Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

လိုအပ်ချက်တွေရှိခဲ့ပေမယ့် ဒိုင်တွေဆီက Golden Ticket ကို အရယူနိုင်ခဲ့တဲ့ Miss Golden

မော်ဒယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခြူးစစ်ဟန် တစ်ယောက်ကတော့ Fans ပရိသတ်တွေလည်း ချစ်ခင်ပိုင်ဆိုင်သလို အများကလည်း အားပေးကြတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာဆိုရင် ရုပ်ရည်ချောမောပြေပြစ်သလို ဖော်ရွေတဲ့အပြုံး ကြင်နာတတ်တဲ့ အကြည့်တွေကြောင့် Miss Golden Land Myanmar ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။

သူမကိုတော့ အခု တလော လူရွေးချယ်ယှဉ်ပြိုင်ပွဲလုပ်နေတဲ့ Myanmar Idol Season 4 မှာ ပြိုင်ပွဲဝင် တစ်ယောက်အဖြစ်နဲ့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ သူမဟာ မော်ဒယ်လောက နဲ့ သရုပ်ဆောင်နေရာတွေကို ထူးထူးချွန်ချွန် ရှိနေသလို ဂီတဘက်မှာလည်းဝါသနာပါသူဖြစ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သူမက ပြောပြပါတယ်။

အသံစစ်ပြီး လူရွေးချယ်ပွဲမှာတော့ ကျေနပ်လောက်စရာ အကောင်းစားကြီးမဟုတ်ပေမယ့် ဒိုင်လူကြီးမင်း ၃ ဦးထဲကမှ ၂ ဦးကYes ပေးခဲ့တာကြောင့် Gloden Ticket ကိုရရှိနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူမဟာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်တာကိုတွေ့ရပြီးတော့ အနုပညာအရည်အသွေးဟာ တကယ့် ထရိန်နာ တစ်ယောက်နဲ့လေ့ကျင့်ပေးရင် ဖြစ်လာနိုင်မလားဆိုတဲ့ အတွေးနဲ့ ဒိုင် ၂ ဦးဖြစ်တဲ့ ဦးလတ်နဲ့ မဖြူတို့က အခွင့်အရေးပေးခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ မသင်ဇာမော်ကလည်း ရှေ့မှာအခက်အခဲတွေ ကြုံပြီး စိတ်ဓာတ်ကျတာမျိုး မကြုံစေချင်တဲ့ မေတ္တာကြောင့် NO ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နောက်တစ်ဆင့်အတွက်တော့ အခွင့်အရေးရသွားပြီဖြစ်တဲံ ခြူစစ်ဟန်က အရည်အချင်းတွေ ဘယ်လိုတိုးတက်လာမလဲ ၊ ဒိုင်တွေ ပေးခဲ့တဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ကြပါစို့နော်။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY