Zawgyi ျဖင့္ဖတ္ရန္

ေန႔စဥ္နဲ႔အမွ် သုံးေနတဲ့ ဒီဖုန္းဟာ ခႏၶာကိုယ္ကို ဘာမွမထိခိုက္ေစႏိုင္ဘူးလို႔ ယုံၾကည္ထားရင္ေတာ့ မွားပါတယ္။ထိုင္ေနရင္းနဲ႔ဖုန္းသုံးတဲ့အခါမ်ိဳးမွာ ငုံ႔ၿပီးေတာ့ၾကည့္ေနရတဲ့အတြက္ ေက်ာ႐ိုးေပၚကို အေလးခ်ိန္ ၂၆ ကီလိုဂရမ္ေလာက္သက္ေရာက္ေနေလ့ရွိပါတယ္။

ေခါင္းကိုမတ္ထားတဲ့အခ်ိန္မွာေတာ့ ေက်ာ႐ိုးဟာ ေခါင္းရဲ႕အေလးခ်ိန္ ၅ ကီလိုဂရမ္ေလာက္သာ သယ္ပိုးထားရေပမယ့္ ေခါင္းငုံ႔ထားတဲ့အခ်ိန္မွာေတာ့ ေက်ာ႐ိုးေပၚ အေလးခ်ိန္သက္ေရာက္မႈအလြန္မ်ားပါတယ္ ။

ေခါင္းကို ၁၅ ဒီဂရီ ငုံ႔ထားမယ္ဆိုရင္ ေက်ာ႐ိုးေပၚ ၁၇ ကီလိုဂရမ္ေလာက္သက္ေရာက္ေနမွာျဖစ္ၿပီး ၃၀ ဒီဂရီေလာက္ ငုံ႔ထားမယ္ဆိုရင္ေတာ့ အေလးခ်ိန္ ၂၃ ကီလိုဂရမ္ေလာက္သက္ေရာက္ေနမွာပါ ။

ဦးေခါင္းကို ၆၀ ရာခိုင္ႏႈန္း ငုံ႔ထားမယ္ဆိုရင္ေတာ့ စုစုေပါင္းအေလးခ်ိန္ ၃၁ ကီလိုဂရမ္ေလာက္ ေက်ာ႐ိုးေပၚသက္ေရာက္ေနမွာျဖစ္ပါတယ္။အခုလိုမ်ိဳးအေနအထားနဲ႔ အခ်ိန္ေတြၾကာလာတဲ့အခါ လည္ပင္းႂကြက္သြားေတြနာက်င္လာၿပီး အေၾကာေတြေတာင့္တင္းလာပါလိမ့္မယ္။

ဒီေတာ့ တစ္ေန႔ကို ၃ နာရီေလာက္ဖုန္းသုံးမယ္ဆိုရင္ သင့္ရဲ႕ ေက်ာ႐ိုးအေပၚအေတာ္ေလးထိခိုက္လာႏိုင္ဖြယ္ရွိပါတယ္ ။ ဒါဆိုရင္ ဒီျပႆနာကိုဘယ္လိုေျဖရွင္းမလဲ ။အလြယ္ကူဆုံးနည္းလမ္းကေတာ့ ဖုန္းကို ဦးေခါင္းေရွ႕တည့္တည့္မွာ ထားၿပီးေတာ့ အသုံးျပဳဖို႔ပါပဲ ။

Writer – Min Thu ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

အချိန်ကြာမြင့်စွာဖုန်းသုံးစွဲခြင်းဟာ ကျောရိုးကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်

နေ့စဉ်နဲ့အမျှ သုံးနေတဲ့ ဒီဖုန်းဟာ ခန္ဓာကိုယ်ကို ဘာမှမထိခိုက်စေနိုင်ဘူးလို့ ယုံကြည်ထားရင်တော့ မှားပါတယ်။ထိုင်နေရင်းနဲ့ဖုန်းသုံးတဲ့အခါမျိုးမှာ ငုံ့ပြီးတော့ကြည့်နေရတဲ့အတွက် ကျောရိုးပေါ်ကို အလေးချိန် ၂၆ ကီလိုဂရမ်လောက်သက်ရောက်နေလေ့ရှိပါတယ်။

ခေါင်းကိုမတ်ထားတဲ့အချိန်မှာတော့ ကျောရိုးဟာ ခေါင်းရဲ့အလေးချိန် ၅ ကီလိုဂရမ်လောက်သာ သယ်ပိုးထားရပေမယ့် ခေါင်းငုံ့ထားတဲ့အချိန်မှာတော့ ကျောရိုးပေါ် အလေးချိန်သက်ရောက်မှုအလွန်များပါတယ် ။

ခေါင်းကို ၁၅ ဒီဂရီ ငုံ့ထားမယ်ဆိုရင် ကျောရိုးပေါ် ၁၇ ကီလိုဂရမ်လောက်သက်ရောက်နေမှာဖြစ်ပြီး ၃၀ ဒီဂရီလောက် ငုံ့ထားမယ်ဆိုရင်တော့ အလေးချိန် ၂၃ ကီလိုဂရမ်လောက်သက်ရောက်နေမှာပါ ။

ဦးခေါင်းကို ၆၀ ရာခိုင်နှုန်း ငုံ့ထားမယ်ဆိုရင်တော့ စုစုပေါင်းအလေးချိန် ၃၁ ကီလိုဂရမ်လောက် ကျောရိုးပေါ်သက်ရောက်နေမှာဖြစ်ပါတယ်။အခုလိုမျိုးအနေအထားနဲ့ အချိန်တွေကြာလာတဲ့အခါ လည်ပင်းကြွက်သွားတွေနာကျင်လာပြီး အကြောတွေတောင့်တင်းလာပါလိမ့်မယ်။

ဒီတော့ တစ်နေ့ကို ၃ နာရီလောက်ဖုန်းသုံးမယ်ဆိုရင် သင့်ရဲ့ ကျောရိုးအပေါ်အတော်လေးထိခိုက်လာနိုင်ဖွယ်ရှိပါတယ် ။ ဒါဆိုရင် ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ ။အလွယ်ကူဆုံးနည်းလမ်းကတော့ ဖုန်းကို ဦးခေါင်းရှေ့တည့်တည့်မှာ ထားပြီးတော့ အသုံးပြုဖို့ပါပဲ ။

Writer – Min Thu ( XYZ NEWS )

LEAVE A REPLY