Zawgyi ျဖင့္ဖတ္ရန္

 

ငါျပန္ေတာ့မယ္ ဒဏ္ရာေတြ အိတ္ထဲထည့္ နင္ရွိေသာ ကိုယ့္ႏိုင္ငံထဲ ငါ ေနဖို႔မသင့္ေတာ္ေတာ့လည္း ငါျပန္ေတာ့မယ္ ျမင္ေနရင္ ငါ႐ူးလိမ့္မယ္ နင္ရွိေသာ ကိုယ့္ႏိုင္ငံထဲ ငါမရွိလည္း လြမ္းေနပါတယ္” ဒါကေတာ့ လတ္တေလာအသစ္ထြက္ရွိလာတဲ့ အမ်ိဳးသမီး ေတးသံရွင္ ခင္ဘုဏ္း ရဲ႕ သီခ်င္းသစ္တပုဒ္ျဖစ္ၿပီး အြန္လိုင္းေပၚမွာ ေရပန္းစားေနခဲ့တာပါ။

နင္ရွိေသာကိုယ့္ႏိုင္ငံလို႔ အမည္ေပးထားတဲ့ ဒီသီခ်င္းကိုေတာ့ ပရိသတ္ေတြ ရင္းႏွီး ၾကၿပီးျဖစ္တဲ့ လူငယ္ေတးေရးဆရာ ေဝႀကီးက ေရးစပ္ေပးထားခဲ့တာ ျဖစ္ပါတယ္။ “သတိရတဲ့အခါ မၾကာမၾကာ ငါျပန္လာမယ္ မင္းနဲ႔မေတြ႕ေအာင္ ငါေရွာင္ေနပါ့ မယ္ တခါတေလလည္း သတိရတယ္ တခါတေလ အရမ္းလြမ္းလည္း မင္းနဲ႔ မေတြ႕ေအာင္ ဆင္ျခင္ပါ့မယ္”

ခပ္ေဆြးေဆြး သီခ်င္းစာသားေတြနဲ႔ ရႈစားၾကရမယ့္ ဒီသီခ်င္းကိုေတာ့ ခင္ဘုဏ္းက ေမာ္ဒယ္သ႐ုပ္ေဆာင္ ခ်မ္းမင္းရဲထြဋ္နဲ႔အတူ သ႐ုပ္ေဆာင္ထားခဲ့တာ ျဖစ္ပါတယ္။ ၂၀၀၀ ျပည့္လြန္ကာလေတြတုန္းက ေ႐ႊထိုက္နဲ႔တြဲၿပီး အမ်ိဳးသမီးေတးဂီတအဖြဲ႕တ ဖြဲ႕ျဖစ္တဲ့ KOOK အဖြဲ႕ ကေနစလို႔ ေနာက္ပိုင္း တကိုယ္ေတာ္ သီဆိုမႈေတြနဲ႔ပါ ပရိသတ္ လက္ခံအားေပးမႈရခဲ့တဲ့ ခင္ဘုဏ္းဟာ ဂီတေလာကကေန ကာလအတန္ၾကာ ေပ်ာက္ေန ခဲ့ၿပီး ခုေနာက္ပိုင္းမွာေတာ့ သီခ်င္းေတြနဲ႔ တစတစ ျပန္လည္လႈပ္ရွားမႈေတြ လုပ္ေဆာင္ ေနခဲ့တာပါ။

“သတိရတဲ့အခါ မၾကာမၾကာ ငါျပန္လာမယ္ မင္းနဲ႔မေတြ႕ေအာင္ ငါေရွာင္ေနပါ့ မယ္ တခါတေလလည္း သတိရတယ္ တခါတေလ အရမ္းလြမ္းလည္း မင္းနဲ႔ မေတြ႕ေအာင္ ဆင္ျခင္ပါ့မယ္ ငါဆင္ျခင္ပါ့မယ္”

ခုအသစ္ထြက္ရွိလာတဲ့ နင္ရွိေသာကိုယ့္ႏိုင္ငံသီခ်င္းကိုေတာ့ ခင္ဘုဏ္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ ခုလိုေရးသားၿပီး မွ်ေဝထား ခဲ့တာပါ။ “နင္ရွိေသာ ကိုယ့္ႏိုင္ငံမွာေနဖို႔ မသင့္ေတာ္ေတာ့ဘူးလို႔ ရင္နာနာနဲ႔ ေတြးၾကည့္ဖူး လား ခ်စ္ေသာ သူငယ္ခ်င္းမ်ား အေဆြးသီခ်င္းေလး တပုဒ္ကို ခံစားနားဆင္ေပးပါ” လတ္တေလာမွာေတာ့ ဒီသီခ်င္း႐ုပ္သံဗြီဒီယိုဖိုင္ဟာ ရက္ပိုင္းအတြင္း ဝင္ေရာက္ ၾကည့္ရႈနားဆင္ၾကတဲ့ အႀကိမ္ေရ ၂ သိန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ခင်ဘုဏ်းသီချင်းသစ်-နင်ရှိသော ကိုယ့်နိုင်ငံ(ရုပ်သံ)

ငါပြန်တော့မယ် ဒဏ်ရာတွေ အိတ်ထဲထည့် နင်ရှိသော ကိုယ့်နိုင်ငံထဲ ငါ နေဖို့မသင့်တော်တော့လည်း ငါပြန်တော့မယ် မြင်နေရင် ငါရူးလိမ့်မယ် နင်ရှိသော ကိုယ့်နိုင်ငံထဲ ငါမရှိလည်း လွမ်းနေပါတယ်” ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ အမျိုးသမီး တေးသံရှင် ခင်ဘုဏ်း ရဲ့ သီချင်းသစ်တပုဒ်ဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

နင်ရှိသောကိုယ့်နိုင်ငံလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ပရိသတ်တွေ ရင်းနှီး ကြပြီးဖြစ်တဲ့ လူငယ်တေးရေးဆရာ ဝေကြီးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ “သတိရတဲ့အခါ မကြာမကြာ ငါပြန်လာမယ် မင်းနဲ့မတွေ့အောင် ငါရှောင်နေပါ့ မယ် တခါတလေလည်း သတိရတယ် တခါတလေ အရမ်းလွမ်းလည်း မင်းနဲ့ မတွေ့အောင် ဆင်ခြင်ပါ့မယ်”

ခပ်ဆွေးဆွေး သီချင်းစာသားတွေနဲ့ ရှုစားကြရမယ့် ဒီသီချင်းကိုတော့ ခင်ဘုဏ်းက မော်ဒယ်သရုပ်ဆောင် ချမ်းမင်းရဲထွဋ်နဲ့အတူ သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်လွန်ကာလတွေတုန်းက ရွှေထိုက်နဲ့တွဲပြီး အမျိုးသမီးတေးဂီတအဖွဲ့တ ဖွဲ့ဖြစ်တဲ့ KOOK အဖွဲ့ ကနေစလို့ နောက်ပိုင်း တကိုယ်တော် သီဆိုမှုတွေနဲ့ပါ ပရိသတ် လက်ခံအားပေးမှုရခဲ့တဲ့ ခင်ဘုဏ်းဟာ ဂီတလောကကနေ ကာလအတန်ကြာ ပျောက်နေ ခဲ့ပြီး ခုနောက်ပိုင်းမှာတော့ သီချင်းတွေနဲ့ တစတစ ပြန်လည်လှုပ်ရှားမှုတွေ လုပ်ဆောင် နေခဲ့တာပါ။

“သတိရတဲ့အခါ မကြာမကြာ ငါပြန်လာမယ် မင်းနဲ့မတွေ့အောင် ငါရှောင်နေပါ့ မယ် တခါတလေလည်း သတိရတယ် တခါတလေ အရမ်းလွမ်းလည်း မင်းနဲ့ မတွေ့အောင် ဆင်ခြင်ပါ့မယ် ငါဆင်ခြင်ပါ့မယ်”

ခုအသစ်ထွက်ရှိလာတဲ့ နင်ရှိသောကိုယ့်နိုင်ငံသီချင်းကိုတော့ ခင်ဘုဏ်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထား ခဲ့တာပါ။ “နင်ရှိသော ကိုယ့်နိုင်ငံမှာနေဖို့ မသင့်တော်တော့ဘူးလို့ ရင်နာနာနဲ့ တွေးကြည့်ဖူး လား ချစ်သော သူငယ်ချင်းများ အဆွေးသီချင်းလေး တပုဒ်ကို ခံစားနားဆင်ပေးပါ” လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ရက်ပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY