Zawgyi ဖြင့်ဖတ်ရန်






 

 



Credit : popolay

Unicode ဖြင့်ဖတ်ရန်

MMA ကစားသမားကို ၇၂ စက္ကန့်အတွင်း အလဲထိုးခဲ့တဲ့ ကွန်ဖူးဆရာ(ရုပ်သံ)

တရုတ်နိုင်ငံ ကိုယ်ခံပညာသိုင်းလောကမှာ ရိုးရာကွန်ဖူးပညာနဲ့ ခေတ်သစ် သိုင်းပေါင်းစုံ MMA နှစ်ခုအကြား သူသာတယ် ကိုယ်သာတယ်နဲ့ အငြင်းပွားမှုတွေ မကြာခဏဖြစ်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ချိန်းပွဲထိုးသတ်မှုတွေ ခပ်ကျဲကျဲရှိခဲ့ပါတယ်။

ဒါပေမယ့် ပွဲတိုင်းနီးပါးမှာ ရိုးရာဝင်ချောင်းကစားသမားတွေကို MMA ကစားသမားတွေက စက္ကန့်ပိုင်းအတွင်း အလဲထိုးနိုင်ခဲ့တာကြောင့် တရုတ်ရိုးရာသိုင်းပညာဟာ အပေါ်ယံ ဟန်ရေးပြတာပဲရှိပြီး တစ်ကယ့်တစ်ကယ်ကျရင် ဘာမှမစွမ်းနိုင်ဘူးလို့ စော်ကားပြောဆိုခံရမှုတွေ ရှိနေပါတယ်။

အခုလိုမျိုး ရိုးရာသိုင်းပညာကို ထိပါးစော်ကားတဲ့ သူတွေကို လက်တွေပြဖို့ ဝင်ချောင်း သိုင်းဆရာ Daing Hao ပေါ်လာခဲ့ပါတယ်။ သူ့ထက် ခန္တာကိုယ်ထွားကျိုင်း အရပ်ပိုမြင့်တဲ့ MMA ကစားသမား Xu Xiaodong ကို စိန်ခေါ်ပြီး ရိုးရာသိုင်းပညာရဲ့ အစွမ်းကို မြည်းစမ်းကြည့်စေခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ Xu Xiaodong က မွေထိုင်းကစားနည်းနဲ့ အမြန်ဆုံးပွဲသိမ်းနိုင်အောင် ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမအချီ ၇၂ စက္ကန့်မှာပဲ ဝင်ချောင်းသိုင်းဆရာ Daing Hao ရဲ့ ဘယ်ခြေကန်ချက်မိပြီး လဲကျသတိလစ် မေ့မျောသွားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ Daing Hao က သူ့အနေနဲ့ IP Man ရုပ်ရှင်ဇာတ်ကားတွေ အကြိမ်ကြိမ်ကြည့်ပြီး အပြင်မှာ အခုလို အစွမ်းပြချင်နေတာကြာပြီလို့ ပြောခဲ့ပါတယ်။

ရှုံးနိမ့်သွားတဲ့ MMA ကစားသမားရဲ့ နည်းပြဖြစ်သူကတော့ မကြာခင် မကျေပွဲပြန်နွှဲမယ်လို့ ကျိမ်းဝါးသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အနဲဆုံးတော့ ကွန်ဖူးဝင်ချောင်းပညာဟာ ဟန်ရေးပြရုံသက်သက် မဟူတ်ဘူးဆိုတာ MMA သမားတွေ လက်ခံသွားကြမှာ သေချာပါတယ်။

Credit : popolay

LEAVE A REPLY