Zawgyi ဖြင့်ဖတ်ရန်





 


Unicode ဖြင့်ဖတ်ရန်

ကိုယ့်အမှားကိုယ်မြင်လို့မူးယစ်ဆေးကိုအရမ်းမုန်းသွားပါပြီဆိုတဲ့ မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ဟာဆိုရင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနှင့် ထောင်ဒဏ်ကျခံနေရာမှ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။ သူဟာဆိုရင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်အားပေးကြတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြစ်ဒဏ်ကနေလွတ်မြောက်လာပြီးတဲ့နောက်မှာ အရင်လိုပဲ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးသွားမှာဖြစ်ပြီးတော့ လက်ရှိမှာလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။သူ့ဘဝမှာ အမှားတစ်ခု ကျူးလွန်တာကြောင့် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ရပြီးပြီမို့ သူဟာ နောင်တရနေပြီလို့လည်း ဆိုပါတယ်။အထူးသဖြင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်ခဲ့ရတာကြောင့် မူးယစ်ဆေးဝါးကို အရမ်းကို မုန်းတီးတယ်လို့ ပြောဆိုလိုက်ပါတယ်။

သူဟာ အဲ့ဒီလိုအမှားမျိုး ထပ်မံကျူးလွန်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအတွက် ရဲတွေကိုလည်း မမုန်းပါဘူး ၊ ဘာကြောင့်လည်းဆိုတော့ သူတို့လည်း လုပ်စရာရှိတာလုပ်တာလေ လို့ သရုပ်ဆောင် မိုးအောင်ရင်က ပြောဆိုပါတယ်။ လက်ရှိမှာတော့ သူဟာ မိဘတွေရှိတဲ့နေရာကို လိုက်သွားဖို့မရှိသေးပဲ မကြာခင်မှာတော့ မိသားစု ဆုံတွေ့ကြဖို့ရှိတယ်လို့ ဆိုပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY