Zawgyi ျဖင့္ဖတ္ရန္

အဂၤလိပ္တို႔က ကိုလိုနီတို႔ရဲ႕ထုံးစံအတိုင္းပင္ ျမန္မာႏိုင္ငံကို ေသြးခြဲအုပ္ခ်ဳပ္ေရးစနစ္ (Divide and Rule) နဲ႔ အုပ္ခ်ဳပ္သည္။ ေနာက္ဆုံးမျဖစ္မေန လြတ္လပ္ေရးေပးရမည့္ အေျခအေနေရာက္သည့္အခ်ိန္အထိ ျမန္မာႏိုင္ငံကို ေတာင္တန္း၊ ျပည္မခြဲျခားၿပီး ျပည္မကိုသာလြတ္လပ္ေရးေပးခ်င္သည္။ ပင္လုံစာခ်ဳပ္သာ မရွိခဲ့ရင္ ကြၽန္ေတာ္တို႔ႏိုင္ငံသည္ ေတာင္တန္းႏွင့္ျပည္မဆိုၿပီး ႏွစ္ပိုင္းကြဲသြားမည္ျဖစ္သည္။

ပင္လုံစာခ်ဳပ္ဘာလို႔လိုအပ္တာလဲ

ဒုတိယကမာၻစစ္မျဖစ္မီက အဂၤလိပ္အစိုးရက ျပည္မကို ၁၉၃၅-ခုႏွစ္ ဗမာႏိုင္ငံအစိုးရအက္ဥပေဒအရ အုပ္ခ်ဳပ္ၿပီး ေတာင္တန္းေဒသကိုေတာ့ ဘုရင္ခံကတိုက္႐ိုက္အုပ္ခ်ဳပ္သည္။ စစ္ၿပီးတဲ့အခါမွာေတာ့ အဂၤလိပ္ဘုရင္ခံ ေဒၚမန္စမစ္၏ စကၠဴျဖဴစာတမ္း (Burma Statement of Policy by H.M.G, 1945) အရ ေတာင္တန္းေဒသကို စစ္မျဖစ္မီကအတိုင္း ဘုရင္ခံ၏လက္ေအာက္ခံအျဖစ္ထားရွိကာ ေတာင္တန္းေဒသက ျပည္မႏွင့္ပူးေပါင္းလိုသည္ဟု ေတာင္းဆိုသည့္အခ်ိန္အထိ ဘုရင္ခံကသာအုပ္ခ်ဳပ္မည္ဟု ဆိုသည္။ ထိုအခါ ျပည္မႏွင့္ေတာင္တန္းေဒသ တစ္ၿပိဳင္နက္လြတ္လပ္ေရးရယူဖို႔အတြက္ ပင္လုံစာခ်ဳပ္ခ်ဳပ္ဆို ရန္ လိုအပ္လာပါသည္။

ပထမပင္လုံအစည္းအေဝး

ပထမ ပင္လုံအစည္းအေဝး ပထမပင္လုံ အစည္းအေဝးကို ၁၉၄၆ ခုႏွစ္ မတ္လ ၁ မွ ၁၂ အထိက်င္းပခဲ့ၿပီး ထိုအခ်ိန္က ဗိုလ္ခ်ဳပ္ ရခိုင္ဖက္တြင္အေရးကိစၥရွိေန၍ ဖဆပလ ကိုယ္စားလွယ္အျဖစ္ သခင္ႏု၊ ဦးဘဂ်မ္းႏွင့္မန္းဘခိုင္တို႔က တက္ေရာက္သည္။သို႔ေသာ္ ထိုညီလာခံတြင္ မည္သည့္ႏိုင္ငံေရးဆုံးျဖတ္ခ်က္မွ် မခ်ႏိုင္ခဲ့ဘဲ ေဆြးေႏြး႐ုံ အျမင္ခ်င္းဖယ္လွယ္႐ုံသာရွိခဲ့သည္။ ထိုပထမပင္လုံ အစည္းအေဝးသည္ ေဆြးေႏြးပြဲသက္သက္သာျဖစ္ခဲ့သည္။

ဘာေၾကာင့္ပင္လုံစာခ်ဳပ္ ခ်ဳပ္ရတာလဲ

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ျမန္မာႏိုင္ငံလြတ္လပ္ေရးအတြက္ ၿဗိတိသွ်အစိုးရႏွင့္ ေဆြးေႏြးရာတြင္ ျမန္မာျပည္ကို လြတ္လပ္ေရးေပးလွ်င္ ရွမ္းျပည္နယ္အပါအဝင္ ေတာင္တန္းေဒသေတြကိုပါ လြတ္လပ္ေရးေပးဖို႔ေတာင္းဆိုသည္။ ထိုအခ်ိန္တြင္ ရွမ္းေစာ္ဘြားမ်ားက မိုင္းရယ္တြင္ စည္းေဝးၿပီး အဂၤလိပ္အစိုးရထံ ေၾကးနန္းပို႔လိုက္သည္။ “ေအာင္ဆန္းဟာ ငါတို႔ကိုယ္စားလွယ္မဟုတ္။ ရွမ္းျပည္အတြက္ ဘာမွေျပာခြင့္မရွိ၊ ရွမ္းျပည္ကိစၥေဆြးေႏြးလိုလွ်င္ ငါတို႔ကိုဖိတ္ပါ။” ဟူ၍ ေၾကးနန္းပို႔လိုက္သည္။သို႔ေသာ္ ဗိုလ္ခ်ဳပ္ကိုေထာက္ခံေသာလူငယ္ေခါင္းေဆာင္မ်ား ေတာင္ႀကီးႏွင့္တကြ နီးစပ္ရာလက္လွမ္းမီရာၿမိဳ႕အခ်ိဳ႕တြင္ ဆႏၵျပၾကၿပီး ေထာက္ခံေၾကာင္းေၾကးနန္းျပန႔္ပို႔သည္။ ဤသို႔ျဖင့္ ဗိုလ္ခ်ဳပ္ကို ေထာက္ခံသူႏွင့္ကန႔္ကြက္သူဟူ၍ ႏွစ္မ်ိဳးေပၚလာသည္။ ထို႔ေၾကာင့္ ၿဗိတိသွ်နန္ရင္းဝန္ အက္တလီ က “မၾကာမီက်င္းပမည့္ ပင္လုံအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္တို႔ႏွင့္ ေတာင္တန္းေဒသကိုယ္စားလွယ္မ်ားေဆြးေႏြးၾကပါ။ ယင္းကဲ့သို႔ ေဆြေႏြးညႇိႏႈိင္း၍ ရရွိလာေသာသေဘာတူညီခ်က္ကို ၿဗိတိသွ်အစိုးရက လက္ခံပါမည္” ဟုသေဘာတူလိုက္သည္။

ဒုတိယ ပင္လုံအစည္းအေဝး

ဒုတိယပင္လုံအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္ပါဝင္ေသာျပည္မမွအဖြဲ႕ႏွင့္ ေတာင္တန္းေဒသအသီးသီးမွ ေစာ္ဘြားႏွင့္ကိုယ္စားလွယ္ေတာ္မ်ား အျပန္ျပန္အလွန္လွန္ေဆြးေႏြးၾကသည္။ ေညာင္ေ႐ႊေစာ္ဘြားႀကီး စပ္ေ႐ႊသိုက္ကအခ်က္သုံးခ်က္ကို ျပင္းျပင္းထန္ထန္ေတာင္းဆိုသည္။ ပင္လုံစာခ်ဳပ္ခ်ဳပ္၍မရ၊ ေဆြးေႏြးပြဲကို ရပ္လိုက္ရသည္။ ဗိုလ္ခ်ဳပ္သည္ ရန္ကုန္ကိုျပန္ရန္အတြက္ ေလယာဥ္ကိုပင္ စီစဥ္ခိုင္းလိုက္ၿပီျဖစ္သည္။ ပင္လုံ႐ြာကေလးလည္း လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။ သို႔ေသာ္လည္း ေနာက္ဆုံးမွာေတာ့ အားလုံးညႇိႏႈိင္းလို႔ရသြားၿပီး ၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ ပင္လုံစာခ်ဳပ္ကိုခ်ဳပ္ဆိုႏိုင္ခဲ့သည္။ ယင္းသို႔ တစ္ျပည္ေထာင္လုံးရွိ တိုင္းရင္းသားေပါင္းစုံ၏ ေသြးစည္းညီၫြတ္မႈကို ျပသႏိုင္ခဲ့ေသာ ထိုေန႔ကို ‘‘ျပည္ေထာင္စုေန႔’’ဟူ၍ ေခၚေဝၚသမုတ္ခဲ့သည္မွာ ယေန႔အထိ ျဖစ္သည္။ ထိုသို႔ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေသာေန႔ကို ျပည္ေထာင္စုေန႔အျဖစ္ ႏိုင္ငံေတာ္မွတရားဝင္သတ္မွတ္ခဲ့သည္။

