Zawgyi ျဖင့္ဖတ္ရန္

အဆိုေတာ္ ၿဖိဳးျပည့္စုံနဲ႔အတူ သူငယ္ခ်င္းႏွစ္ေယာက္အား မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈနဲ႔ ဗဟန္းၿမိဳ႕နယ္ရဲစခန္းက အမႈဖြင့္ထားပါတယ္။ အဆိုေတာ္ ၿဖိဳးျပည့္စုံနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္ကို (ေအာက္တိုဘာ၇ရက္)ညေနပိုင္းေလာက္က ျမန္မာပလာဇာအျပင္ဘက္ရွိ ေကာ္ဖီဆိုင္မွာ ထိုင္ေနစဥ္ မူးယစ္ရဲတပ္ဖြဲ႕စု(၄၀)မွ သတင္းအရ သြားေရာက္ဖမ္းဆီးခဲ့ပါတယ္။ ၿဖိဳးျပည့္စုံနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္မွာ မူးယစ္ေဆးဝါးလို႔ ယူဆရတဲ့ ေဆးဝါး(၁၀)ျပားေတြ႕ရွိတာေၾကာင့္ ဗဟန္းၿမိဳ႕နယ္ရဲစခန္းမွ မူးယစ္ပ ၄၄ ၊၂၀၁၉ ပုဒ္မ ၁၉က/၂၁ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ ဗဟန္းၿမိဳ႕နယ္ရဲစခန္းမွ ရဲမႈးသိန္းဝင္းက ဆိုပါတယ္။

လက္ရွိအဆိုေတာ္ ၿဖိဳးျပည့္စုံ ပါတယ္။ ေတးေရး ၿငိမ္းခ်မ္းကို ပါတယ္။ ေရာ္နီဆန္းလြင္ပါတယ္။ မူးယစ္အဖြဲ႕က သတင္းၾကားလို႔ သြားဖမ္းတာပါ။ ျမန္မာပလာဇာမွာ ဖမ္းမိပါတယ္။ ဖမ္းဆီးခဲ့တဲ့ အခါမွာ ေဆးျပား ၁၀ ျပားပါတယ္။ အရင္တုန္းက ျမင္ဖူးေနက် ေဆးျပားေတြမဟုတ္ဘူး။ ထူးဆန္းတယ္။ ၿဖိဳးျပည့္စုံကိုယ္တိုင္ေျပာတယ္။ ထိုင္းကေန ဝယ္လာတာ မူးယစ္ေဆးဝါးမဟုတ္ဘူးလို႔ေျပာတယ္။ မူးယစ္ေဆးဝါးအစစ္အမွန္ဟုတ္မဟုတ္ စစ္ေဆးပ့ါမယ္။ မူးယစ္ေဆးဝါးပါရွိတယ္ဆိုရင္ ဥပေဒအရ အေရးယူေဆာင္႐ြက္မယ္” လို႔ မီဒီယာေတြကို ေျပာခဲ့ပါတယ္။

အဆိုေတာ္ၿဖိဳးျပည့္စုံကိုယ္တိုင္ကလည္း စခန္းမွာ စစ္ေဆးေမးျမန္းခ်ိန္တြင္ သူကိုယ္တိုင္ ထိုင္းကေန ဝယ္ယူလာတာျဖစ္ၿပီး မူးယစ္ေဆးဝါးမဟုတ္ေၾကာင္း ဆိုပါတယ္။ၿဖိဳးျပည့္စုံရဲ႕ သတင္းေတြၾကားၿပီး အႏုပညာညီအစ္ကိုေမာင္ႏွမေတြနဲ႔ ပရိသတ္ေတြလည္း စိတ္မေကာင္း ျဖစ္လို႔ေနၾကသလို ၿဖိဳးျပည့္စုံဟာ မူးယစ္ေဆးဝါး သုံးစြဲတတ္သူ တစ္ေယာက္မဟုတ္ေၾကာင္း သူတို႔ရဲ႕ ကိုယ္ပိုင္ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚေတြမွာ ေရးသားထားတာေတြ႕ရပါတယ္။

ၿဖိဳးျပည့္စုံဟာ ဂီတေလာကထဲကို Melody World 2010 သီခ်င္းဆိုၿပိဳင္ပြဲ ကေနတဆင့္ စတင္ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲႀကီးၿပီးသြားတဲ့ေနာက္မွာ အြန္လိုင္းေပၚကေန သီခ်င္းေလးေတြကို မိတ္ဆက္ေပးခဲ့ၿပီး ”သိမ္းထားတဲ့ အခ်စ္” ၊ ” လရိပ္” ၊ ”ေမွ်ာ္ႏိုင္သမွ်” စတဲ့သီခ်င္းေလးေတြနဲ႔ ပရိသတ္ၾကားမွာ ေရးပန္းစားခဲ့ပါတယ္။ သူ႔ရဲ႕ ပထမဆုံး တစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ေမွ်ာ္ႏိုင္သမွ် Audio CD ကို ၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့ပါတယ္။ ဒုတိယေျမာက္အေခြကိုေတာ့ ျပင္ဆင္ေနတုန္းပဲလို႔ ဆိုပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မူးယစ်ဆေးဝါး သုံးစွဲတာ မဟုတ်ကြောင်း ဖြိုးပြည့်စုံ ထွက်ဆို

အဆိုတော် ဖြိုးပြည့်စုံနဲ့အတူ သူငယ်ချင်းနှစ်ယောက်အား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဗဟန်းမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။ အဆိုတော် ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်ကို (အောက်တိုဘာ၇ရက်)ညနေပိုင်းလောက်က မြန်မာပလာဇာအပြင်ဘက်ရှိ ကော်ဖီဆိုင်မှာ ထိုင်နေစဉ် မူးယစ်ရဲတပ်ဖွဲ့စု(၄၀)မှ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်မှာ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေးဝါး(၁၀)ပြားတွေ့ရှိတာကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ မူးယစ်ပ ၄၄ ၊၂၀၁၉ ပုဒ်မ ၁၉က/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲမှုးသိန်းဝင်းက ဆိုပါတယ်။

လက်ရှိအဆိုတော် ဖြိုးပြည့်စုံ ပါတယ်။ တေးရေး ငြိမ်းချမ်းကို ပါတယ်။ ရော်နီဆန်းလွင်ပါတယ်။ မူးယစ်အဖွဲ့က သတင်းကြားလို့ သွားဖမ်းတာပါ။ မြန်မာပလာဇာမှာ ဖမ်းမိပါတယ်။ ဖမ်းဆီးခဲ့တဲ့ အခါမှာ ဆေးပြား ၁၀ ပြားပါတယ်။ အရင်တုန်းက မြင်ဖူးနေကျ ဆေးပြားတွေမဟုတ်ဘူး။ ထူးဆန်းတယ်။ ဖြိုးပြည့်စုံကိုယ်တိုင်ပြောတယ်။ ထိုင်းကနေ ဝယ်လာတာ မူးယစ်ဆေးဝါးမဟုတ်ဘူးလို့ပြောတယ်။ မူးယစ်ဆေးဝါးအစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးပ့ါမယ်။ မူးယစ်ဆေးဝါးပါရှိတယ်ဆိုရင် ဥပဒေအရ အရေးယူဆောင်ရွက်မယ်” လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။

အဆိုတော်ဖြိုးပြည့်စုံကိုယ်တိုင်ကလည်း စခန်းမှာ စစ်ဆေးမေးမြန်းချိန်တွင် သူကိုယ်တိုင် ထိုင်းကနေ ဝယ်ယူလာတာဖြစ်ပြီး မူးယစ်ဆေးဝါးမဟုတ်ကြောင်း ဆိုပါတယ်။ဖြိုးပြည့်စုံရဲ့ သတင်းတွေကြားပြီး အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်လို့နေကြသလို ဖြိုးပြည့်စုံဟာ မူးယစ်ဆေးဝါး သုံးစွဲတတ်သူ တစ်ယောက်မဟုတ်ကြောင်း သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။

ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲ ကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ”သိမ်းထားတဲ့ အချစ်” ၊ ” လရိပ်” ၊ ”မျှော်နိုင်သမျှ” စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။

share from : burmese.asia

LEAVE A REPLY