Zawgyi ဖြင့်ဖတ်ရန်



ရေချိုးလိုက်ရင်အိမ်မှာထမင်းချက်ဖို့ရေကျန်မှာမဟုတ်တော့ဘူး #SOLO_BURMAရေလှူချင်လျှင် ြကာကန်ရွာမှ ကိုဇော်မင်းထိုက် 09455294442 ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်။

Posted by SOLO BURMA on Tuesday, September 24, 2019



Unicode ဖြင့်ဖတ်ရန်

ဘဝကချို့တဲ့ပေမယ့် ဝါသနာကြီးတဲ့သူ

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ စက်ရေတွင်းတွေ တူးဖော်ကာ ရေရှားပါးမှုဒုက္ခလျော့နည်းအောင် ဆောင်ရွက်နေကြပေမယ့် တချို့နေရာတွေမှာတော့ ရာသီဥတုပူလာတာနဲ့အမျှ စက်ရေတွင်းကရေကိုလည်း အသုံးမပြုနိုင်တော့ဘဲ တွင်းရေလေးတွေကို အချိန်ကြာကြာစောင့်ခပ်နေရတာကို ဒီဗွီဒီယိုလေးထဲမှာတွေ့ရမှာပါ။

ဒီလိုဒေသမှာနေထိုင်တဲ့ ယာလုပ် ရေခပ် အလုပ်ကြမ်းတွေလုပ်ကာ ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူတစ်ဦးကတော့ သူ့ရဲ့ဝါသနာကြီးမှုကို သီချင်းလေးဆိုကာ ဖော်ပြထားပါတယ်။

ဘဝချို့တဲ့ပေမယ့် ဝါသနာကြီးရှာတဲ့သူမ အိမ်မက်ခရီးလမ်းကိုသွားဖို့ ကြိုးစားချက်တွေ မအောင်မြင်ခဲ့ပေမယ့် သူမရဲ့အဖြစ်လေးကို သီချင်းလေးနဲ့ဖော်ပြနေတာလေးကတော့ တကယ့်ကို ချစ်စဖွယ်ကောင်းလှပါတယ်။

Writer -LLA ( Shwe Yaung Lan )

LEAVE A REPLY