Zawgyi ျဖင့္ဖတ္ရန္

Liam Hemsworth ရဲ႕ ကြဲေနတဲ့အသည္းေတြလည္း အခုခ်ိန္မွာ အနာက်က္သြားခဲ့ပုံ ရပါတယ္။ ဇနီးေဟာင္း Miley Cyrus နဲ႔ လမ္းခြဲၿပီးေနာက္ပိုင္းမွာ ျပည္ေတာ္ျပန္ၿပီး အသည္းကြဲေဝဒနာကို ကုစားေနရာက အခုေတာ့ အခ်စ္သစ္နဲ႔ ဘဝသစ္ကို ေရွ႕ဆက္ေနတာကို ေတြ႕ရပါတယ္။

Liam Hemsworth နဲ႔ သူ႔ရဲ႕အခ်စ္သစ္ကို ေအာက္တိုဘာလ(၁၀)ရက္ေန႔က နယူးေယာ့ၿမိဳ႕ရဲ႕ West Village မွာ အတူလက္တြဲၿပီး လမ္းေလွ်ာက္လာတာကို ေတြ႕လိုက္ၾကရတာ ျဖစ္ပါတယ္။ Liam နဲ႔ တြဲခုတ္ေနတဲ့ မိန္းကေလးကေတာ့ ေအာ္စီက မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ Maddison Brown လို႔ အမည္ရၿပီး Liam နဲ႔ ဇာတိအတူတူ၊ ၾသစေတ်းလ် ငယ္ေမြးၿခံေပါက္ေတြ ျဖစ္ပါတယ္။

West Village မွာ လမ္းေလွ်ာက္ထြက္႐ုံတင္မဟုတ္ေသးဘဲ Sant Ambroeus မွာ ေန႔လယ္စာ အတူစားေနၾကတာကိုလည္း ေတြ႕ရပါေသးတယ္။ ဒီပုံရိပ္ေတြကိုေတာ့ TMZ သတင္းဌာနက ရယူေပးထားတာ ျဖစ္ပါတယ္။

အစပိုင္းမွာ Liam တြဲလာတဲ့ အမ်ိဳးသမီးက ဘယ္သူမ်ားလည္းလို႔ ေမးခြန္းထုတ္ခဲ့ၾကရပါေသးတယ္။ ေနာက္နာရီအေတာ္ၾကာေတာ့မွ ၾသစေတ်းလ်မင္းသမီးတစ္လက္ျဖစ္ေၾကာင္းနဲ႔ Dynasty စီးရီးရဲ႕ second season မွာ Kirby Anders အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Maddison Brown မွန္း သိၾကရတာ ျဖစ္ပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္ Maddison Brown ဟာ အရင္တစ္ခ်ိန္က ျပဳလုပ္ခဲ့ဖူးတဲ့ အင္တာဗ်ဴးတစ္ခုမွာ Hemsworth ညီအစ္ကိုႏွစ္ေယာက္လုံးကို ေႂကြတဲ့အေၾကာင္း၊ ျဖစ္ႏိုင္ရင္ အတူေတာင္ အိပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာထားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

Liam အေနနဲ႔ကေတာ့ ၾသဂုတ္လမွာ Miley နဲ႔ လမ္းခြဲခဲ့ၿပီးကတည္းက ေမြးရပ္ေျမ ၾသစေတ်းလ်ကိုျပန္ၿပီး အစ္ကို Chris Hemsworth ရဲ႕ မိသားစုနဲ႔ ေအးေအးေဆးေဆး ေနေနခဲ့တာပါ။ Miley နဲ႔ လမ္းခြဲၿပီး ႏွစ္လအၾကာမွာ အခုလို အခ်စ္သစ္နဲ႔ ေတြ႕ေနတာလည္း ျဖစ္ပါတယ္။

Miley ကေတာ့ Liam နဲ႔ လမ္းခြဲၿပီးၿပီးခ်င္းပဲ ဘေလာ့ဂါ Kaitlynn Carter နဲ႔ ရွစ္ပတ္ဝန္းက်င္ တြဲခုတ္ခဲ့ၿပီးေနာက္ လမ္းခြဲျပတ္စဲခဲ့ၿပီး အခုလက္ရွိမွာ အဆိုေတာ္ Cody Simpson နဲ႔ တြဲခုတ္ေနတာကို ေတြ႕ၾကရပါတယ္။

share from : sanyitwine

 

