Zawgyi ဖြင့်ဖတ်ရန်

 





Video


Unicode ဖြင့်ဖတ်ရန်

နှာမှုတ်ပြီး ကားတာယာကို လေသွင်းပြတဲ့ ကွန်ဖူးသမား ( ရုပ် / သံ )

အားလုံး အားလုံးဟာ သင်ရိုးညွှန်းတမ်းမှာ မပါတဲ့ ကျွမ်းကျင်မှုတွေ ရှိနေတတ်ကြပါတယ်။ လျှာကို ခေါက်လိပ်ပြတာ၊ ကြက်အရှင်ကို စားတာ၊ ကြိုးတန်းလမ်းလျှောက်တာ စတာတွေဟာ ဖုံးကွယ်နေတဲ့ ပါရမီတွေပါပဲ။ ထုတ်သုံးနိုင်သူတွေအတွက် တအံ့တသြဖြစ်စေမယ့် ပါရမီတွေပေါ့။

ဒီလို ပါရမီထူးမျိုး ရှိတာကို ဥပမာကောင်းကောင်းပြနေတာကတော့ တရုတ်နိုင်ငံက အသက် ၄၄ နှစ်အရွယ် ကွန်ဖူးပညာရှင် တုံဂျန်ဟိုင်ပါပဲ။ အနောက်မြောက်ပိုင်း ရှီအန်းမြို့လေးက တုံဂျန်ဟိုင်းဟာ သံမဏိအဆုတ် ရှိနေသူလို့ တင်စားခေါ်ခံရသူပါ။

ဘာကြောင့်လည်းဆိုတော့ သူဟာ ပါးချပ်နေတဲ့ ကားတာယာကို ပိုက်သွယ်ပြီး နှာခေါင်းပေါက်ကနေ လေမှုတ်ထိုးသွင်းပေးတဲ့ စွမ်းရည်ကို ပြသနိုင်တာကြောင့်ပါပဲ။ နှာမှုတ်ပြီး ကားတာယာကို ဖောင်းသွားအောင် လေသွင်းပြနိုင်တဲ့ ကွန်ဖူးပညာရှင်ပါပဲ။

ဗီဒီယိုမှာ ကြည့်မှာဆို အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်ဘဲ ကားတာယာကို တုံဂျန်ဟိုင်က နှာခေါင်းနဲ့ လေသွင်းပြသွားတာကို မြင်တွေ့ရမှာပါ။ တစ်ခါတစ်ရံမှာ မယုံနိုင်တာတွေ ဖြစ်နိုင်တယ်ဆိုတာကို ကွန်ဖူးပညာရှင် တုံဂျန်ဟိုင်းက ပြသလိုက်တာပဲ ဖြစ်ပါတော့တယ်။

Video

Writer_ မောင်သံဆင့်(XYZ News)

LEAVE A REPLY