Zawgyi ဖြင့်ဖတ်ရန်
Credit : momolay
Unicode ဖြင့်ဖတ်ရန်
လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်သလို ယူကျုံးမရဖြစ်ပြီး စဉ်းစားလေခံပြင်းလေလေပါဘဲ ဆိုတဲ့ ကော်နီ
လတ်တလော အနုပညာလောကသာမက မြန်မာတစ်နိုင်ငံလုံးမှ ပရိသတ်တွေ ကြားမှာ နာမည်ကြီးသွားတဲ့ အဆိုတော် ဖြိုးပြည့်စုံ ဆေးအမှု့နဲ့ ဖမ်းဆီခံခဲ့ရတဲ့ သတင်းကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံ ဘန်ကောက်မှဝယ်လာတဲ့ ပူရှိန်းသကြားလုံးဘူးကို မှုးယစ်ဆေးလို့ ယူဆပြီး ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း နှစ်ဦးကို မြန်မာပလာဇာ မှာ မှားယွင်းဖမ်းဆီခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ၉.၁၀.၂၀၁၉ မှာတော့ အဆိုတော်ဖြိုးပြည့်စုံ တို့ သုံးဦး ကို အပြစ်မရှိတာကြောင့် လွတ်ငြိမ်းပေးလိုက်တာပါ။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြိုးပြည့် စုံနဲ့ ပတ်သက်ပြီး ပြောထားတဲ့ အဆိုတော် ကော်နီရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့်တွေ့ရှိတယ်ဆိုတဲ့သတင်အပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုခဲ့ဲပီး ခုအချိန်မှာတော့ လွတ်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အဆိုတော် ကော်နီက ဖြိုးပြည့်စုံနဲ့ ပတ်သက်ပြီး “ကျွန်မချစ်ရတဲ့ခလေးတွေလွတ်မြောက်ခြင်းအတွက်,အလွန်ဝမ်းသာမိပါတယ်,,တဆက်ထဲမှာဘဲ,,ဝမ်းနည်းခြင်း,ယူကျုံးမရခြင်းများစွာကိုလဲခံစားရပါတယ်,,စဉ်းစားမိလေလေ,ခံပြင်းလေလေပါဘဲ,,ကျွန်မတို့တွေတောင်ဒီလောက်ဆိုရင်,,ကာယကံရှင်တွေနဲ့,သူတို့မိဘတွေရင်ထဲ,,ဘယ်လိုရှိလေမလဲနော်??မြန်မာပြည်မှာ,အမြဲတမ်း,ကံတရားကိုဘဲလွှဲချပြီး,နှစ်သိမ့်ဖြေသိမ့်တတ်ကြလေတယ်,,တချို့ကိစ္စတွေက,ကံတရားကြောင့်မဟုတ်ပါဘူး,,တော်ပါသေးရဲ့, တကယ်ကိုဖြူစင်ပြီး,,ဘာပစ်ချက်မှမရှိခဲ့ဘူးတဲ့ခလေးတွေရဲ့ကောင်းမွန်စွာနေထိုင်ခဲ့မှုတွေရဲ့အကျိုးကျေးဇူးတွေက,ဒီနေရာမှာခလေးတွေကိုပြန်ပြီးကယ်တင်နိုင်ခဲ့တာပါ,အထူးသဖြင့်,သား,ကိုဖြိုးက,ဘာသာရေးကိုလွန်စွာကိုင်းရှိုင်းပါတယ်,၇, ရက်သားသမီးတိုင်းကို,အမြဲကူညီစောင့်ရှောက်တတ်ပါတယ်,ပြောမယ်ဆိုကောင်းကြောင်းတွေတပွေ့တပိုက်ရှိနေတဲ့သူပါ,ဒီအကျိုးကျေးဇူးတွေက,သားအတွက်လောကီဘဝ,မှာသာမက,သံသရာအဆက်ဆက်ထိအထောက်အပံ့ကောင်းတွေ,ဖြစ်နေအုန်းမှာပါသားရေ,နေ့ရက်တိုင်းကသားတို့အတွက်တန်ဘိုးပိုရှိသွားပါပြီအောင်မြင်မှုများစွာဖြင့်ရှေ့ခရီးပေါင်းများစွာကို,,သတိရှိရှိဖြင့်ကျော်ဖြတ်ကြပါစို့နော်,,💪🏻💐🎶” လို့ ပြောထားပါတယ်။
ဖြိုးပြည့်စုံ အပြစ်မရှိလို့ လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်သလို ယူကျုံးမရဖြစ်ပြီး စဉ်းစားလေခံပြင်းလေလေပါဘဲလို့ ပြောထားတာပါ။
ဖြိုးပြည့်စုံဆီမှာတွေ့ရတဲ့ ထိုင်းနိုင်ငံကဆေးပြားဆိုတာနဲ့ ပက်သတ်ပြီးပြောလာတဲ့ အိမ့်ချစ်
အဆိုတော် ကော်နီပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit : momolay
LEAVE A REPLY