Zawgyi ဖြင့်ဖတ်ရန်
၁၀နှစ်တာ အချစ်ခရီးလမ်း အ ကြောင်း – နေဝင်း
ကျွန်တော်တို့ တွေ ဒီလို အ ခြေ အ နေ တစ်ခုရောက်ဖို့ ၁၀နှစ်လောက် ကြိုးစားခဲ့ရတယ်..ချော ရေးထားသလိုပဲ Error လေး တွေ တော့ ရှိသေးတာပေါ့နော်.. ဆိုပြီး လတ် တ လော အွန် လိုင်းစာမျက်နှာထက်မှာ နာမည်ကြီးနေတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ခိုင်မြဲတဲ့ အချစ်ရေး အ ကြောင်းပြောပြလာတဲ့ နေဝင်း #Supported #Colgate#CeleYKVideo
Posted by Cele YatKwat on Monday, October 21, 2019
Unicode ဖြင့်ဖတ်ရန်
ပရိသတ်တွေအားကျနေရတဲ့ ၁၀ နှစ်ကျော်ကြာ relationship ခိုင်မြဲနေရတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ နေဝင်း
ပရိတ်သတ်ကြီးရေ လူတွေဟာ ကိုယ့်ချစ်သူနဲ့ သေတဖန် သက်ဆုံး အားလုံးက နေချင်ကြတယ်မလား။ ဒီလို လူ ၂ ဦး တစ်သက်လုံး အတူနေထိုင်ဖို့ဆိုတာ တစ်ယောက်ကို တစ်ယောက်နားလည်မှုတွေ ထားပြီး လက်တွဲမှသာ ခိုင်မြဲနိုင်မှာပါ။ အခုဆိုရင် ပရိတ်သတ်ကြီးတို့ရဲ့ အချစ်တော်ကြီး Snare ကိုနေဝင်းနဲ့ သူရဲ့ချစ်သူ ခရီးသွားဘလော့ဂ်ဂါလေးဖြစ်တဲ့ ချောချောတို့ဟာ ချစ်သူ သက်တမ်း ၁၀ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ ဒီလို ၁၀ နှစ်တိုင်အောင် ခိုင်မြဲခဲ့ကြတာ ဘာ့ကြောင့်လဲဆိုတာ ပရိတ်သတ်ကြီးရော မသိချင်ကြဘူးလား…..? အခု ကိုနေဝင်းက အင်တာဗျူးတစ်ခုမှာ သူတို့ရဲ့ ချစ်သူ သက်တမ်းယခုထိ တိုင်အောင်ခိုင်မြဲနေရတဲ့ အကြောင်းလေး ပြောပြလာပါတယ်။
သူတို့ ၂ ဦးကို အားကျနေတဲ့ ပရိတ်သတ်ကြီးအတွက်လည်း ကိုနေဝင်းက ယခုလို ဖြေခဲ့ပါတယ်။ ပုံမှန်အတိုင်း ရွှေ့လာတာ နှစ်ကြာလာတော့ သက္ကရာဇ်က အသိအမှတ်ပြုပေးတာပေ့ါ။ စတွဲလာကတည်းက ဒီအတိုင်းပါပဲ၊ ချောကလည်း ခရီးသွားတဲ့ဘက်မှာ တော်တော်အဆင်ပြေလာတော့ လူတွေ ပိုသတိထားမိပြီး ပိုချစ်၊ ပိုအားပေးလာကြတာပါ ကျေးဇူးတင်ပါတယ် လို့ ဆိုပါတယ်။
လူမှုကွန်ယက်မှာ ချောချောရေးထားဖူးတဲ့ ၁၀ နှစ်လောက် အချိန်ယူခဲ့ရတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ကိုနေဝင်းက ယခုလိုဖြေထားပါသေးတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ အဓိက နားလည်မှုပေ့ါ။ အရာရာအားလုံးကို တိုင်ပင် ညှိနှိုင်းမယ်ဆိုရင် တည်မြဲမှာပေ့ါ။ လူတိုင်းမှာ ပြဿနာလေးတွေရှိပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းတွေရှိပါတယ်။ အကောင်းဆုံးကို ရွေးချယ်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်ခဲ့ရတယ်လို့ ဆိုပါတယ်။
သူများတွေအမြင်မှာ Ro တာဖြစ်ချင်ဖြစ်မှာပေ့ါ။ ပုံမှန်ပဲ နှစ်ပတ်လည်တွေကို တင်တာပါ။ ပုံမုန်လူတွေတင်သလိုပဲ တင်တာပါ။ အရမ်းRo တတ်တဲ့သူလည်း မဟုတ်တော့ ချွဲချွဲပြစ်ပြစ်တွေလည်း မပြောတတ်ဘူး။ သီချင်းအတွက်ပဲ လုပ်ဖြစ်ပါတယ် လို့ဆိုပါတယ်။ ကိုနေဝင်းဟာ Rap သီချင်းတွေ သီဆိုရင်း ပရိတ်သတ်ကြီးရဲ့အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သီချင်းတွေ သီဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေပါတယ်။ သူ့ရဲ့ချစ်သူ ကောင်းမလေး ချောဟာလည်း ခရီးသွားဘလော့ဂ်ဂါ တစ်ယောက်အဖြစ်နဲ့ ရပ်တည်ပြီး Fashion လုပ်ငန်းတစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အခုလို နှစ်ပေါင်းများစွာတိုင်အောင် ချစ်နေကြတဲ့ သူတို့အတွဲလေးကို နောက်ထပ် ဘဝပေါင်းများစွာပါ ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်………..။
Writer – ME( Shwe Yaung Lan )
LEAVE A REPLY