Zawgyi ျဖင့္ဖတ္ရန္

ယူကရိန္းႏိုင္ငံက အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ စစ္မႈမထမ္းရေအာင္ အသက္ ၈၁ ႏွစ္အ႐ြယ္ ဝမ္းကြဲအစ္မႀကီးကို လက္ထပ္ေပါင္းသင္းတာလို႔ စြဲဆိုခံရပါတယ္။

ယူကရိန္း အမ်ိဳးသားတိုင္း စစ္မႈထမ္းရတာကို ေရွာင္ရွားလိုတာေၾကာင့္ အလက္ဇျႏၵားကြန္ဒရာယက္ဆိုသူက သူနဲ႔ ေသြးခ်င္းေတာ္သူ မသန္စြမ္း အဘြားအိုကို လက္ထပ္တာလို႔ စြဲဆိုခံရတာပါ။

ဒါေပမယ့္ ကြန္ဒရာယက္ကေတာ့ ဒီ စြဲဆိုခ်က္ကို ျငင္းဆန္ၿပီး သူ႔ ဝမ္းကြဲအစ္မ အဘြားအိုနဲ႔ သံေယာဇဥ္တြယ္တာေၾကာင့္ လက္ထပ္ေပါင္းသင္းတာျဖစ္တယ္လို႔ ဆိုပါတယ္။

ကြန္ဒရာယက္ဟာ တရားဝင္လိုအပ္ခ်က္ေတြ မလုပ္ေဆာင္ဘဲ လက္ထပ္ခဲ့တာျဖစ္ၿပီး ခုလို စြဲဆိုခ်က္ေတြ ထြက္ေပၚလာတဲ့ေနာက္မွာ တာဝန္ရွိသူေတြက ၎ကို စုံစမ္းေမးျမန္းေနပါတယ္။

အဘြားအို ဇီႏိုင္းဒါကို သတင္းေထာက္ေတြက အစ္ေအာက္ေမးျမန္းေပမယ့္ ဇီႏိုင္းဒါက သူ႔ ခင္ပြန္းဟာ သူ႔ကို အလြန္ၾကင္နာၿပီး ေစာင့္ေရွာက္တယ္လို႔ ေျပာပါတယ္။

ကြန္ဒရာယက္က ဇီႏိုင္းဒါနဲ႔ အတူေနထိုင္တယ္လို႔ ေျပာေပမယ့္ အိမ္နီးခ်င္းေတြက ကြန္ဒရာယက္ကို ဇီႏိုင္းဒါအိမ္မွာ တစ္ခါမွ မေတြ႕ခဲ့ဘူးေၾကာင္း ေျပာၾကပါတယ္။

ယူကရိန္းႏိုင္ငံမွာက မသန္စြမ္းသူ ဒါမွမဟုတ္ မသန္စြမ္းသူကို ေစာင့္ေရွာက္ေနရသူေတြက စစ္မႈထမ္းခြင့္ လြတ္ၿငိမ္းၾကပါတယ္။

“ဇီႏိုင္းဒါဆီ လာေရာက္သူေတြမွာ သူ႔ ခင္ပြန္းဆိုသူ ကြန္ဒရာယက္ထက္ တူေတြ၊ ေျမးေတြ၊ ညီအစ္မေတြပဲ ပိုၿပီး အလာမ်ားၾကတာျဖစ္ပါတယ္။”လို႔ အိနီးခ်င္း အမ်ိဳးသမီးတစ္ဦးက ေျပာခဲ့ပါတယ္။

ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

စစ်မှုမထမ်းချင်လို့ အသက် ၈၁ နှစ် ဝမ်းကွဲအစ်မကြီးကို လက်ထပ်တဲ့ အမျိုးသား

ယူကရိန်းနိုင်ငံက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ စစ်မှုမထမ်းရအောင် အသက် ၈၁ နှစ်အရွယ် ဝမ်းကွဲအစ်မကြီးကို လက်ထပ်ပေါင်းသင်းတာလို့ စွဲဆိုခံရပါတယ်။

ယူကရိန်း အမျိုးသားတိုင်း စစ်မှုထမ်းရတာကို ရှောင်ရှားလိုတာကြောင့် အလက်ဇန္ဒြားကွန်ဒရာယက်ဆိုသူက သူနဲ့ သွေးချင်းတော်သူ မသန်စွမ်း အဘွားအိုကို လက်ထပ်တာလို့ စွဲဆိုခံရတာပါ။

ဒါပေမယ့် ကွန်ဒရာယက်ကတော့ ဒီ စွဲဆိုချက်ကို ငြင်းဆန်ပြီး သူ့ ဝမ်းကွဲအစ်မ အဘွားအိုနဲ့ သံယောဇဉ်တွယ်တာကြောင့် လက်ထပ်ပေါင်းသင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

ကွန်ဒရာယက်ဟာ တရားဝင်လိုအပ်ချက်တွေ မလုပ်ဆောင်ဘဲ လက်ထပ်ခဲ့တာဖြစ်ပြီး ခုလို စွဲဆိုချက်တွေ ထွက်ပေါ်လာတဲ့နောက်မှာ တာဝန်ရှိသူတွေက ၎င်းကို စုံစမ်းမေးမြန်းနေပါတယ်။

အဘွားအို ဇီနိုင်းဒါကို သတင်းထောက်တွေက အစ်အောက်မေးမြန်းပေမယ့် ဇီနိုင်းဒါက သူ့ ခင်ပွန်းဟာ သူ့ကို အလွန်ကြင်နာပြီး စောင့်ရှောက်တယ်လို့ ပြောပါတယ်။

ကွန်ဒရာယက်က ဇီနိုင်းဒါနဲ့ အတူနေထိုင်တယ်လို့ ပြောပေမယ့် အိမ်နီးချင်းတွေက ကွန်ဒရာယက်ကို ဇီနိုင်းဒါအိမ်မှာ တစ်ခါမှ မတွေ့ခဲ့ဘူးကြောင်း ပြောကြပါတယ်။

ယူကရိန်းနိုင်ငံမှာက မသန်စွမ်းသူ ဒါမှမဟုတ် မသန်စွမ်းသူကို စောင့်ရှောက်နေရသူတွေက စစ်မှုထမ်းခွင့် လွတ်ငြိမ်းကြပါတယ်။

“ဇီနိုင်းဒါဆီ လာရောက်သူတွေမှာ သူ့ ခင်ပွန်းဆိုသူ ကွန်ဒရာယက်ထက် တူတွေ၊ မြေးတွေ၊ ညီအစ်မတွေပဲ ပိုပြီး အလာများကြတာဖြစ်ပါတယ်။”လို့ အိနီးချင်း အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။

မောင်သံဆင့်(XYZ News)

LEAVE A REPLY