရန္

တစ္ကမာၻလုံးက သည္းသည္းလႈပ္အားေပးၾကတဲ့ အဆိုေတာ္ Justin Bieber ကေတာ့ အတည္တက်နဲ႔ အိမ္ေထာင္ရက္သား က်သြားၿပီမို႔ သူ႔ရဲ႕ပရိသတ္ေတြေရာ၊ ခ်စ္ရခင္ရသူေတြကပါ Justin အတြက္ ဝမ္းသာေပ်ာ္႐ႊင္ေနၾကတာပဲ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ Justin Bieber ကေတာ့ အစအေနာက္သန္လြန္းသူမို႔ မၾကာခဏဆိုသလို ဇနီးျဖစ္သူ Hailey ရဲ႕စိတ္ေကာက္ျခင္းကို ခံရတတ္သူတစ္ဦးဆိုလည္း မမွားပါဘူး။ လတ္တေလာမွာေတာ့ Justin Bieber က ခ်စ္ရတဲ့ အသစ္စက္စက္ ဇနီးေခ်ာေလးကို မ်က္ရည္က်ေအာင္ ေနာက္လိုက္တဲ့ ဗီဒီယိုေလးကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႕ရပါတယ္။ ခင္ပြန္းရဲ႕စကားတစ္ခြန္းနဲ႔တင္ အရမ္းကို ဝမ္းနည္းသြားတဲ့ Hailey ရဲ႕ပုံစံေလးကေတာ့ Justin ကို ပိုလို႔အခ်စ္ပိုေစခဲ့တာပါေနာ္။

Justin Bieber ကေတာ့ “KIDDING” ဆိုၿပီး အဆိုပါ ဗီဒီယိုေလးကို မေန႔က သူ႔ရဲ႕အင္စတာဂရမ္ေပၚမွာ ေဝမွ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ အဆိုပါ ဗီဒီယိုထဲမွာေတာ့ Justin Bieber တစ္ေယာက္ သူ႔ကို အားကိုးတႀကီးနဲ႔ ခ်စ္တဲ့ အသစ္စက္စက္ ဇနီးေခ်ာေလး Hailey ကို အရမ္းဝမ္းနည္းသြားေအာင္ မခ်စ္ေတာ့ဘူးဆိုၿပီး စေနာက္ေနတာပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို ၾကည္ႏူးစရာေကာင္းတဲ့ Justin Bieber နဲ႔ သူ႔ရဲ႕ဇနီး Hailey Bieber တို႔ ႏွစ္ဦးရဲ႕ခ်စ္စရာဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

 

Justin Bieber ကေတာ့ သူ႔ကို ခ်စ္လြန္းလို႔ အတင္းဖက္နမ္းေနတဲ့ Hailey ကို “ငါ့အေပၚကေန ထြက္သြား” ဆိုၿပီး ႏွင္ထုတ္ခဲ့တာျဖစ္ၿပီး၊ “အခုငါတို႔ လက္ထပ္ၿပီးသြားၿပီဆိုေတာ့ အခ်စ္ေတြမရွိေတာ့ဘူး” လို႔ ခ်စ္ဇနီးကို ခပ္ၾကမ္းၾကမ္း စေနာက္လိုက္တာပါ။ Justin ရဲ႕စေနာက္မႈေၾကာင့္ Hailey ခမ်ာ အရမ္းဝမ္းနည္းလြန္းလို႔ မ်က္ရည္က်မတတ္ကို ျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ Justin ကေတာ့ တကယ့္ကို အစအေနာက္သန္တဲ့ ေကာင္ေလးပါပဲေနာ္။

အသစ္စက္စက္ ဇနီးေခ်ာေလးကို စေနာက္ေနတဲ့ Justin Bieber ရဲ႕ဗီဒီယို

 

စကားေလးတစ္ခြန္းနဲ႔တင္ အရမ္းဝမ္းနည္းသြားတဲ့ Hailey ကိုၾကည့္ရတာ Justin ကို အရမ္းခ်စ္ပုံပဲေနာ္။

အဆိုေတာ္ Justin Bieber နဲ႔ ဇနီးျဖစ္သူ Hailey Bieber တို႔ႏွစ္ဦးရဲ႕မဂၤလာပြဲကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၃၀) ရက္ေန႔က Romantic ဆန္တဲ့ ကြၽန္းေလးမွာ ရင္းႏွီးတဲ့ မိတ္ေဆြေတြကို ဖိတ္ၾကားၿပီး ခမ္းခမ္းနားနား က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ သူ႔အေပၚ အားကိုးတႀကီး ခ်စ္လြန္းတဲ့ Hailey ကို ပိုင္ဆိုင္ထားရတာ Justin Bieber တစ္ေယာက္ အရမ္းကို ကံေကာင္းလြန္းပါတယ္ေနာ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း Justin Bieber နဲ႔ Hailey Bieber တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေနာင္ႏွစ္ေပါင္းမ်ားစြာ အခ်စ္ေတြအျပည့္နဲ႔ ေပါင္းဖက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။

Credit : momoaly

Unicode ဖြင့်ဖတ်ရန်

မချစ်တော့ဘူးဆိုတဲ့ Justin Bieberရဲ့စကားတစ်ခွန်းကြောင့် ဝမ်းနည်းတကြီးဖြစ်ခဲ့ရတဲ့ Hailey

တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်အားပေးကြတဲ့ အဆိုတော် Justin Bieber ကတော့ အတည်တကျနဲ့ အိမ်ထောင်ရက်သား ကျသွားပြီမို့ သူ့ရဲ့ပရိသတ်တွေရော၊ ချစ်ရခင်ရသူတွေကပါ Justin အတွက် ဝမ်းသာပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ Justin Bieber ကတော့ အစအနောက်သန်လွန်းသူမို့ မကြာခဏဆိုသလို ဇနီးဖြစ်သူ Hailey ရဲ့စိတ်ကောက်ခြင်းကို ခံရတတ်သူတစ်ဦးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ Justin Bieber က ချစ်ရတဲ့ အသစ်စက်စက် ဇနီးချောလေးကို မျက်ရည်ကျအောင် နောက်လိုက်တဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခင်ပွန်းရဲ့စကားတစ်ခွန်းနဲ့တင် အရမ်းကို ဝမ်းနည်းသွားတဲ့ Hailey ရဲ့ပုံစံလေးကတော့ Justin ကို ပိုလို့အချစ်ပိုစေခဲ့တာပါနော်။

Justin Bieber ကတော့ “KIDDING” ဆိုပြီး အဆိုပါ ဗီဒီယိုလေးကို မနေ့က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ Justin Bieber တစ်ယောက် သူ့ကို အားကိုးတကြီးနဲ့ ချစ်တဲ့ အသစ်စက်စက် ဇနီးချောလေး Hailey ကို အရမ်းဝမ်းနည်းသွားအောင် မချစ်တော့ဘူးဆိုပြီး စနောက်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးစရာကောင်းတဲ့ Justin Bieber နဲ့ သူ့ရဲ့ဇနီး Hailey Bieber တို့ နှစ်ဦးရဲ့ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Justin Bieber ကတော့ သူ့ကို ချစ်လွန်းလို့ အတင်းဖက်နမ်းနေတဲ့ Hailey ကို “ငါ့အပေါ်ကနေ ထွက်သွား” ဆိုပြီး နှင်ထုတ်ခဲ့တာဖြစ်ပြီး၊ “အခုငါတို့ လက်ထပ်ပြီးသွားပြီဆိုတော့ အချစ်တွေမရှိတော့ဘူး” လို့ ချစ်ဇနီးကို ခပ်ကြမ်းကြမ်း စနောက်လိုက်တာပါ။ Justin ရဲ့စနောက်မှုကြောင့် Hailey ခမျာ အရမ်းဝမ်းနည်းလွန်းလို့ မျက်ရည်ကျမတတ်ကို ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ Justin ကတော့ တကယ့်ကို အစအနောက်သန်တဲ့ ကောင်လေးပါပဲနော်။

“ကမ်းစပ်” သီချင်းနဲ့ ညီညီမောင်(စမ်းချောင်း) ရဲ့ ဟန်ပန်အမူအယာအတိုင်း ကပြခဲ့တဲ့ ခေးဆက်သွင်
အသစ်စက်စက် ဇနီးချောလေးကို စနောက်နေတဲ့ Justin Bieber ရဲ့ဗီဒီယို

စကားလေးတစ်ခွန်းနဲ့တင် အရမ်းဝမ်းနည်းသွားတဲ့ Hailey ကိုကြည့်ရတာ Justin ကို အရမ်းချစ်ပုံပဲနော်။

အဆိုတော် Justin Bieber နဲ့ ဇနီးဖြစ်သူ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) ရက်နေ့က Romantic ဆန်တဲ့ ကျွန်းလေးမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ကြားပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ သူ့အပေါ် အားကိုးတကြီး ချစ်လွန်းတဲ့ Hailey ကို ပိုင်ဆိုင်ထားရတာ Justin Bieber တစ်ယောက် အရမ်းကို ကံကောင်းလွန်းပါတယ်နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း Justin Bieber နဲ့ Hailey Bieber တို့ ဇနီးမောင်နှံနှစ်ယောက် နောင်နှစ်ပေါင်းများစွာ အချစ်တွေအပြည့်နဲ့ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Credit : momoaly

LEAVE A REPLY