၁၉၄၇၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ ပင္လုံသေဘာ တူစာခ်ဳပ္ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ တိုင္းရင္းသားေခါင္းေဆာင္ ၂၂ ဦး လက္မွတ္ေရးထိုးခဲ့သည္။ ပင္လုံစာခ်ဳပ္တြင္ လက္မွတ္ေရးထိုးခဲ့ေသာ ေခါင္းေဆာင္ (၂၃)ဦးမွာ-

ဗိုလ္ခ်ဳပ္ေအာင္ဆန္း (ျမန္မာျပည္ေခါင္းေဆာင္)

စဝ္ခြန္ပန္းစိန္ (ေတာင္ပိုင္းေစာ္ဘြား)

စဝ္ေ႐ႊသိုက္ (ေညာင္ေ႐ႊေစာ္ဘြား)

စဝ္ဟုန္ဖ (ေျမာက္ပိုင္းသိႏၷီေစာ္ဘြား)

စဝ္ႏြံ (လဲခ်ားေစာ္ဘြား)

စဝ္စံထြန္း (မိုင္းပြန္ေစာ္ဘြား)

န္ဖုန္း (ေျမာက္ပိုင္းသိႏၷီ လူထုကိုယ္စားလွယ္)

စဝ္ထြန္းေအး (သာမိုင္းခမ္းေစာ္ဘြား)

ဦးတင္ေအး (ေတာင္ႀကီးလူထုကိုယ္စားလွယ္)

ဦးၾကာပု (သီေပါလူထုကိုယ္စားလွယ္)

စဝ္ယိင္ဖ (သီေပါလူထုကိုယ္စားလွယ္)

ဆမားဒူဝါဆင္ဝါေနာင္ (ျမစ္ႀကီးနားကခ်င္ကိုယ္စား လွယ္)

ဝါေဇာ္ရစ္ (ျမစ္ႀကီးနားကခ်င္ကိုယ္စားလွယ္)

ဦးခြန္ထီး (ပင္လုံလူထုကိုယ္စားလွယ္)

ဦးထြန္းျမင့္ (ေမာက္မယ္လူထုကိုယ္စားလွယ္)

ဦးခြန္ေစာ (ပင္းတယလူထုကိုယ္စားလွယ္)

ဦးျဖဴ (ဆီဆိုင္ေစာ္ဘြားကိုယ္စားလွယ္)

ဦးဒိန္ရတန္ (ဗန္းေမာ္ကခ်င္ကိုယ္စားလွယ္)

ဝါးေဇာ္လြန္း (ဗန္းေမာ္ကခ်င္ကိုယ္စားလွယ္)

ဦးလဘန္းဂေရာင္ (ဗန္းေမာ္ကခ်င္ကိုယ္စားလွယ္)

ဦးလူမုန္း (ဖလမ္းခ်င္းကိုယ္စားလွယ္)

ဦးေသာင္ဇာခုတ္ (တီးတိန္ခ်င္းကိုယ္စားလွယ္)

ဦးကီယိုမာန္ (ဟားခါးခ်င္းကိုယ္စားလွယ္) တို႔ျဖစ္ၾကသည္။

ကိုးကား။ ငါတို႔ ဗိုလ္ခ်ဳပ္ဘာလုပ္ခဲ့သလဲ(ဦးပုေလး)၊ ပင္လုံစစ္တမ္း(ဦးအုန္းေဖ)၊ ကိုယ္ေတြ႕ပင္လုံ (ဦးေဖခင္)ဓာတ္ပုံ။ Ministry of Information

share from : မင္းသုခ (အခရာ)

 

Unicode ဖြင့်ဖတ်ရန်

 

လူငယ်တိုင်းသိထားသင့်သော ပင်လုံစာချုပ်၏သမိုင်း

အင်္ဂလိပ်တို့က ကိုလိုနီတို့ရဲ့ထုံးစံအတိုင်းပင် မြန်မာနိုင်ငံကို သွေးခွဲအုပ်ချုပ်ရေးစနစ် (Divide and Rule) နဲ့ အုပ်ချုပ်သည်။ နောက်ဆုံးမဖြစ်မနေ လွတ်လပ်ရေးပေးရမည့် အခြေအနေရောက်သည့်အချိန်အထိ မြန်မာနိုင်ငံကို တောင်တန်း၊ ပြည်မခွဲခြားပြီး ပြည်မကိုသာလွတ်လပ်ရေးပေးချင်သည်။ ပင်လုံစာချုပ်သာ မရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံသည် တောင်တန်းနှင့်ပြည်မဆိုပြီး နှစ်ပိုင်းကွဲသွားမည်ဖြစ်သည်။

