Zawgyi ျဖင့္ဖတ္ရန္

မေလးရွားေမာ္ဒယ္လ္တစ္ဦးျဖစ္ၿပီး အသက္ ၂၈ ႏွစ္ ရွိၿပီျဖစ္တဲ့ Sabee Chin ဟာ Miss CharmingInternational 2017 ၿပိဳင္ပြဲမွာ ဆုရရွိခဲ့သူ အလွမယ္တစ္ဦးလည္း ျဖစ္ပါတယ္….
သူမဟာ ကြာလာလမ္ပူကို ေလယာဥ္စီးလာရင္းနဲ႔ စီးလာတဲ့ ေလေၾကာင္းလိုင္းကို ေလယာဥ္ေပၚက အျဖစ္အပ်က္တစ္ခုေၾကာင့္ အြန္လိုင္းေပၚမွာ အရွက္ခြဲဖို႔ ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး…..

 

ျဖစ္စဥ္ေလးကေတာ့ သူမရဲ႕ ေလယာဥ္ဟာ အမွတ္(၂)ကြာလာလမ္ပူအျပည္ျပည္ဆိုင္ရာေလဆိပ္ ကို ဆင္းသက္ကာနီးအခ်ိန္မွာ သူမက အိမ္သာတက္ခ်င္လို႔ အျခားခရီးသြားတစ္ဦးနဲ႔ အတူ အိမ္သာ အသုံးျပဳခြင့္ရဖို႔ ေစာင့္ေနခဲ့ပါတယ္….ဒါေပမဲ့လည္း ေလယာဥ္အမႈထမ္းက ေလယာဥ္ဆင္းေတာ့မွာ ျဖစ္လို႔ အိမ္သာသုံးလို႔ မရႏိုင္ေတာ့ဘဲ မိမိေနရာမွာ ျပန္ထိုင္ေပးဖို႔ ေျပာခဲ့ပါတယ္..

ဒါေပမဲ့ Sabee Chin က လက္မေလွ်ာ့ေသးဘဲ ၂ ႀကိမ္ ၃ ႀကိမ္ထိ အိမ္သာသုံးခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့ေပမဲ့လည္း မရခဲ့ပါဘူး…. အဲတာေၾကာင့္ Sabee Chin ဟာ ေဒါသထြက္ၿပီး ေလယာဥ္အမႈထမ္းကို ေအာ္ဟစ္ေျပာဆိုေတြေတြလုပ္ၿပီး မ်က္ႏွာကိုလည္း ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္….. ဒါ့အျပင္ သူမဟာ ေလယာဥ္ဝန္ထမ္းေတြရဲ႕ မ်က္ႏွာေတြကို ဗီဒီယိုလိုက္႐ိုက္ၿပီး “ဒီေလယာဥ္က AirAsia ၊ AirAsia..” ဆိုၿပီးေတာ့လည္း ေလေၾကာင္းလိုင္းအမည္ကို ေအာ္ဟစ္ခဲ့ပါတယ္….

ဒီအျဖစ္အပ်က္ေတြဟာ အင္တာနက္မွာ ျပန႔္သြားၿပီးေနာက္မွာေတာ့ လူေတြက ေလယာဥ္အမႈထမ္းေတြကို အျပစ္မတင္ဘဲ သူမရဲ႕ အျပဴအမူကိုသာ မလုပ္သင့္ေၾကာင္းမွတ္ခ်က္ေတြ ေျပာဆိုခဲ့ၾကပါတယ္… ဒါ့အျပင္ သူမရရွိထားတဲ့ အလွမယ္ဘြဲ႕ကို ေလွာင္ေျပာင္ၿပီး “Ms Toilet” လို႔ေတာင္ နာမည္ေပးခဲ့ၾကပါတယ္….အဲဒီေနာက္မွာေတာ့ Sabee Chin ဟာ Facebook မွာ Live လႊင့္ၿပီးေတာ့ ျပန္လည္ေတာင္းပန္ခဲ့ရပါေတာ့တယ္….

 

တကယ္ေတာ့ ေလယာဥ္ဆင္းကာနီးနဲ႔ တက္တဲ့ အခ်ိန္ေတြမွာ ခရီးသည္ေတြဟာ မိမိေနရာမွာ ခါးပတ္ပတ္ၿပီး စနစ္တက် ထိုင္ေနရမွာပဲ ျဖစ္ပါတယ္….. ဒါဟာ ခရီးသည္ေတြ မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိမွာ စိုးတာေၾကာင့္ပဲ ျဖစ္ပါတယ္….ခုေတာ့ ဒါကို မသိတဲ့ ေမာ္ဒယ္ေလးဟာ ေလေၾကာင္းလိုင္းကို အျပစ္တင္ဖို႔ ႀကိဳးစားေပမဲ့ သူမသာ အမ်ားရဲ႕ ေဝဖန္ျခင္းကို ခံခဲ့ရတာပဲ ျဖစ္ပါတယ္…

Writer – HW (Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

လေယာဉ် ဆင်းသက်ချိန် အိမ်သာတက်ချင် စိတ်ကို မအောင့်အီးနိုင်ခဲ့လို့ ပြဿနာတက် အရှက်ကွဲခဲ့ရတဲ့ အလှမယ်လေး

မလေးရှားမော်ဒယ်လ်တစ်ဦးဖြစ်ပြီး အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ Sabee Chin ဟာ Miss Charming International 2017 ပြိုင်ပွဲမှာ ဆုရရှိခဲ့သူ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်….
သူမဟာ ကွာလာလမ်ပူကို လေယာဉ်စီးလာရင်းနဲ့ စီးလာတဲ့ လေကြောင်းလိုင်းကို လေယာဉ်ပေါ်က အဖြစ်အပျက်တစ်ခုကြောင့် အွန်လိုင်းပေါ်မှာ အရှက်ခွဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး…..

ဖြစ်စဉ်လေးကတော့ သူမရဲ့ လေယာဉ်ဟာ အမှတ်(၂)ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဆင်းသက်ကာနီးအချိန်မှာ သူမက အိမ်သာတက်ချင်လို့ အခြားခရီးသွားတစ်ဦးနဲ့ အတူ အိမ်သာ အသုံးပြုခွင့်ရဖို့ စောင့်နေခဲ့ပါတယ်….ဒါပေမဲ့လည်း လေယာဉ်အမှုထမ်းက လေယာဉ်ဆင်းတော့မှာ ဖြစ်လို့ အိမ်သာသုံးလို့ မရနိုင်တော့ဘဲ မိမိနေရာမှာ ပြန်ထိုင်ပေးဖို့ ပြောခဲ့ပါတယ်..

ဒါပေမဲ့ Sabee Chin က လက်မလျှော့သေးဘဲ ၂ ကြိမ် ၃ ကြိမ်ထိ အိမ်သာသုံးခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့လည်း မရခဲ့ပါဘူး…. အဲတာကြောင့် Sabee Chin ဟာ ဒေါသထွက်ပြီး လေယာဉ်အမှုထမ်းကို အော်ဟစ်ပြောဆိုတွေတွေလုပ်ပြီး မျက်နှာကိုလည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်….. ဒါ့အပြင် သူမဟာ လေယာဉ်ဝန်ထမ်းတွေရဲ့ မျက်နှာတွေကို ဗီဒီယိုလိုက်ရိုက်ပြီး “ဒီလေယာဉ်က AirAsia ၊ AirAsia..” ဆိုပြီးတော့လည်း လေကြောင်းလိုင်းအမည်ကို အော်ဟစ်ခဲ့ပါတယ်….

ဒီအဖြစ်အပျက်တွေဟာ အင်တာနက်မှာ ပြန့်သွားပြီးနောက်မှာတော့ လူတွေက လေယာဉ်အမှုထမ်းတွေကို အပြစ်မတင်ဘဲ သူမရဲ့ အပြူအမူကိုသာ မလုပ်သင့်ကြောင်းမှတ်ချက်တွေ ပြောဆိုခဲ့ကြပါတယ်… ဒါ့အပြင် သူမရရှိထားတဲ့ အလှမယ်ဘွဲ့ကို လှောင်ပြောင်ပြီး “Ms Toilet” လို့တောင် နာမည်ပေးခဲ့ကြပါတယ်….အဲဒီနောက်မှာတော့ Sabee Chin ဟာ Facebook မှာ Live လွှင့်ပြီးတော့ ပြန်လည်တောင်းပန်ခဲ့ရပါတော့တယ်….

တကယ်တော့ လေယာဉ်ဆင်းကာနီးနဲ့ တက်တဲ့ အချိန်တွေမှာ ခရီးသည်တွေဟာ မိမိနေရာမှာ ခါးပတ်ပတ်ပြီး စနစ်တကျ ထိုင်နေရမှာပဲ ဖြစ်ပါတယ်….. ဒါဟာ ခရီးသည်တွေ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှာ စိုးတာကြောင့်ပဲ ဖြစ်ပါတယ်….ခုတော့ ဒါကို မသိတဲ့ မော်ဒယ်လေးဟာ လေကြောင်းလိုင်းကို အပြစ်တင်ဖို့ ကြိုးစားပေမဲ့ သူမသာ အများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)

LEAVE A REPLY