Unicode ဖြင့်ဖတ်ရန်

 

အချစ်သစ်ရသွားပြီဖြစ်တဲ့Liam Hemsworth

Liam Hemsworth ရဲ့ ကွဲနေတဲ့အသည်းတွေလည်း အခုချိန်မှာ အနာကျက်သွားခဲ့ပုံ ရပါတယ်။ ဇနီးဟောင်း Miley Cyrus နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ပြည်တော်ပြန်ပြီး အသည်းကွဲဝေဒနာကို ကုစားနေရာက အခုတော့ အချစ်သစ်နဲ့ ဘဝသစ်ကို ရှေ့ဆက်နေတာကို တွေ့ရပါတယ်။

Liam Hemsworth နဲ့ သူ့ရဲ့အချစ်သစ်ကို အောက်တိုဘာလ(၁၀)ရက်နေ့က နယူးယော့မြို့ရဲ့ West Village မှာ အတူလက်တွဲပြီး လမ်းလျှောက်လာတာကို တွေ့လိုက်ကြရတာ ဖြစ်ပါတယ်။ Liam နဲ့ တွဲခုတ်နေတဲ့ မိန်းကလေးကတော့ အော်စီက မင်းသမီးတစ်လက် ဖြစ်ပါတယ်။ Maddison Brown လို့ အမည်ရပြီး Liam နဲ့ ဇာတိအတူတူ၊ သြစတျေးလျ ငယ်မွေးခြံပေါက်တွေ ဖြစ်ပါတယ်။

West Village မှာ လမ်းလျှောက်ထွက်ရုံတင်မဟုတ်သေးဘဲ Sant Ambroeus မှာ နေ့လယ်စာ အတူစားနေကြတာကိုလည်း တွေ့ရပါသေးတယ်။ ဒီပုံရိပ်တွေကိုတော့ TMZ သတင်းဌာနက ရယူပေးထားတာ ဖြစ်ပါတယ်။

အစပိုင်းမှာ Liam တွဲလာတဲ့ အမျိုးသမီးက ဘယ်သူများလည်းလို့ မေးခွန်းထုတ်ခဲ့ကြရပါသေးတယ်။ နောက်နာရီအတော်ကြာတော့မှ သြစတျေးလျမင်းသမီးတစ်လက်ဖြစ်ကြောင်းနဲ့ Dynasty စီးရီးရဲ့ second season မှာ Kirby Anders အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Maddison Brown မှန်း သိကြရတာ ဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ် Maddison Brown ဟာ အရင်တစ်ချိန်က ပြုလုပ်ခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုမှာ Hemsworth ညီအစ်ကိုနှစ်ယောက်လုံးကို ကြွေတဲ့အကြောင်း၊ ဖြစ်နိုင်ရင် အတူတောင် အိပ်ချင်တဲ့အကြောင်းတွေ ပြောထားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Liam အနေနဲ့ကတော့ သြဂုတ်လမှာ Miley နဲ့ လမ်းခွဲခဲ့ပြီးကတည်းက မွေးရပ်မြေ သြစတျေးလျကိုပြန်ပြီး အစ်ကို Chris Hemsworth ရဲ့ မိသားစုနဲ့ အေးအေးဆေးဆေး နေနေခဲ့တာပါ။ Miley နဲ့ လမ်းခွဲပြီး နှစ်လအကြာမှာ အခုလို အချစ်သစ်နဲ့ တွေ့နေတာလည်း ဖြစ်ပါတယ်။

Miley ကတော့ Liam နဲ့ လမ်းခွဲပြီးပြီးချင်းပဲ ဘလော့ဂါ Kaitlynn Carter နဲ့ ရှစ်ပတ်ဝန်းကျင် တွဲခုတ်ခဲ့ပြီးနောက် လမ်းခွဲပြတ်စဲခဲ့ပြီး အခုလက်ရှိမှာ အဆိုတော် Cody Simpson နဲ့ တွဲခုတ်နေတာကို တွေ့ကြရပါတယ်။

share from : sanyitwine

LEAVE A REPLY