ပင်လုံစာချုပ်ဘာလို့လိုအပ်တာလဲ

ဒုတိယကမ္ဘာစစ်မဖြစ်မီက အင်္ဂလိပ်အစိုးရက ပြည်မကို ၁၉၃၅-ခုနှစ် ဗမာနိုင်ငံအစိုးရအက်ဥပဒေအရ အုပ်ချုပ်ပြီး တောင်တန်းဒေသကိုတော့ ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်သည်။ စစ်ပြီးတဲ့အခါမှာတော့ အင်္ဂလိပ်ဘုရင်ခံ ဒေါ်မန်စမစ်၏ စက္ကူဖြူစာတမ်း (Burma Statement of Policy by H.M.G, 1945) အရ တောင်တန်းဒေသကို စစ်မဖြစ်မီကအတိုင်း ဘုရင်ခံ၏လက်အောက်ခံအဖြစ်ထားရှိကာ တောင်တန်းဒေသက ပြည်မနှင့်ပူးပေါင်းလိုသည်ဟု တောင်းဆိုသည့်အချိန်အထိ ဘုရင်ခံကသာအုပ်ချုပ်မည်ဟု ဆိုသည်။ ထိုအခါ ပြည်မနှင့်တောင်တန်းဒေသ တစ်ပြိုင်နက်လွတ်လပ်ရေးရယူဖို့အတွက် ပင်လုံစာချုပ်ချုပ်ဆို ရန် လိုအပ်လာပါသည်။

ပထမပင်လုံအစည်းအဝေး

ပထမ ပင်လုံအစည်းအဝေး ပထမပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ မှ ၁၂ အထိကျင်းပခဲ့ပြီး ထိုအချိန်က ဗိုလ်ချုပ် ရခိုင်ဖက်တွင်အရေးကိစ္စရှိနေ၍ ဖဆပလ ကိုယ်စားလှယ်အဖြစ် သခင်နု၊ ဦးဘဂျမ်းနှင့်မန်းဘခိုင်တို့က တက်ရောက်သည်။သို့သော် ထိုညီလာခံတွင် မည်သည့်နိုင်ငံရေးဆုံးဖြတ်ချက်မျှ မချနိုင်ခဲ့ဘဲ ဆွေးနွေးရုံ အမြင်ချင်းဖယ်လှယ်ရုံသာရှိခဲ့သည်။ ထိုပထမပင်လုံ အစည်းအဝေးသည် ဆွေးနွေးပွဲသက်သက်သာဖြစ်ခဲ့သည်။

ဘာကြောင့်ပင်လုံစာချုပ် ချုပ်ရတာလဲ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရာတွင် မြန်မာပြည်ကို လွတ်လပ်ရေးပေးလျှင် ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသတွေကိုပါ လွတ်လပ်ရေးပေးဖို့တောင်းဆိုသည်။ ထိုအချိန်တွင် ရှမ်းစော်ဘွားများက မိုင်းရယ်တွင် စည်းဝေးပြီး အင်္ဂလိပ်အစိုးရထံ ကြေးနန်းပို့လိုက်သည်။ “အောင်ဆန်းဟာ ငါတို့ကိုယ်စားလှယ်မဟုတ်။ ရှမ်းပြည်အတွက် ဘာမှပြောခွင့်မရှိ၊ ရှမ်းပြည်ကိစ္စဆွေးနွေးလိုလျှင် ငါတို့ကိုဖိတ်ပါ။” ဟူ၍ ကြေးနန်းပို့လိုက်သည်။သို့သော် ဗိုလ်ချုပ်ကိုထောက်ခံသောလူငယ်ခေါင်းဆောင်များ တောင်ကြီးနှင့်တကွ နီးစပ်ရာလက်လှမ်းမီရာမြို့အချို့တွင် ဆန္ဒပြကြပြီး ထောက်ခံကြောင်းကြေးနန်းပြန့်ပို့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကို ထောက်ခံသူနှင့်ကန့်ကွက်သူဟူ၍ နှစ်မျိုးပေါ်လာသည်။ ထို့ကြောင့် ဗြိတိသျှနန်ရင်းဝန် အက်တလီ က “မကြာမီကျင်းပမည့် ပင်လုံအစည်းအဝေးတွင် ဗိုလ်ချုပ်တို့နှင့် တောင်တန်းဒေသကိုယ်စားလှယ်များဆွေးနွေးကြပါ။ ယင်းကဲ့သို့ ဆွေနွေးညှိနှိုင်း၍ ရရှိလာသောသဘောတူညီချက်ကို ဗြိတိသျှအစိုးရက လက်ခံပါမည်” ဟုသဘောတူလိုက်သည်။

ဒုတိယ ပင်လုံအစည်းအဝေး

ဒုတိယပင်လုံအစည်းအဝေးတွင် ဗိုလ်ချုပ်ပါဝင်သောပြည်မမှအဖွဲ့နှင့် တောင်တန်းဒေသအသီးသီးမှ စော်ဘွားနှင့်ကိုယ်စားလှယ်တော်များ အပြန်ပြန်အလှန်လှန်ဆွေးနွေးကြသည်။ ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်ကအချက်သုံးချက်ကို ပြင်းပြင်းထန်ထန်တောင်းဆိုသည်။ ပင်လုံစာချုပ်ချုပ်၍မရ၊ ဆွေးနွေးပွဲကို ရပ်လိုက်ရသည်။ ဗိုလ်ချုပ်သည် ရန်ကုန်ကိုပြန်ရန်အတွက် လေယာဉ်ကိုပင် စီစဉ်ခိုင်းလိုက်ပြီဖြစ်သည်။ ပင်လုံရွာကလေးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ အားလုံးညှိနှိုင်းလို့ရသွားပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။ ထိုသို့ပင်လုံစာချုပ်ချုပ်ဆိုခဲ့သောနေ့ကို ပြည်ထောင်စုနေ့အဖြစ် နိုင်ငံတော်မှတရားဝင်သတ်မှတ်ခဲ့သည်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံသဘော တူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့သည်။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင် (၂၃)ဦးမှာ-

ဗိုလ်ချုပ်အောင်ဆန်း (မြန်မာပြည်ခေါင်းဆောင်)

စဝ်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)

စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)

စဝ်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)

စဝ်နွံ (လဲချားစော်ဘွား)

စဝ်စံထွန်း (မိုင်းပွန်စော်ဘွား)

န်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)

စဝ်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)

ဦးတင်အေး (တောင်ကြီးလူထုကိုယ်စားလှယ်)

ဦးကြာပု (သီပေါလူထုကိုယ်စားလှယ်)

စဝ်ယိင်ဖ (သီပေါလူထုကိုယ်စားလှယ်)

ဆမားဒူဝါဆင်ဝါနောင် (မြစ်ကြီးနားကချင်ကိုယ်စား လှယ်)

ဝါဇော်ရစ် (မြစ်ကြီးနားကချင်ကိုယ်စားလှယ်)

ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)

ဦးထွန်းမြင့် (မောက်မယ်လူထုကိုယ်စားလှယ်)

ဦးခွန်စော (ပင်းတယလူထုကိုယ်စားလှယ်)

ဦးဖြူ (ဆီဆိုင်စော်ဘွားကိုယ်စားလှယ်)

ဦးဒိန်ရတန် (ဗန်းမော်ကချင်ကိုယ်စားလှယ်)

ဝါးဇော်လွန်း (ဗန်းမော်ကချင်ကိုယ်စားလှယ်)

ဦးလဘန်းဂရောင် (ဗန်းမော်ကချင်ကိုယ်စားလှယ်)

ဦးလူမုန်း (ဖလမ်းချင်းကိုယ်စားလှယ်)

ဦးသောင်ဇာခုတ် (တီးတိန်ချင်းကိုယ်စားလှယ်)

ဦးကီယိုမာန် (ဟားခါးချင်းကိုယ်စားလှယ်) တို့ဖြစ်ကြသည်။

ကိုးကား။ ငါတို့ ဗိုလ်ချုပ်ဘာလုပ်ခဲ့သလဲ(ဦးပုလေး)၊ ပင်လုံစစ်တမ်း(ဦးအုန်းဖေ)၊ ကိုယ်တွေ့ပင်လုံ (ဦးဖေခင်)ဓာတ်ပုံ။ Ministry of Information

share from : မင်းသုခ (အခရာ)

LEAVE A REPLY