Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ၁၃ ရက္ေန႔က ဂ်ပန္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ One Championship ရဲ႕ Century ပြဲမွာ စိန္ေခၚသူဗီရာ နဲ႔ ျမန္မာ့စပါအုံး ေအာင္လအန္ဆန္တို႔ရဲ႕ ယွဥ္ၿပိဳင္မႈမွာ ေအာင္လအန္ဆန္ဟာ စိန္ေခၚသူ ဗီရာ ကို ဒုတိယအခ်ီမွာတင္ ဒိုင္ပြဲရပ္နဲ႔ အႏိုင္ရခဲ့ၿပီးေတာ့ ခ်န္ပီယံခါးပတ္ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒီပြဲကို ကမာၻ႔ႏိုင္ငံေပါင္း ၁၅၄ ႏိုင္ငံမွာ အခမဲ့ျပသခဲ့ၿပီးေတာ့ ဒီအခ်ိန္မွာ ေအာင္ပြဲရခဲ့တဲ့ ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္ရဲ႕ ေအာင္ႏိုင္ပြဲဟာ ကမာၻကပင္သိသြားခဲ့တာပဲျဖစ္ပါတယ္။ ဒီအတြက္ ဘီဘီစီ သတင္းဌာနက ေအာင္လအန္ဆန္ကို စိန္ေခၚလာႏိုင္တဲ့သူေတြ ရွိေသးလားလို႔ ေမးျမန္းခ်က္မွာေတာ့ ေအာင္လအန္ဆန္က စိန္ေခၚလာႏိုင္တဲ့ သူေတြကို အခုလိုပဲ ေျပာျပလာပါတယ္။

ယခုလရဲ႕ လာမည့္ ၂၅ ရက္ေန႔မွာ Vitaly Bigdash နဲ႔ Leando တို႔ ထိုးသတ္ဖို႔ရွိေနၿပီးေတာ့ အဲ့ဒီပြဲမွာ အႏိုင္ရသူက ခ်န္ပီယံခါးပတ္ကို စိန္ေခၚလာႏိုင္တယ္လို႔ သူက ခန႔္မွန္းထားပါတယ္။ ေနာက္ထပ္ Reinier Re Ridder အမည္ရတဲ့ နယ္သာလန္က ကစားသမားတစ္ဦးဟာ ၁၁ ပြဲ ကစား ၁၁ ပြဲႏိုင္ၿပီး ရႈံးပြဲမရွိသူမို႔ သူ႔အေနနဲ႔လည္း စိန္ေခၚလာႏိုင္ေၾကာင္းကို သူက ေျပာဆိုပါတယ္။

ဒီအထဲမွာမွ Vitaly Bigdash ဟာ ေအာင္လအန္ဆန္ရဲ႕ ၿပိဳင္ဘက္ေဟာင္းျဖစ္ၿပီးေတာ့မစ္ဒယ္ဝိတ္တန္းခါးပတ္လုပြဲမွာ ၂ ပြဲယွဥ္ၿပိဳင္ခဲ့ဖူးၿပီးေတာ့ ပထမပြဲမွာ ေအာင္လအန္ဆန္က ရႈံးနိမ့္ခဲ့ၿပီးေတာ့ ဒုတိယပြဲမွာေတာ့ အမွတ္နဲ႔ ေအာင္လအန္ဆန္က အႏိုင္ရၿပီးခါးပတ္ကို ရရွိခဲ့တာျဖစ္ပါတယ္။

Writer- SMT(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

အောင်လအန်ဆန်းကိုယ်တိုင်ပြောပြတဲ့ သူ့ကိုစိန်ခေါ် လာနိုင်တဲ့ MMA Fighter ၂ ဦး

ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ One Championship ရဲ့ Century ပွဲမှာ စိန်ခေါ်သူဗီရာ နဲ့ မြန်မာ့စပါအုံး အောင်လအန်ဆန်တို့ရဲ့ ယှဉ်ပြိုင်မှုမှာ အောင်လအန်ဆန်ဟာ စိန်ခေါ်သူ ဗီရာ ကို ဒုတိယအချီမှာတင် ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီးတော့ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၄ နိုင်ငံမှာ အခမဲ့ပြသခဲ့ပြီးတော့ ဒီအချိန်မှာ အောင်ပွဲရခဲ့တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်ရဲ့ အောင်နိုင်ပွဲဟာ ကမ္ဘာကပင်သိသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီအတွက် ဘီဘီစီ သတင်းဌာနက အောင်လအန်ဆန်ကို စိန်ခေါ်လာနိုင်တဲ့သူတွေ ရှိသေးလားလို့ မေးမြန်းချက်မှာတော့ အောင်လအန်ဆန်က စိန်ခေါ်လာနိုင်တဲ့ သူတွေကို အခုလိုပဲ ပြောပြလာပါတယ်။

ယခုလရဲ့ လာမည့် ၂၅ ရက်နေ့မှာ Vitaly Bigdash နဲ့ Leando တို့ ထိုးသတ်ဖို့ရှိနေပြီးတော့ အဲ့ဒီပွဲမှာ အနိုင်ရသူက ချန်ပီယံခါးပတ်ကို စိန်ခေါ်လာနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။ နောက်ထပ် Reinier Re Ridder အမည်ရတဲ့ နယ်သာလန်က ကစားသမားတစ်ဦးဟာ ၁၁ ပွဲ ကစား ၁၁ ပွဲနိုင်ပြီး ရှုံးပွဲမရှိသူမို့ သူ့အနေနဲ့လည်း စိန်ခေါ်လာနိုင်ကြောင်းကို သူက ပြောဆိုပါတယ်။

ဒီအထဲမှာမှ Vitaly Bigdash ဟာ အောင်လအန်ဆန်ရဲ့ ပြိုင်ဘက်ဟောင်းဖြစ်ပြီးတော့မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲမှာ ၂ ပွဲယှဉ်ပြိုင်ခဲ့ဖူးပြီးတော့ ပထမပွဲမှာ အောင်လအန်ဆန်က ရှုံးနိမ့်ခဲ့ပြီးတော့ ဒုတိယပွဲမှာတော့ အမှတ်နဲ့ အောင်လအန်ဆန်က အနိုင်ရပြီးခါးပတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY