Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ပိုင်တံခွန်နဲ့ Baifern ရဲ့ အမှတ်တရပုံရိပ်လေးများ
စွဲဆောင်မှုအပြည့်နဲ့ ညို့ယူဖမ်းစားထားတဲ့ မင်းသားချော ပိုင်တံခွန်က မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ် အားပေးချစ်ခင်ရသူတစ်ဦးပါပဲ။ ထိုင်မင်းသမီးလေး Baifern ဟာလည်း ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီးလေး တစ်လက်ဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ ချစ်ခင်ခြင်း ခံရသူလေးတစ်ယောက်ပါပဲ။
အနုပညာလမ်းမပေါ်မှာ အသီးသီး အောင်မြင်နေတဲ့ ပိုင်တံခွန်နဲ့ Baifern ဟာ အနုပညာလှုပ်ရှားမှုတွေကို အတူတူ တွဲဖက်လုပ်ကိုင်လာတာကို တွေ့မြင်ရပါတယ်။
ပိုင်တံခွန်နဲ့ Baifern ဟာ ထိုင်းနိုင်ငံက စားသောက်ကုန်စည်တစ်ခုအတွက် ကြော်ငြာရိုက်ကူးပေးခဲ့တာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ Baifern တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်က ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Baifern ဟာ ပိုင်တံခွန် အရူးအမူး ကြိုက်နှစ်သက်ရတဲ့ မင်းသမီးလေးဖြစ်ပြီး အခုလို ကြော်ငြာအတူတူ တွဲဖက်ရိုက်ကူးရတာ ပိုင်တံခွန်အတွက်တော့ အိပ်မက်တစ်ခုလို ဖြစ်နေမှာ သေချာပါတယ်။
Baifern နဲ့ ပိုင်တံခွန်တို့ကတော့ ပြောဆိုတဲ့ ဘာသာစကားမတူပေမယ့် သူတိြ့ရဲ့ အလုပ်ကို Professional ဆန်ဆန် အကောင်းဆုံး လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။
Share from:burmese.asia
LEAVE A REPLY