Zawgyi ျဖင့္ဖတ္ရန္

တူရကီ႐ုပ္သံရဲ႕ နာမည္ေက်ာ္အစီအစဥ္တစ္ခုျဖစ္တဲ့ အလွျပင္အစီအစဥ္တစ္ခုမွာ ေမာ္ဒယ္တစ္ေယာက္ဟာ သူမ အႏွစ္ႏွစ္အလလက ေမြးထားတဲ့ဆံပင္ေတြကို ဆံသဆရာက မေျပာမဆို တိတိရိရိ ျဖတ္ခ်လိုက္တဲ့အတြက္၊ အလြန္ဝမ္းနည္းသြားၿပီး၊ မူးေမ့လဲက်သည္အထိ ျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။

ေမာ္ဒယ္ရဲ႕အမည္ကေတာ့ İlayda ျဖစ္ၿပီး၊ ဒီအစီအစဥ္မွာ ပါဝင္တင္ဆက္သူတိုင္း ႐ုပ္ပိုင္းဆိုင္ရာ ႀကီးမားတဲ့အေျပာင္းအလဲနဲ႔အတူ၊ ထင္မွတ္မထားေအာင္ ထြက္ေပၚလာမယ့္ အလွတရားက အံ့ၾသဖြယ္ရာျဖစ္လိမ့္မယ္ဆိုတာကို ၾကည့္ရႈသူေတြအေနနဲ႔ေကာ ပါဝင္တဲ့ေမာ္ဒယ္ေတြလည္း ႀကိဳေတြးထားၾကမွာပါ။

ဒါေပမယ့္ ေမာ္ဒယ္ İlayda ကေတာ့ (၁၂)လက္မေလာက္အထိ သူမရဲ႕ဆံပင္ေတြကို ျဖတ္ခ်ခံလိုက္ရလိမ့္မယ္လို႔ ႀကိဳေတြးထားပုံ မရပါဘူး။ ေနာက္ၿပီး ဆံသဆရာနဲ႔ သူမ ႀကိဳတင္တိုင္ပင္ စည္းဝါးကိုက္ထားျခင္းမရွိဘဲ အခုအစီအစဥ္မွာ မရွင္းမရွင္း ပါဝင္လာခဲ့ပုံရပါတယ္။ ဆံသဆရာရဲ႕အမည္ကေတာ့ Bilal Ağın ျဖစ္ပါတယ္။

ဒီထုတ္လႊင့္မႈအစီအစဥ္ကိုေတာ့ တူရကီလို Kuaförüm Sensin လို႔ေခၚၿပီး၊ သင့္ေလွ်ာ္သလို ဘာသာျပန္မယ္ဆိုပါက ‘You’re My Hairdresser‘.လို႔ အဓိပၸါယ္ရပါတယ္။ ဒီအစီအစဥ္ဟာ ၿပိဳင္ပြဲသေဘာမ်ိဳးျဖစ္ၿပီး၊ မိတ္ကပ္အလွျပင္ပညာရွင္ေတြ၊ ဆံပင္နဲ႔၊ ဖက္ရွင္ပညာရွင္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကတဲ့ အစီအစဥ္ျဖစ္ပါတယ္။

Bilal က ကတ္ေၾကးနဲ႔ ဆံပင္ေတြ ျဖတ္ခ်လိုက္ေတာ့ İlayda တစ္ေယာက္ ဘာစကားမွ မေျပာႏိုင္ျဖစ္သြားပါတယ္။ အဲဒီေနာက္မွာေတာ့ မေက်မနပ္နဲ႔ ညည္းတြားေျပာဆိုခဲ့ၿပီး၊ ေနာက္ဆုံးေတာ့ ဒီအစီအစဥ္ကို ဆက္လက္ပါဝင္လိုျခင္းမရွိေတာ့ဘဲ ၿပိဳင္ပြဲကေန ထြက္ခြာသြားပါတယ္။ ထြက္ေပါက္နားေလး မေရာက္ခင္မွာပဲ İlayda တစ္ေယာက္ မူးေမ့လဲက်ပါေတာ့တယ္။

 

က်န္တဲ့ၿပိဳုင္ပြဲဝင္ေတြနဲ႔၊ ဒိုင္လူႀကီးေတြလည္း အူေၾကာင္ေၾကာင္နဲ႔ က်န္ရစ္ခဲ့ပါတယ္။ အဲဒီ Show ကေန ျဖတ္ေတာက္ရရွိတဲ့ ဆံပင္ေတြကို ‘Let My Hair Be Your Hair’ အစီအစဥ္နဲ႔ ကင္ဆာေဝဒနာရွင္ေတြရဲ႕ ရံပုံေငြအျဖစ္ လႉဒါန္းတယ္လို႔ သိရပါတယ္။ အခုဗြီဒီယိုဖိုင္ကို ၾကည့္ရႈသူ (၂)သန္း ေက်ာ္ခဲ့ပါတယ္။ ေနာက္ထပ္ ဘာေတြဆက္ျဖစ္လဲ မသိရပါဘူး။

Credit : shwemom

Unicode ဖြင့်ဖတ်ရန်

ဆံပင်ရှည်တွေကို ဆံသဆရာက မပြောမဆိုညှပ်ချလိုက်လို့ မူးမေ့လဲကျခဲ့ရတဲ့မော်ဒယ်

တူရကီရုပ်သံရဲ့ နာမည်ကျော်အစီအစဉ်တစ်ခုဖြစ်တဲ့ အလှပြင်အစီအစဉ်တစ်ခုမှာ မော်ဒယ်တစ်ယောက်ဟာ သူမ အနှစ်နှစ်အလလက မွေးထားတဲ့ဆံပင်တွေကို ဆံသဆရာက မပြောမဆို တိတိရိရိ ဖြတ်ချလိုက်တဲ့အတွက်၊ အလွန်ဝမ်းနည်းသွားပြီး၊ မူးမေ့လဲကျသည်အထိ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

မော်ဒယ်ရဲ့အမည်ကတော့ İlayda ဖြစ်ပြီး၊ ဒီအစီအစဉ်မှာ ပါဝင်တင်ဆက်သူတိုင်း ရုပ်ပိုင်းဆိုင်ရာ ကြီးမားတဲ့အပြောင်းအလဲနဲ့အတူ၊ ထင်မှတ်မထားအောင် ထွက်ပေါ်လာမယ့် အလှတရားက အံ့သြဖွယ်ရာဖြစ်လိမ့်မယ်ဆိုတာကို ကြည့်ရှုသူတွေအနေနဲ့ကော ပါဝင်တဲ့မော်ဒယ်တွေလည်း ကြိုတွေးထားကြမှာပါ။

ဒါပေမယ့် မော်ဒယ် İlayda ကတော့ (၁၂)လက်မလောက်အထိ သူမရဲ့ဆံပင်တွေကို ဖြတ်ချခံလိုက်ရလိမ့်မယ်လို့ ကြိုတွေးထားပုံ မရပါဘူး။ နောက်ပြီး ဆံသဆရာနဲ့ သူမ ကြိုတင်တိုင်ပင် စည်းဝါးကိုက်ထားခြင်းမရှိဘဲ အခုအစီအစဉ်မှာ မရှင်းမရှင်း ပါဝင်လာခဲ့ပုံရပါတယ်။ ဆံသဆရာရဲ့အမည်ကတော့ Bilal Ağın ဖြစ်ပါတယ်။

ဒီထုတ်လွှင့်မှုအစီအစဉ်ကိုတော့ တူရကီလို Kuaförüm Sensin လို့ခေါ်ပြီး၊ သင့်လျှော်သလို ဘာသာပြန်မယ်ဆိုပါက ‘You’re My Hairdresser‘.လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအစီအစဉ်ဟာ ပြိုင်ပွဲသဘောမျိုးဖြစ်ပြီး၊ မိတ်ကပ်အလှပြင်ပညာရှင်တွေ၊ ဆံပင်နဲ့၊ ဖက်ရှင်ပညာရှင်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Bilal က ကတ်ကြေးနဲ့ ဆံပင်တွေ ဖြတ်ချလိုက်တော့ İlayda တစ်ယောက် ဘာစကားမှ မပြောနိုင်ဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ မကျေမနပ်နဲ့ ညည်းတွားပြောဆိုခဲ့ပြီး၊ နောက်ဆုံးတော့ ဒီအစီအစဉ်ကို ဆက်လက်ပါဝင်လိုခြင်းမရှိတော့ဘဲ ပြိုင်ပွဲကနေ ထွက်ခွာသွားပါတယ်။ ထွက်ပေါက်နားလေး မရောက်ခင်မှာပဲ İlayda တစ်ယောက် မူးမေ့လဲကျပါတော့တယ်။

ကျန်တဲ့ပြိုုင်ပွဲဝင်တွေနဲ့၊ ဒိုင်လူကြီးတွေလည်း အူကြောင်ကြောင်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ Show ကနေ ဖြတ်တောက်ရရှိတဲ့ ဆံပင်တွေကို ‘Let My Hair Be Your Hair’ အစီအစဉ်နဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ရံပုံငွေအဖြစ် လှူဒါန်းတယ်လို့ သိရပါတယ်။ အခုဗွီဒီယိုဖိုင်ကို ကြည့်ရှုသူ (၂)သန်း ကျော်ခဲ့ပါတယ်။ နောက်ထပ် ဘာတွေဆက်ဖြစ်လဲ မသိရပါဘူး။

Credit : shwemom

LEAVE A REPLY