Zawgyi ျဖင့္ဖတ္ရန္

ထိုင္းမွာ ဘတ္သန္းနဲ႔ခ်ီကုန္ေအာင္မဂၤလာေဆာင္ၿပီး ေငြမေခ်ဘဲ သတို႔သမီးကို အေႂကြးေတြနဲ႔ ပစ္ထားခဲ့သူကို တာဝန္ရွိသူေတြက ေအာက္တိုဘာ ၁၇ ရက္ေန႔ညက ဖမ္းဆီးလိုက္ပါတယ္။

မဂၤလာေဆာင္အေႂကြးအျပင္ အျခားသူေတြကိုလည္း လွည့္ပတ္လိမ္လည္ေနတဲ့ အသက္ ၅၀ ႐ြယ္ရွိ ႏိုင္းထနတ္ ဆီရီပီယဖြန္း ေခၚ ေဆတြပ္ ဆိုသူဟာ ေအာက္တိုဘာ ၁၇ ရက္ည ၉ နာရီ ၄၅ မိနစ္က ေဟာင္ေကာင္ကေန ထိုင္းကို ျပန္အလာ ဒြန္းေမာင္းေလဆိပ္မွာ အဖမ္းခံခဲ့ရတာပါ။

သူဟာ စြပ္စြဲခံေနရတဲ့ကိစၥေတြ ျပန္ေျဖရွင္းဖို႔အတြက္ ထိုင္းကိုျပန္လာေနၿပီဆိုၿပီး သတင္းေထာက္ေတြကို ေျပာခဲ့လို႔ သတင္းေထာက္ေတြက ေလဆိပ္မွာ ဝိုင္းၿပီးေစာင့္ေနၾကေပမယ့္ မွတ္ပုံတင္စစ္တဲ့ေနရာမွာတင္ ထိုင္းလဝကနဲ႔ ကမၠာလွည့္ခရီးသြားရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးလိုက္တာပါ။

ေဆတြပ္ဟာ ဆံပင္ပုံေတြေျပာင္းၿပီး ႐ုပ္ဖ်က္ထားေပမယ့္ Biometric system နည္းနဲ႔ ဖမ္းဆီး ရမိတာျဖစ္ေၾကာင္း၊ ကနဦးအေနနဲ႔ သူ႔ကို ခ်က္လက္မွတ္အတုလုပ္တဲ့အမႈနဲ႔ ဖရနခြန္းေန တရား႐ုံးအမိန႔္အရ ဖမ္းဆီးရတာလို႔ ေလဆိပ္ လဝကရဲ အရာရွိက သတင္းေထာက္ေတြကို ေျပာပါ တယ္ ။

ေဆတြပ္ကေတာ့ အျပစ္ကိုမဝန္ခံဘဲ ခ်က္လက္မွတ္ထဲကေငြေတြ ေပးေခ်ၿပီးသားျဖစ္ၿပီး ေငြရတဲ့လူက ရဲစခန္းမွာ အမႈသြားမပိတ္ေသးတာျဖစ္ေၾကာင္း၊ သူ႔ကို နာမည္ပ်က္ေအာင္ သတင္းထုတ္ခဲ့တဲ့ သတင္းဌာန ၂ ခုကိုလည္း တရားျပန္စြဲမယ္လို႔ေျပာေၾကာင္း ဒြန္းေမာင္းလဝကရဲတပ္ဖြဲ႕က သတင္းေထာက္ေတြကို ေျပာပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ သူ႔ကို အျခားအမႈကိစၥရပ္ေတြပါ စစ္ေဆးဦးမယ္လို႔ ဆိုပါတယ္။

ေဆတြပ္မွာ သူ႔ကိုယ္သူ ထိုင္း-ေဟာင္ေကာင္ စီးလုံးငွါးေလယာဥ္ကုမၸဏီပိုင္ရွင္၊ ဘတ္သန္းေပါင္း ေသာင္းခ်ီရွိတဲ့ သူေဌးလို႔ေျပာၿပီး မိန္းကေလးေတြကို လိမ္လည္လက္ထပ္ကာ ေငြေတြပါ လိမ္ယူေနတယ္လို႔ ကာယကံရွင္ေတြက သတင္းဌာနေတြမွာ ထုတ္ေဖာ္ေျပာထားပါတယ္။

သတင္းေထာက္ေတြက လိုက္လံစုံစမ္းရာမွာ သူေဌးမဟုတ္ဘဲ ပ်ံက်ေဈးမွာ မႈိလိုက္ေရာင္းေနတဲ့ ေဈးသည္တဦးသာျဖစ္ၿပီး မႈိမ်ိဳးေစ့အတြက္ အေႂကြးေတြ ေသာင္းနဲ႔ခ်ီရွိေနေၾကာင္း၊ မိန္းကေလး ၃ ဦးထက္မနည္း လိမ္ညာလက္ထပ္ခဲ့ၿပီး မိခင္ျဖစ္သူရဲ႕ ေျမဂရံေတြပါ လိမ္ယူသြားသူျဖစ္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ဒီကေန႔ ညေနပိုင္း ေနာက္ဆုံးရသတင္းမွာေတာ့ ဖရနခြန္း ေနတရား႐ုံးက သူ႔ကို ခ်က္လက္မွတ္အတုလုပ္တဲ့အမႈနဲ႔ ေထာင္ဒဏ္ ၆ လ ခ်မွတ္လိုက္ၿပီလို႔ သိရပါတယ္

Credit : DVB

Unicode ဖြင့်ဖတ်ရန်

ဘတ်သန်းချီကုန်ကျသည့် မင်္ဂလာဆောင်ပြီး ငွေမချေဘဲ ထွက်ပြေးသွားတဲ့သတိုးသားကို ဖမ်းဆီး

ထိုင်းမှာ ဘတ်သန်းနဲ့ချီကုန်အောင်မင်္ဂလာဆောင်ပြီး ငွေမချေဘဲ သတို့သမီးကို အကြွေးတွေနဲ့ ပစ်ထားခဲ့သူကို တာဝန်ရှိသူတွေက အောက်တိုဘာ ၁၇ ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။

မင်္ဂလာဆောင်အကြွေးအပြင် အခြားသူတွေကိုလည်း လှည့်ပတ်လိမ်လည်နေတဲ့ အသက် ၅၀ ရွယ်ရှိ နိုင်းထနတ် ဆီရီပီယဖွန်း ခေါ် ဆေတွပ် ဆိုသူဟာ အောက်တိုဘာ ၁၇ ရက်ည ၉ နာရီ ၄၅ မိနစ်က ဟောင်ကောင်ကနေ ထိုင်းကို ပြန်အလာ ဒွန်းမောင်းလေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။

သူဟာ စွပ်စွဲခံနေရတဲ့ကိစ္စတွေ ပြန်ဖြေရှင်းဖို့အတွက် ထိုင်းကိုပြန်လာနေပြီဆိုပြီး သတင်းထောက်တွေကို ပြောခဲ့လို့ သတင်းထောက်တွေက လေဆိပ်မှာ ဝိုင်းပြီးစောင့်နေကြပေမယ့် မှတ်ပုံတင်စစ်တဲ့နေရာမှာတင် ထိုင်းလဝကနဲ့ ကမ္ကာလှည့်ခရီးသွားရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာပါ။

ဆေတွပ်ဟာ ဆံပင်ပုံတွေပြောင်းပြီး ရုပ်ဖျက်ထားပေမယ့် Biometric system နည်းနဲ့ ဖမ်းဆီး ရမိတာဖြစ်ကြောင်း၊ ကနဦးအနေနဲ့ သူ့ကို ချက်လက်မှတ်အတုလုပ်တဲ့အမှုနဲ့ ဖရနခွန်းနေ တရားရုံးအမိန့်အရ ဖမ်းဆီးရတာလို့ လေဆိပ် လဝကရဲ အရာရှိက သတင်းထောက်တွေကို ပြောပါ တယ် ။

ဆေတွပ်ကတော့ အပြစ်ကိုမဝန်ခံဘဲ ချက်လက်မှတ်ထဲကငွေတွေ ပေးချေပြီးသားဖြစ်ပြီး ငွေရတဲ့လူက ရဲစခန်းမှာ အမှုသွားမပိတ်သေးတာဖြစ်ကြောင်း၊ သူ့ကို နာမည်ပျက်အောင် သတင်းထုတ်ခဲ့တဲ့ သတင်းဌာန ၂ ခုကိုလည်း တရားပြန်စွဲမယ်လို့ပြောကြောင်း ဒွန်းမောင်းလဝကရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူ့ကို အခြားအမှုကိစ္စရပ်တွေပါ စစ်ဆေးဦးမယ်လို့ ဆိုပါတယ်။

ဆေတွပ်မှာ သူ့ကိုယ်သူ ထိုင်း-ဟောင်ကောင် စီးလုံးငှါးလေယာဉ်ကုမ္ပဏီပိုင်ရှင်၊ ဘတ်သန်းပေါင်း သောင်းချီရှိတဲ့ သူဌေးလို့ပြောပြီး မိန်းကလေးတွေကို လိမ်လည်လက်ထပ်ကာ ငွေတွေပါ လိမ်ယူနေတယ်လို့ ကာယကံရှင်တွေက သတင်းဌာနတွေမှာ ထုတ်ဖော်ပြောထားပါတယ်။

သတင်းထောက်တွေက လိုက်လံစုံစမ်းရာမှာ သူဌေးမဟုတ်ဘဲ ပျံကျဈေးမှာ မှိုလိုက်ရောင်းနေတဲ့ ဈေးသည်တဦးသာဖြစ်ပြီး မှိုမျိုးစေ့အတွက် အကြွေးတွေ သောင်းနဲ့ချီရှိနေကြောင်း၊ မိန်းကလေး ၃ ဦးထက်မနည်း လိမ်ညာလက်ထပ်ခဲ့ပြီး မိခင်ဖြစ်သူရဲ့ မြေဂရံတွေပါ လိမ်ယူသွားသူဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်း နောက်ဆုံးရသတင်းမှာတော့ ဖရနခွန်း နေတရားရုံးက သူ့ကို ချက်လက်မှတ်အတုလုပ်တဲ့အမှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပြီလို့ သိရပါတယ်

Credit : DVB

LEAVE A REPLY