Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ချစ်သူလေးကို ကျောပေါ်မှာတင်ပြီး အပြင်းစားလေ့ကျင့်ခန်းလုပ်နေတဲ့ မိုးယံဇွန်
ပျိုပျိုမေတို့ကြားရေပန်းစားနေတဲ့ မော်ဒယ်သရုပ်ဆောင် မိုးယံဇွန်တစ်ယောက် ချစ်သူလေးကို ခုချိန်ထိတော့ လူသိရှင်ကြား ချမပြသေးပါဘူး။ ချစ်သူလေးရဲ့ပုံကိုတော့ မျက်နှာလေးတွေကွယ်ပြီး မကြာခဏဆိုသလို လူမှုကွန်ယက်တွေမှာတင်လေ့ရှိပါ တယ်။ ပုံလေးတွေစတင်တဲ့အချိန်ကစပြီး အခုချိန်ထိဆိုရင်တော့ တစ်နှစ်နီးပါးရှိခဲ့ပြီလို့ ထင်ရလောက်ပါရဲ့နော်။
အရင်က လေ့ကျင့်ခန်းမလုပ်တာကြောင့် ကိုယ်ခန္ဓာအလေးချိန်တိုးခဲ့ပြီး သေချာလေ့ကျင့်လိုက်တော့မှကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားခဲ့ပြီး အခုဆိုရင်အရမ်းကို မိမိုက်နေတဲ့ Body အချိုးအစားနဲ့ ပျိုပျိုမေတို့ကြား ရေပန်းစားလွန်းသူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ အချိန်တွေပိုကြာလေလေ ပိုပြီးကြည့်ကောင်းလာလေလေဖြစ်တဲ့ မိုးယံဇွန်ရဲ့ချစ်သူလေးက ဘယ်သူဖြစ်မလဲဆိုတာတော့ အားလုံးက လည်း စိတ်ဝင်စားနေကြပါတယ်။
မနေ့ကတေ့ာ ချစ်သူလေးကိုကျောပေါ်မှာတင်ပြီး Plank ထောက်တဲ့ ပုံရိပ်လေးတစ်ခုကို တင်လိုက်တာပဲဖြစ်ပါတယ်။ ရိုးရိုး Plank ထောက်တာတောင် တစ်မိနစ်လောက်တောင့်ခံဖို့ကို တော်တော်လေးပင်ပန်းတာဖြစ်ပြီး အခုလို ကျောပေါ်မှာလူတစ်ယောက်လုံး တင်ထားတဲ့အထိကို တောင့်ခံနိုင်တာတော့ တော်ရုံလေ့ကျင့်ခန်းမဟုတ်ဘူးနော်။
share from : burmese.asia
LEAVE A REPLY