Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ပါရာစီတမောသောက်ရင် ကော်ဖီနဲ့တွဲသောက်တတ်သူများ သတိပြုဖို့သင့်ပါပြီ
ပရိတ်သတ်ကြီးရေ ဒီတစ်ခါ တင်ဆက်ပေးမယ့် သတင်းလေးကတော့ လူမှုပတ်ဝန်းကျင်မှာ အထူး ဂရုပြုရမယ့် အကြောင်းလေးပါပဲ။ အမှတ်မထင်ကနေ အသက်ပါ ဆုံးရှုံးနိုင်တာကြောင့် ဒီအကြောင်းအရာလေးကို မျှဝေလိုက်ပါတယ်နော်။ ဒါကတော့ ပါရာစီတမောနဲ့ ကော်ဖီ တွဲဖက်ပြီး မသောက်သင့်တဲ့အကြောင်းလေးပါပဲ။ ဒီအကြောင်းလေးကို လူမှုကွန်ယက်မှာ ကို့ရဲ့ရစ်လုံးလေး ဆိုတဲ့ အကောင့်က မျှဝေထားတာပါ။ ပါရာစီတမော နဲ့ ကော်ဖီ လုံးဝတွဲမသောက်သင့်ပါ .. အချိန်ခဏလေးပေးပြီး ဖတ်ကြည့်ပါနော် ။ ပျင်းလို့ ဆိုပြီးလည်း ကျော်မသွားကြပါနဲ့ ။ သိပြီးသားသူတွေကလည်း မသိသေးတဲ့ သူတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါနော် အခုပြောပြပေးမဲ့ အကြောင်းရာကတော့ ပါရာစီတမော “Paracetamol” အကြောင်းပဲ ဖြစ်ပါတယ် ။ ပါရာစီတမောကို ဆရာဝန် ညွှန်ကြားမှု မရှိပဲ အလွယ်တကူ ဝယ်သောက်နေသူများ များပြားလာပါပြီ ။ နေမကောင်းလို့ သောက်တယ် ၊ ခေါင်းမူးလို့ သောက်တယ် ၊ ညောင်းညာကိုက်ခဲလို့ သောက်တယ် ၊ ဗိုက်အောင့်လို သောက်ကြတယ် ။ အကြောင်း အမျိူးမျိူးနဲ့ သောက်သုံး နေတာကို တွေ့ရပါတယ် ။ တကယ်တော့ ပါရာစီတမောဆိုတာ အဆိပ်တက်စေတဲ့ ဆေးဝါးပါ ။ နောက်ပြီးတော ကမ္ဘာကျော် အနာကျင် ပျောက်ဆေး တစ်မျိူးပါ ။ သူ့ကို သည်းခြေမှ အစာခြေ ရည်များက ဖြိုဖျက်လိုက်တဲ့ အခါမှာ သေစေတဲ့ အဆိပ် အင်ဇိုင်းများကို ထွက်ပေါ် စေပါတယ် ။
အဲ့ဒီအဆိပ် ပမာဏဟာ ကဖိန်းနဲ့ တွေ့တဲ့အခါအဆိပ် အင်အားကို ၃ ဆအထိ မြင့်တက်သွားစေပါတယ် ။ အဲ့ဒါကြောင့် ပါရာစီတမောကို ကော်ဖီနဲ့ တွဲမသောက်သင့်ပါဖူး ။ အသဲကို ပျက်စီးစေတတ်ပါတယ် ။ ဘာလို့လဲဆိုရင် ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ကြောင့်လို့ သိပ္ပံပညာရှင်များက ဆိုထားတယ်လို့ သိရပါတယ် ။ မကြာခဏ သောက်ဖြစ်နေတယ် ဆိုရင်တော့ သေတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ပြောထားပါတယ် ။ အဲ့ဒါကို တော်တော်များများက နေမကောင်းဖြစ်လို့ အစာစားချင်စိတ် မရှိတဲ့အခါ အူငြိမ်အောင်ဆိုပြီး ကော်ဖီတိုက်လေ့ ရှိပါတယ် ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲ့လိုမျိုးတွေ ညတွေ့ဖူးမှာပါ ။ အရင်က ကျမကိုယ်တိုင် အဲ့လိုမျိူး သောက်ခဲ့ဖူးပါတယ် ။ ဆေးသောက်တဲ့အခါ အစာမရှိရင် ပိုဆိုးမှာစိုးလို့ ကော်ဖီနဲ့ဆေးကို တွဲပြီး သောက်လေ့ ရှိပါတယ် ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးကိုမဆို ကော်ဖီနဲ့ တွဲမသောက်ဖို့ အတတ်နိုင်ဆုံး ရှောင်တာ ကောင်းပါတယ်နော် ။ အဲ့လိုဆိုတိုင်းလည်း ကော်ဖီသောက်တာ ရပ်ဖို့ မလိုအပ်သလို ပါရာစီတမော သောက်တာလည်း စွန့်လွှတ်ဖို့ မလိုအပ်ပါဖူး ။ အတူ တွဲမသောက်ဖို့ပဲ လိုအပ်တာပါ ။ နောက်တစ်ခုက ပါရာစီတမောနဲ့ ကိုကာကိုလာ မတည့်ဘူး ဆိုတာလည်း သိကြမှာပါနော် ။ သေစေတဲ့အထိ ဖြစ်စေပါတယ်ရှင့် ။ ပါရာစီတမောကို အလွန်အကျွံ သောက်မိရင် အသည်း ပျက်စီးစေပြီးသေစေနိုင်ပါတယ် ။ ဒီလိုပဲ အရက်နဲ့ တွဲသောက်မိရင်လည်း အသည်းကို ပျက်စီးစေတဲ့အထိ သေနိုင်ပါတယ် ။ ပါရာစီတမောကို တာရှည်သုံးစွဲရင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးစေတတ်ပြီး သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများလည်း ဖြစ်စေနိုင်ပါတယ် ။ ဒါကိုလည်း သိထားသင့်ပါတယ် ။ ပါရာစီတမောရဲ့ အန္တရာယ် ရှိပေမယ်လို့ ကောင်းကျိုးကတော့ သားအိမ် ကင်ဆာကို လျော့ပါးစေတယ် ဆိုတာလည်း တွေ့ရှိထားပါတယ် ။ သုတေသီတွေ တွေ့ရှိချက်အရ ပါရာစီတမော သောက်သုံးနေတဲ့ အမျိူးသမီးများမှာ သားအိမ်ကင်ဆာ အန္တရာယ်ဖြစ်ဖို့ ၃၀% ပိုနည်းပါးတာ တွေ့ရပါတယ်တဲ့ ။ အရာအားလုံးမှာ ဆိုးကျိူးရှိသလို ကောင်းကျိုး ဆိုတာလည်း ရှိတတ်ကြတာပါပဲ ။ ဒါပေမဲ့ ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးဝါးကိုမဆို တာရှည်သုံးစွဲရင် မကောင်းဖူးဆိုတာ သိထားကြဖို့ လိုအပ်ပါတယ်နော် ဒါက ကျမဖတ်ဖူးတာကို မသိတဲ့သူတစ်ချိူ့ သိအောင် ပြန်လည် မျှဝေပေးတာပါ ။ အားလုံးကလည်း အပန်းမကြီးဖူးဆိုရင် လက်ဆင့်ကမ်းပြီး မျှဝေပေးလိုက်ပါနော် ။ တင်သမျှ စာတွေကို ဖတ်ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ။ ပရိတ်သတ်ကြီး အထူးသတိထားရမဲ့ အကြောင်းလေးလည်းဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်တတ်တာကြောင့် အန္တရာယ်မဖြစ်ဖို့ ဒီအကြောင်းလေးကို မျှဝေလိုက်ပါဦးနော် ………..။
Writer – ME( Shwe Yaung Lan )
LEAVE A REPLY