Zawgyi ျဖင့္ဖတ္ရန္

 

မေလးရွားႏိုင္ငံ၏ ေတာင္ထြဋ္ဖ်ားေပၚတြင္ တည္ေဆာက္ထားေသာ နာမည္ေက်ာ္ကစားကြင္းႏွင့္ ေလာင္းကစား႐ုံ Casino မ်ားရွိရာ Genting Highland ရွိ ဟိုတယ္တစ္လုံး၏ ၁၉ လႊာေပၚမွ ျမန္မာအမ်ိဳးသမီးတစ္ဦး ခုန္ခ်ကာ အဆုံးစီရင္သြားခဲ့ေၾကာင္း သိရွိရသည္။

တ႐ုတ္သတင္းစာ China Press တြင္ ေဖာ္ျပခ်က္အရ ေအာက္တိုဘာလ ၁၂ ရက္ေန႔က အသက္ ၂၇ ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသမီးတစ္ဦး ေငြေရးေၾကးေရးအၾကပ္အတည္းႏွင့္ အိမ္ေထာင္ေရး ေသာကမ်ားေၾကာင့္ မေလးရွားႏိုင္ငံ Genting Highland ရွိ ဟိုတယ္ ၁၉ လႊာေပၚမွ ခုန္ခ်ကာ အဆုံးစီရင္ခဲ့ေၾကာင္း သိရသည္။

 

သူမ အဆုံးမစီရင္မီမွာ WeChat မွ တစ္ဆင့္ သူငယ္ခ်င္းမ်ားထံ မက္ေဆ့ေပးပိုးခဲ့ၿပီး သူေသသြားခဲ့ရင္ သူမရဲ႕သမီးေလးကို ေကာင္းေကာင္းေစာင့္ေရွာက္ေပးဖို႔ မွာၾကားခဲ့ပါတယ္။ သူမေပးပို႔ထားခဲ့တဲ့ မက္ေဆ့ စခရင္ေရွာ့ဓါတ္ပုံမ်ား အြန္လိုင္းမွာပ်ံ႕ႏွံ႔ခဲ့ပါတယ္။

“ငါ့မွာ ရင္းဂစ္ ၁၀၀၀ ပဲက်န္ေတာ့တယ္၊ သမီးေလးရဲ႕ ပတ္စပို႔ကိစၥအဆင္ေျပရင္ မၾကာခင္ ျမန္မာျပည္ျပန္ေတာ့မယ္၊ ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေနာက္တစ္ခါ မဆုံႏိုင္ေတာ့မွာ စိုးရိမ္မိတယ္”

WeChat မွာ ေျပာဆိုမႈေတြအရ သူမဟာ ေလာင္းကစားလိုက္တဲ့အတြက္ မေလးရွားရင္းဂစ္ ၂ သိန္း (က်ပ္သိန္း ၇၃၀ ေက်ာ္) ရႈံးခဲ့ၿပီး ရင္းဂစ္ ၁၀၀၀ သာ က်န္ေတာ့တာျဖစ္ပါတယ္။ ဒါ့အျပင္ လက္ထပ္ၿပီးကတည္းက အိမ္ေထာင္ေရးအဆင္မေျပေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။

 

“သူ႔ကို လက္ထပ္မိတာ ငါ့ဘဝမွာ အႀကီးအက်ယ္ စိတ္ပ်က္စရာအေကာင္းဆုံးပဲ။ ငါအခုေတာ့ သိသြားၿပီ၊ သူ႔ကိုငါ ဆြဲမထားေတာ့ဘူး”

သူမဟာ အဆုံမစီရင္ခင္မွာ ဗီဒီယို႐ိုက္ထားၿပီး သူ႔သမီးေလးဆီ ပို႔ေပးဖို႔ သူငယ္ခ်င္းျဖစ္သူကို မွာၾကားခဲ့ပါတယ္။ အဲဒီေနာက္ လက္ခုတ္အျပည့္ ေဆးေတြေသာက္ၿပီးေနာက္ ဟိုတယ္ ၁၉ လႊာကေန ခုန္ခ်အဆုံးစီရင္သြားခဲ့ပါတယ္။ဒီအမႈကို သက္ဆိုင္ရာက စုံစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ဟိုတယ် ၁၉ လွှာက ခုန်ချကာ အဆုံးစီရင်

မလေးရှားနိုင်ငံ၏ တောင်ထွဋ်ဖျားပေါ်တွင် တည်ဆောက်ထားသော နာမည်ကျော်ကစားကွင်းနှင့် လောင်းကစားရုံ Casino များရှိရာ Genting Highland ရှိ ဟိုတယ်တစ်လုံး၏ ၁၉ လွှာပေါ်မှ မြန်မာအမျိုးသမီးတစ်ဦး ခုန်ချကာ အဆုံးစီရင်သွားခဲ့ကြောင်း သိရှိရသည်။

တရုတ်သတင်းစာ China Press တွင် ဖော်ပြချက်အရ အောက်တိုဘာလ ၁၂ ရက်နေ့က အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ငွေရေးကြေးရေးအကြပ်အတည်းနှင့် အိမ်ထောင်ရေး သောကများကြောင့် မလေးရှားနိုင်ငံ Genting Highland ရှိ ဟိုတယ် ၁၉ လွှာပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သူမ အဆုံးမစီရင်မီမှာ WeChat မှ တစ်ဆင့် သူငယ်ချင်းများထံ မက်ဆေ့ပေးပိုးခဲ့ပြီး သူသေသွားခဲ့ရင် သူမရဲ့သမီးလေးကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ မှာကြားခဲ့ပါတယ်။ သူမပေးပို့ထားခဲ့တဲ့ မက်ဆေ့ စခရင်ရှော့ဓါတ်ပုံများ အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။

“ငါ့မှာ ရင်းဂစ် ၁၀၀၀ ပဲကျန်တော့တယ်၊ သမီးလေးရဲ့ ပတ်စပို့ကိစ္စအဆင်ပြေရင် မကြာခင် မြန်မာပြည်ပြန်တော့မယ်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် နောက်တစ်ခါ မဆုံနိုင်တော့မှာ စိုးရိမ်မိတယ်”

WeChat မှာ ပြောဆိုမှုတွေအရ သူမဟာ လောင်းကစားလိုက်တဲ့အတွက် မလေးရှားရင်းဂစ် ၂ သိန်း (ကျပ်သိန်း ၇၃၀ ကျော်) ရှုံးခဲ့ပြီး ရင်းဂစ် ၁၀၀၀ သာ ကျန်တော့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ထပ်ပြီးကတည်းက အိမ်ထောင်ရေးအဆင်မပြေကြောင်းလည်း ပြောပြခဲ့ပါတယ်။

“သူ့ကို လက်ထပ်မိတာ ငါ့ဘဝမှာ အကြီးအကျယ် စိတ်ပျက်စရာအကောင်းဆုံးပဲ။ ငါအခုတော့ သိသွားပြီ၊ သူ့ကိုငါ ဆွဲမထားတော့ဘူး”

သူမဟာ အဆုံမစီရင်ခင်မှာ ဗီဒီယိုရိုက်ထားပြီး သူ့သမီးလေးဆီ ပို့ပေးဖို့ သူငယ်ချင်းဖြစ်သူကို မှာကြားခဲ့ပါတယ်။ အဲဒီနောက် လက်ခုတ်အပြည့် ဆေးတွေသောက်ပြီးနောက် ဟိုတယ် ၁၉ လွှာကနေ ခုန်ချအဆုံးစီရင်သွားခဲ့ပါတယ်။ဒီအမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY