Zawgyi ဖြင့်ဖတ်ရန်

 



ကျော်ကျော်ဗိုလ် အနုပညာ ပရိသတ်

 




Credit : momolay

Unicode ဖြင့်ဖတ်ရန်

တစ်ဦးတည်းသော ချစ်ဇနီးလေးကို ကြင်နာစွာ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ကျော်ကျော်ဗိုလ်

အနုပညာကို ရူးသွပ်ပြီး၊ ခံစားချက်အပြည့်နဲ့ ကျရာဇာတ်ရုပ်ကနေ ပရိသတ်တွေကို ခံစားမှုရသတွေ ပေါင်းစုံပေးစွမ်းနိုင်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ မိသားစုကိုလည်း တန်ဖိုးထားပြီး အရမ်းကို ချစ်တတ်လွန်းသူတစ်ဦးပါ။ လတ်တလောမှာတော့ ကျော်ကျော်ဗိုလ်က ဒီနေ့လေးမှာ ကျရောက်လာတဲ့ သူ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးလေးကို Romantic ဆန်လွန်းလှတဲ့ မွေးနေ့ဆုတောင်းလေးတစ်ခု တောင်းပေးခဲ့တာ တွေ့ရပါတယ်။ ကျော်ကျော်ဗိုကတော့ မကြာခဏဆိုသလို ချစ်ရတဲ့ ဇနီးနဲ့ သမီးကို ဘယ်လောက်ထိချစ်ကြောင်း လူမှုကွန်ယက်မှာ ထုတ်ပြောလေ့ရှိသူတစ်ဦးပါ။

ချစ်ပရိသတ်တွေအတွက် နောက်တစ်ယောက်မရှိနိုင်တော့တဲ့ တစ်ဦးတည်းသော ချစ်ဇနီးလေးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်ဗိုလ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ကျော်ဗိုလ်ကတော့ “တစ်ဦးတည်းသောဇနီး Happy Birthday ပါ ။ 😘🎂 မှ တစ်ဦးတည်းသောခင်ပွန်း နှင့် တစ်ဦးတည်းသောသမီး 🥰” ဆိုပြီး သူ့ဘဝမှာ နောက်တစ်ယောက်မရှိနိုင်တော့တဲ့ ချစ်ဇနီးကို Romantic ဆန်ဆန် မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

ပါရမီဖြည့်ဘက်ကောင်း ပီသတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ချစ်ဇနီးချောလေးကတော့ နှစ်ပေါင်းများစွာတိုင်အောင် ခင်ပွန်းရဲ့ဘေးမှာ ပါရမီဖြည့်ပြီး၊ အိမ်ထောင်ရှင်မတစ်ဦးရဲ့တာဝန်တွေကို အပြည့်အဝကျေပြွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ ဇနီးချောလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ခင်ပွန်းကောင်းတစ်ဦးဖြစ်တဲ့အပြင်၊ သူနဲ့အရမ်းတူတဲ့ သမီးလေးကိုလည်း သူ့ဘဝတစ်ခုလုံးဆိုပြီး အချစ်ပိုလွန်းတာ တွေ့ရပါတယ်။ ကျော်ကျော်ဗိုလ်နဲ့ မယဉ်ယဉ်မင်းတို့ရဲ့တစ်ဦးတည်းသော သမီးလေး Ike လေးကတော့ အခုဆိုရင် (၉) နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဇနီးချောလေးကို ကြင်နာလွန်းစွာ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်ဗိုလ်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit : momolay

LEAVE A REPLY