Zawgyi ဖြင့်ဖတ်ရန်




Unicode ဖြင့်ဖတ်ရန်

မြင့်မြတ်နဲ့အတူ ပုဂံမှာ အမှိုက်လိုက်ကောက်ပြီး ပရဟိတတွေလုပ်နေပြန်တဲ့ Simon Loresca

မြန်မာနိုင်ငံဟာ သူရဲ့ ဒုတိယ အိမ်လို့ သတ်မှတ်ပြီး၊ မြန်မာလူမျိုးတွေရဲ့ နွေးထွေးပျူငှာမှုကို အရမ်းကို သဘောကျနှစ်ခြိုက်တဲ့ ဖီလစ်ပိုင်မော်ဒယ် Sinon Loresca ဟာ အခုဆိုရင် ပုဂံကို ရောက်ရှိနေပါတယ်နော်။ သူဟာ မြန်မာနိုင်ငံကို ရောက်တိုင်း မိဘမဲ့ ကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေကို အမြဲတမ်းသွားလှူတတ်ပြီး၊ လမ်းမှာတွေ့တဲ့ ဆင်းရဲသူတွေကိုလည်း အမြဲတမ်း လှူဒါန်းလေ့ရှိပါတယ်။ ဒ့ါအပြင် လမ်းမှာ အမှိုက်တွေမြင်ရင် ကောက်ပြီး ဒီလို အမှိုက်မပြစ်ဖို့ကို အသိပညာပေးလေ့ရှိပါတယ်။ အခုလည်း ပုဂံမှာ အမှိုက်လိုက်ကော်နေတဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာတင်ထားပါတယ်။ သူတင်မဟုတ်ဘဲ၊ မြန်မာနိုင်ငံက ရုပ်ရှင်မင်းသား ပရိတ်သတ်ကြီးအချစ်တော် ဂျင်းကောင်နဲ့ဖြစ်ပါတယ်။ သရုပ်ဆောင် မြင့်မြတ်ဟာ ဂျင်းကောင်ဇတ်ကားနဲ့ ပရိတ်သတ်ကြီးက အရမ်းကို သဘောကျခဲ့ကြတာဖြစ်ပါတယ်။

မြင့်မြတ်အပြင် မြန်မာနိုင်ငံက အနုပညာရှင်များစွာလည်း ပါဝင်ပါတယ်။ ရိုက်ကူးရေးအတွက် ပုဂံကိုရောက်နေပြီး Sinon Loresca နဲ့တွေ့ဆုံတာကြောင့် ယခုလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးတို့ရဲ့ အချစ်တော် ၂ ယောက်ဘယ်လိုတွေ ချစ်ဖို့ကောင်းနေလဲဆိုတာ ဒီဗီဒီယိုလေးမှာ ကြည့်ရှုအားပေးကြပါဦးနော် ……….။

Writer – ME( Shwe Yaung Lan )

LEAVE A REPLY