Zawgyi ျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္ လင္းလက္ဟိန္းရဲ႕ အမႈကို ရက္ေပါင္း (၁၈၀)အတြင္း အၿပီးစစ္ေဆးသြားမယ္လို႔ သိရပါတယ္။ ေအာက္တိုဘာ(၁၈) ရက္ေန႔က ပုဒ္မ ၃၃၂၊ ၃၅၂ နဲ႔ အာမခံရသြားတဲ့ လင္းလက္ဟိန္းကေတာ့ ဒီေန႔(ေအာက္တိုဘာ၂၉ရက္)႐ုံးခ်ိန္းသို႔ တက္ေရာက္ခဲ့ပါတယ္။ အရက္မူးၿပီး အမွားလုပ္လိုက္မိခဲ့တာေၾကာင့္ အမႈရင္ဆိုင္ေနရတဲ့ လင္းလက္ဟိန္းက ေနာက္ဆိုရင္ အရက္မေသာက္မိေအာင္ေနဖို႔ကိုလည္း စိတ္ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္က မူးၿပီးမွားသြားတာေပ့ါ။ အားလုံးကိုလည္း ေတာင္းပန္ပါတယ္။ အားလုံးစိုးရိမ္ေအာင္ လုပ္လိုက္မိတဲ့အတြက္ ေနာက္ဆိုရင္လည္း မေသာက္ေတာ့ပါဘူး။လိမၼာပါေတာ့မယ္” လို႔ ဒီေန႔ ႐ုံးခ်ိန္းကအျပန္ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။

လက္ရွိမွာလည္း သူ႔ရဲ႕ က်န္းမာေရး အေျခအေနမွာလည္း ေကာင္းမြန္ေနၿပီး ျဖစ္တာေၾကာင့္ ပရိသတ္ေတြ မစိုးရိမ္ဖို႔ကိုလည္း ေျပာခဲ့ပါတယ္။ သ႐ုပ္ေဆာင္ လင္းလက္ဟိန္းရဲ႕ အမႈကို ရက္ေပါင္း (၁၈၀)အတြင္း အၿပီးစစ္ေဆးသြားမယ္လို႔ သိရပါတယ္။ေနာက္ထပ္႐ုံးခ်ိန္းကိုလည္း ႏိုဝင္ဘာ(၁၄)ရက္ေန႔မွာ ထပ္မံခ်ိန္းဆိုလိုက္ပါတယ္။

သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကိုေတာ့ စက္တင္ဘာ ၁၉ ရက္ေန႔ နံနက္ ၅ နာရီခြဲ အခ်ိန္ခန႔္က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္ ရတနာပုံလမ္းတြင္ အမ်ိဳးသားတဦး ဓားကိုင္ကာ မူးယစ္ေသာင္းက်န္းေနေၾကာင္း ရပ္ကြက္ေနျပည္သူမ်ားရဲ႕ ဖုန္းဆက္ အေၾကာင္းၾကားမႈေၾကာင့္ သြားေရာက္ ဖမ္းဆီးခဲ့ရပါတယ္။ ဖမ္းဆီးရာမွာ လင္းလက္ဟိန္းလက္နက္ မခ်ဘဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအား ႐ိုက္ႏွက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္တဦးကိုလည္း ကတ္ေၾကးျဖင့္ ေျပးထိုးခဲ့တာေၾကာင့္ လင္းလက္ဟိန္းအား ရဲတပ္ဖြဲ႕ဝင္ တဦးက အသင့္ေဆာင္ထားတဲ့ ၁၂ ဗို႔ ပန႔္အက္ရွင္ေသနတ္နဲ႔ သူ႔ရဲ႕ေအာက္ပိုင္းကို တခ်က္ ပစ္ခတ္ ဖမ္းဆီးခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကို သဃၤန္းကြၽန္းၿမိဳ႕မ ရဲစခန္းမွ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၇ျဖင့္ အမႈဖြင့္ထားခဲ့တာ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကိုေတာ့ စက္တင္ဘာလ ၁၉ ရက္ေန႔က ဖမ္းဆီးခဲ့တာျဖစ္ၿပီး ေအာက္တိုဘာ ၃ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္း ၿမိဳ႕နယ္မွာ ႐ုံးထုတ္ ရမန္ယူခဲ့ပါတယ္။

share from : burmese.asia

 

Unicode ဖြင့်ဖတ်ရန်

အရက်မူးပြီး အမှားလုပ်လိုက်မိခဲ့တာပါလို့ ဆိုတာတဲ့ လင်းလက်ဟိန်း

သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှုကို ရက်ပေါင်း (၁၈၀)အတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။ အောက်တိုဘာ(၁၈) ရက်နေ့က ပုဒ်မ ၃၃၂၊ ၃၅၂ နဲ့ အာမခံရသွားတဲ့ လင်းလက်ဟိန်းကတော့ ဒီနေ့(အောက်တိုဘာ၂၉ရက်)ရုံးချိန်းသို့ တက်ရောက်ခဲ့ပါတယ်။ အရက်မူးပြီး အမှားလုပ်လိုက်မိခဲ့တာကြောင့် အမှုရင်ဆိုင်နေရတဲ့ လင်းလက်ဟိန်းက နောက်ဆိုရင် အရက်မသောက်မိအောင်နေဖို့ကိုလည်း စိတ်ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်က မူးပြီးမှားသွားတာပေ့ါ။ အားလုံးကိုလည်း တောင်းပန်ပါတယ်။ အားလုံးစိုးရိမ်အောင် လုပ်လိုက်မိတဲ့အတွက် နောက်ဆိုရင်လည်း မသောက်တော့ပါဘူး။လိမ္မာပါတော့မယ်” လို့ ဒီနေ့ ရုံးချိန်းကအပြန် မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာလည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်နေပြီး ဖြစ်တာကြောင့် ပရိသတ်တွေ မစိုးရိမ်ဖို့ကိုလည်း ပြောခဲ့ပါတယ်။ သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှုကို ရက်ပေါင်း (၁၈၀)အတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။နောက်ထပ်ရုံးချိန်းကိုလည်း နိုဝင်ဘာ(၁၄)ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပါတယ်။

သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရပါတယ်။ ဖမ်းဆီးရာမှာ လင်းလက်ဟိန်းလက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကိုလည်း ကတ်ကြေးဖြင့် ပြေးထိုးခဲ့တာကြောင့် လင်းလက်ဟိန်းအား ရဲတပ်ဖွဲ့ဝင် တဦးက အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY