Zawgyi ျဖင့္ဖတ္ရန္
PlayerUnknown’s Battleground (PUBG) ဟာ လက္ရွိ ဂိမ္းေလာကမွာဆို လူအႀကိဳက္အမ်ားဆုံး ဂိမ္းတစ္ခုျဖစ္ေနပါတယ္။ ဒီ ဂိမ္းကို ဒီမွာလည္းေတာ္ေတာ္မ်ားမ်ား ကစားေနၾကၿပီး အမ်ိဳးသမီးေတြပါ စိတ္ဝင္စားၾကတာေတြ႕ရပါတယ္။
ဒီ ဂိမ္းက ကြန္ပ်ဳတာ ဂိမ္းတစ္ခုအျဖစ္ အရင္ထြက္ရွိခဲ့ၿပီး မိုဘိုင္းဖုန္း ဂိမ္းအျဖစ္ထြက္ရွိလာတဲ့ အခ်ိန္မွာေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ အိႏၵိယႏိုင္ငံမွာ ခဏေလးအတြင္း နာမည္အႀကီးဆုံး၊ အပ်ံအႏွံ႔ဆုံး ဂိမ္းျဖစ္သြားတယ္။ ဒါေၾကာင့္နဲ႔ ဒီေလာက္ ဆြဲေဆာင္မႈျပင္းတဲ့ ဂိမ္းရဲ႕ေနာက္ကြယ္က ဖန္တီးသူအေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။
PUBG ဂိမ္းကို ဖန္တီးတဲ့ သူဟာ အိုင္ယာလန္ႏိုင္ငံသား Brenden Greene (၃၇ ႏွစ္) ျဖစ္တယ္။ လက္ရွိမွာသူက ဂရပ္ဖစ္ ဒီဇိုင္၊ ဝက္ဘ္တည္ေဆာက္သူနဲ႔ ဓာတ္ပုံဆရာ တစ္ေယာက္အျဖစ္ ဘရာဇီးလ္ႏိုင္ငံမွာ လုပ္ကိုင္ေနတယ္။(၂၀၁၃) ခုႏွစ္တုန္းက Brendan ဟာ DayZ လို႔ေခၚတဲ့ ဂိမ္းပုံစံကို သေဘာေတြ႕ခဲ့တယ္။ အဲ့ဒီ့ေနာက္ သူဟာ DayZ ဂိမ္းအတြက္ mod ဖန္တီးတဲ့ သူအျဖစ္လုပ္ကိုင္ခဲ့တယ္။ အဲ့ဒီ့ေနာက္ ဂ်ပန္ ႐ုပ္ရွင္တစ္ခုျဖစ္တဲ့ Battle Royale ထဲကလည္း အႀကံတစ္ခ်ိဳ႕နဲ႔ ေစ့ေဆာ္မႈေတြ ရရွိခဲ့ၿပီး ကိုယ္ပိုင္ဂိမ္း စစ္စတမ္ Battler Royale ပုံစံတစ္ခုကို ဆန္းသစ္ ဖန္တီးခဲ့တယ္လို႔ သိရတယ္။
ဒီလိုနဲ႔ ကုတ္တင္ေတြေရးတာ သင္ၿပီးတဲ့ေနာက္ ပထမဆုံး PUBG ဗားရွင္းကို ဖန္တီးခဲ့တယ္။ ဒီ ဂိမ္းဟာ DayZ ဆိုတဲ့နာမည္နဲ႔ ဂိမ္းေဆာ့သူေတြရဲ႕ အႀကိဳက္ျဖစ္လာခဲ့တယ္။ သူရဲ႕ ဖန္တီးမႈကို Sony ထုတ္လုပ္ေရးက စိတ္ဝင္စား ႏွစ္သက္ခဲ့လို႔ H1Z1 ဆိုတဲ့ ဂိမ္းရဲ႕ Battle Royale ဒီဇိုင္းအတြက္ အႀကံအေပးအျဖစ္ ငွားရမ္းခဲ့တယ္။ ဂိမ္းထႊက္ လာတဲ့ အခါမွာလည္း သူရဲ႕ ဒီဇိုင္းအျဖစ္ အတည္ျပဳေပးခဲ့တယ္။(၂၀၁၅) ခုႏွစ္မွာေတာ့ Brendan က ေတာင္ကိုရီးယာႏိုင္ငံက Bluehole Ginno ဆိုတဲ့ ဂိမ္းကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္။ အဲ့ဒီ့ေနာက္ (၂၀၁၆) ခုႏွစ္မွာ ဂိမ္းအသစ္ ထုတ္လုပ္ဖို႔နဲ႔ သူဟာ ဖန္တီးမႈပိုင္း ဒါ႐ိုက္တာျဖစ္လာခဲ့တယ္။ ေတာင္ကိုရီယား ကုမၸဏီက လက္ရွိ သူတို႔ႏိုင္ငံမွာ သိပ္ေရပန္းမစားေသးတဲ့ ဒီလို တိုက္ခိုက္ရတဲ့ ဂိမ္းပုံစံကို ဖန္တီးၿပီး အက်ိဳးအျမတ္ ရွာေဖြလိုတာျဖစ္တယ္လို႔ သိရတယ္။ ပထမဆုံး ဖန္တီး ထုတ္လုပ္ခ်င္တဲ့ ရည္႐ြယ္ခ်က္လည္းရွိတယ္။
ဒီလိုနဲ႔ပဲ PUBG ဆိုၿပီး (၂၀၁၇) မွာ စတင္ ထုတ္လုပ္ခဲ့တယ္။ အဲ့ဒီေနာက္ကစလို႔ အင္မတန္မွ လူႀကိဳက္မ်ားတဲ့ ဂိမ္းတစ္ခုျဖစ္လာခဲ့ၿပီး တစ္ေန႔ကို ပွ်မ္းမွ် လူသန္း(၁၀၀)နီးပါးေလာက္ ကစားေနတယ္ဆိုတဲ့အေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။
share form :burmese.asia
Unicode ဖြင့်ဖတ်ရန်
လူကြိုက်များပြီးရေပန်းစားနေတဲ့ PUBG ဂိမ်းကိုဖန်တီးခဲ့သူနဲ့ ဂိမ်းစတင်ဖြစ်ပေါ်လာပုံ
PlayerUnknown’s Battleground (PUBG) ဟာ လက်ရှိ ဂိမ်းလောကမှာဆို လူအကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်နေပါတယ်။ ဒီ ဂိမ်းကို ဒီမှာလည်းတော်တော်များများ ကစားနေကြပြီး အမျိုးသမီးတွေပါ စိတ်ဝင်စားကြတာတွေ့ရပါတယ်။
ဒီ ဂိမ်းက ကွန်ပျုတာ ဂိမ်းတစ်ခုအဖြစ် အရင်ထွက်ရှိခဲ့ပြီး မိုဘိုင်းဖုန်း ဂိမ်းအဖြစ်ထွက်ရှိလာတဲ့ အချိန်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံမှာ ခဏလေးအတွင်း နာမည်အကြီးဆုံး၊ အပျံအနှံ့ဆုံး ဂိမ်းဖြစ်သွားတယ်။ ဒါကြောင့်နဲ့ ဒီလောက် ဆွဲဆောင်မှုပြင်းတဲ့ ဂိမ်းရဲ့နောက်ကွယ်က ဖန်တီးသူအကြောင်း ဖော်ပြပေးချင်ပါတယ်။
PUBG ဂိမ်းကို ဖန်တီးတဲ့ သူဟာ အိုင်ယာလန်နိုင်ငံသား Brenden Greene (၃၇ နှစ်) ဖြစ်တယ်။ လက်ရှိမှာသူက ဂရပ်ဖစ် ဒီဇိုင်၊ ဝက်ဘ်တည်ဆောက်သူနဲ့ ဓာတ်ပုံဆရာ တစ်ယောက်အဖြစ် ဘရာဇီးလ်နိုင်ငံမှာ လုပ်ကိုင်နေတယ်။(၂၀၁၃) ခုနှစ်တုန်းက Brendan ဟာ DayZ လို့ခေါ်တဲ့ ဂိမ်းပုံစံကို သဘောတွေ့ခဲ့တယ်။ အဲ့ဒီ့နောက် သူဟာ DayZ ဂိမ်းအတွက် mod ဖန်တီးတဲ့ သူအဖြစ်လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီ့နောက် ဂျပန် ရုပ်ရှင်တစ်ခုဖြစ်တဲ့ Battle Royale ထဲကလည်း အကြံတစ်ချို့နဲ့ စေ့ဆော်မှုတွေ ရရှိခဲ့ပြီး ကိုယ်ပိုင်ဂိမ်း စစ်စတမ် Battler Royale ပုံစံတစ်ခုကို ဆန်းသစ် ဖန်တီးခဲ့တယ်လို့ သိရတယ်။
ဒီလိုနဲ့ ကုတ်တင်တွေရေးတာ သင်ပြီးတဲ့နောက် ပထမဆုံး PUBG ဗားရှင်းကို ဖန်တီးခဲ့တယ်။ ဒီ ဂိမ်းဟာ DayZ ဆိုတဲ့နာမည်နဲ့ ဂိမ်းဆော့သူတွေရဲ့ အကြိုက်ဖြစ်လာခဲ့တယ်။ သူရဲ့ ဖန်တီးမှုကို Sony ထုတ်လုပ်ရေးက စိတ်ဝင်စား နှစ်သက်ခဲ့လို့ H1Z1 ဆိုတဲ့ ဂိမ်းရဲ့ Battle Royale ဒီဇိုင်းအတွက် အကြံအပေးအဖြစ် ငှားရမ်းခဲ့တယ်။ ဂိမ်းထွှက် လာတဲ့ အခါမှာလည်း သူရဲ့ ဒီဇိုင်းအဖြစ် အတည်ပြုပေးခဲ့တယ်။(၂၀၁၅) ခုနှစ်မှာတော့ Brendan က တောင်ကိုရီးယာနိုင်ငံက Bluehole Ginno ဆိုတဲ့ ဂိမ်းကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တယ်။ အဲ့ဒီ့နောက် (၂၀၁၆) ခုနှစ်မှာ ဂိမ်းအသစ် ထုတ်လုပ်ဖို့နဲ့ သူဟာ ဖန်တီးမှုပိုင်း ဒါရိုက်တာဖြစ်လာခဲ့တယ်။ တောင်ကိုရီယား ကုမ္ပဏီက လက်ရှိ သူတို့နိုင်ငံမှာ သိပ်ရေပန်းမစားသေးတဲ့ ဒီလို တိုက်ခိုက်ရတဲ့ ဂိမ်းပုံစံကို ဖန်တီးပြီး အကျိုးအမြတ် ရှာဖွေလိုတာဖြစ်တယ်လို့ သိရတယ်။ ပထမဆုံး ဖန်တီး ထုတ်လုပ်ချင်တဲ့ ရည်ရွယ်ချက်လည်းရှိတယ်။
ဒီလိုနဲ့ပဲ PUBG ဆိုပြီး (၂၀၁၇) မှာ စတင် ထုတ်လုပ်ခဲ့တယ်။ အဲ့ဒီနောက်ကစလို့ အင်မတန်မှ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်လာခဲ့ပြီး တစ်နေ့ကို ပျှမ်းမျှ လူသန်း(၁၀၀)နီးပါးလောက် ကစားနေတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
share form :burmese.asia