Zawgyi ျဖင့္ဖတ္ရန္

 

မက္ဆီရဲ႕အေမွာင္ေန႔ရက္ေတြ ကုန္ဆုံးသြားခဲ့ၿပီလား။ ေဘာလုံးေလာကရဲ႕ေမွာ္ဆရာလို႔ သတ္မွတ္ခံထားရတဲ့ လီယြန္နယ္မက္ဆီဟာ ဒီရာသီမွာ ေမွာင္မိုက္တဲ့လမ္းကို ေလွ်ာက္လွမ္းေနရတာပါ။ အာဂ်င္တီးနားနဲ႔ ၂၀၁၉ ကိုပါအေမရိကဖလားၿပိဳင္ပြၿပီးကတည္းက မက္ဆီဟာ ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာရရွိသြားခဲ့တယ္။ အဲဒီဒဏ္ရာေၾကာင့္ပဲ လီယြန္နယ္မက္ဆီဟာ ဘာစီလိုနာနဲ႔ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ရၿပီး စိတ္မသက္မသာစြာနဲ႔ ၂၀၁၉-၂၀ ေဘာလုံးရာသီရဲ႕အေစာပိုင္းေန႔စြဲေတြကို ျဖတ္သန္းေနရတာပါ။

ၿပီးခဲ့တဲ့ဆီဗီးလ္နဲ႔ပြဲစဥ္မွာေတာ့ မက္ဆီဟာ ဘာစီလိုနာအတြက္ပြဲထြက္ကစားခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ မက္ဆီဟာ ေျခစြမ္းေကာင္းေတြကို ျပသၿပီး ဘာစီလိုနာတိုက္စစ္ကို အေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ ပြဲခ်ိန္ (၇၈) မိနစ္မွာ ဘာစီလိုနာအတြက္ ေနာက္ဆုံးပြဲသိမ္းဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ မက္ဆီဟာ အဲဒီဂိုးကို (၂၅) ကိုက္အကြာကေန ရရွိခဲ့တဲ့ ဖရီးကစ္ကို အလြန္ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ ပုံစံမ်ိဳးနဲ႔ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ အဲဒီဂိုးမသြင္းခင္မွာလည္း ဖရီးကစ္ (၂) ႀကိမ္ေလာက္ ကန္သြင္းခြင့္ရရွိခဲ့ေသးတာျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြ ရွိေနေသးေပမယ့္ မက္ဆီတစ္ေယာက္ ဒီလိုအေျခအေနမ်ိဳးအထိ ျပန္ကစားႏိုင္တာကပဲ ဘာစီလိုနာပရိသတ္ေတြအတြက္ စိတ္ေက်နပ္စရာလို႔ဆိုရမွာပါ။

စတုတ္စီးတီးအတြက္ ဟက္ထရစ္သြင္းယူေပးခဲ့တဲ့ ဂိုသမားဘတ္လန္းရဲ႕အံ့အားသင့္ဖြယ္စြမ္းရည္မက္ဆီရဲ႕အလြန္ေျပာင္ေျမာက္လြန္းတဲ့ဂိုး

Credit : momolay

Unicode ဖြင့်ဖတ်ရန်

(၂၅) ကိုက်အကွာကနေ ရရှိတဲ့ ဖရီးကစ်ကို ပြောင်မြောက်လွန်းစွာ ကန်သွင်းပြသွားတဲ့ မက်ဆီရဲ့အံ့ခခန်းစွမ်းရည်

မက်ဆီရဲ့အမှောင်နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပြီလား။ ဘောလုံးလောကရဲ့မှော်ဆရာလို့ သတ်မှတ်ခံထားရတဲ့ လီယွန်နယ်မက်ဆီဟာ ဒီရာသီမှာ မှောင်မိုက်တဲ့လမ်းကို လျှောက်လှမ်းနေရတာပါ။ အာဂျင်တီးနားနဲ့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွပြီးကတည်းက မက်ဆီဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိသွားခဲ့တယ်။ အဲဒီဒဏ်ရာကြောင့်ပဲ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာနဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီး စိတ်မသက်မသာစွာနဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့အစောပိုင်းနေ့စွဲတွေကို ဖြတ်သန်းနေရတာပါ။

ပြီးခဲ့တဲ့ဆီဗီးလ်နဲ့ပွဲစဉ်မှာတော့ မက်ဆီဟာ ဘာစီလိုနာအတွက်ပွဲထွက်ကစားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မက်ဆီဟာ ခြေစွမ်းကောင်းတွေကို ပြသပြီး ဘာစီလိုနာတိုက်စစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပွဲချိန် (၇၈) မိနစ်မှာ ဘာစီလိုနာအတွက် နောက်ဆုံးပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အဲဒီဂိုးကို (၂၅) ကိုက်အကွာကနေ ရရှိခဲ့တဲ့ ဖရီးကစ်ကို အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံစံမျိုးနဲ့ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အဲဒီဂိုးမသွင်းခင်မှာလည်း ဖရီးကစ် (၂) ကြိမ်လောက် ကန်သွင်းခွင့်ရရှိခဲ့သေးတာဖြစ်ပါတယ်။ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် မက်ဆီတစ်ယောက် ဒီလိုအခြေအနေမျိုးအထိ ပြန်ကစားနိုင်တာကပဲ ဘာစီလိုနာပရိသတ်တွေအတွက် စိတ်ကျေနပ်စရာလို့ဆိုရမှာပါ။

စတုတ်စီးတီးအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ ဂိုသမားဘတ်လန်းရဲ့အံ့အားသင့်ဖွယ်စွမ်းရည်မက်ဆီရဲ့အလွန်ပြောင်မြောက်လွန်းတဲ့ဂိုး

Credit : momolay

LEAVE A REPLY