Zawgyi ျဖင့္ဖတ္ရန္

 

မေလးရွားႏိုင္ငံမွ အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက မယားပါသမီးျဖစ္သူ အသက္ ၁၂ ႏွစ္ အ႐ြယ္မိန္းကေလးအား အဓၶမအႀကိမ္ႀကိမ္ ျပဳက်င့္ျခင္း၊ ဗလကၠာရလုပ္ျခင္းနဲ႔ သဘာဝအတိုင္းမဟုတ္သည့္ လိင္ဆက္ဆံမႈမ်ား က်ဴးလြန္ခဲ့သည့္အတြက္ ေထာင္ဒဏ္ ၂၀၂ ႏွစ္ ခ်မွတ္လိုက္သည္။

မေလးရွားသတင္းစာ Malay Mail တြင္ ေဖာ္ျပထားတဲ့သတင္းရ ပယ္ရက္ျပည္နယ္ ကန္ပုန္တာဆူစန္ဘာ႐ူး ရွိ မိသားစုေနအိမ္တြင္ အသက္ ၁၂ ႏွစ္အ႐ြယ္ မယားပါသမီးကို ၂၀၁၆ ခုႏွစ္ ဧၿပီလမွစတင္ကာ ယခုႏွစ္ စက္တင္ဘာလထိ လိင္ပိုင္းဆိုင္ရာမ်ိဳးစုံက်ဴးလြန္မႈနဲ႔ အဓၶမျပဳက်င့္မႈ ၂၂ ႀကိမ္ရွိခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

ကေလးမေလးရဲ႕ မိခင္ျဖစ္သူက အမ်ိဳးသား၏ လက္ကိုင္ဖုန္းအတြင္းမွ သူ႔သမီးငယ္၏ အဝတ္အစားမပါတဲ့ ပုံေတြကို မထင္မွတ္ပဲ ေတြ႕ရွိသြားခဲ့ၿပီးေနာက္ အဲဒီေန႔မွာပင္ ခ်က္ျခင္း ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

 

အမ်ိဳးသားဟာ ကေလးမေလး၏မိခင္ အျပင္သြားေနခ်ိန္နဲ႔ အိပ္ေနတဲ့အခ်ိန္ေတြမွာ လိင္ပိုင္ဆိုင္ရာက်ဴးလြန္မႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဒီအေၾကာင္းေတြကို ျပန္ေျပာရင္ သတ္ပစ္မယ္လို႔လည္း ၿခိမ္းေျခာက္ထားခဲ့ပါတယ္။

တရား႐ုံးက ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ အျပစ္ဒဏ္မ်ားအားလုံးကို တစ္ေပါင္းတစ္စည္းထဲ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့သည့္အတြက္ ေထာင္ဒဏ္စုစုေပါင္း ၂၀၂ ႏွစ္ က်ခံရန္ မလိုေတာ့ပဲ ၃၈ ႏွစ္သာ က်ခံရေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ႀကိမ္ဒဏ္ ၃၈ ခ်က္ပါ ပူးတြဲက်ခံရမွာပါ။

အသက္ ၃၇ ႏွစ္အ႐ြယ္ တရားခံကို ပုဒ္မ ၃၅၄၊ ၃၇၆(ခ)၊ ၃၇၇(ဂ) နဲ႔ ကေလးသူငယ္မ်ားအေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈ ဥပေဒပုဒ္မ ၅၀၉ ၏ အခန္း ၁၄(က) အရ တရားစြဲဆို ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

 

သက်ငယ်မုဒိန်း အကြိမ်ကြိမ် ကျူးလွန်ခဲ့သူအား ထောင်ဒဏ် ၂၀၂ နှစ် ချမှတ်

မလေးရှားနိုင်ငံမှ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက မယားပါသမီးဖြစ်သူ အသက် ၁၂ နှစ် အရွယ်မိန်းကလေးအား အဓ္ဓမအကြိမ်ကြိမ် ပြုကျင့်ခြင်း၊ ဗလက္ကာရလုပ်ခြင်းနဲ့ သဘာဝအတိုင်းမဟုတ်သည့် လိင်ဆက်ဆံမှုများ ကျူးလွန်ခဲ့သည့်အတွက် ထောင်ဒဏ် ၂၀၂ နှစ် ချမှတ်လိုက်သည်။

မလေးရှားသတင်းစာ Malay Mail တွင် ဖော်ပြထားတဲ့သတင်းရ ပယ်ရက်ပြည်နယ် ကန်ပုန်တာဆူစန်ဘာရူး ရှိ မိသားစုနေအိမ်တွင် အသက် ၁၂ နှစ်အရွယ် မယားပါသမီးကို ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ ယခုနှစ် စက်တင်ဘာလထိ လိင်ပိုင်းဆိုင်ရာမျိုးစုံကျူးလွန်မှုနဲ့ အဓ္ဓမပြုကျင့်မှု ၂၂ ကြိမ်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ကလေးမလေးရဲ့ မိခင်ဖြစ်သူက အမျိုးသား၏ လက်ကိုင်ဖုန်းအတွင်းမှ သူ့သမီးငယ်၏ အဝတ်အစားမပါတဲ့ ပုံတွေကို မထင်မှတ်ပဲ တွေ့ရှိသွားခဲ့ပြီးနောက် အဲဒီနေ့မှာပင် ချက်ခြင်း ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဟာ ကလေးမလေး၏မိခင် အပြင်သွားနေချိန်နဲ့ အိပ်နေတဲ့အချိန်တွေမှာ လိင်ပိုင်ဆိုင်ရာကျူးလွန်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒီအကြောင်းတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားခဲ့ပါတယ်။

တရားရုံးက ကြားနာစစ်ဆေးခဲ့ပြီးနောက် အပြစ်ဒဏ်များအားလုံးကို တစ်ပေါင်းတစ်စည်းထဲ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ်စုစုပေါင်း ၂၀၂ နှစ် ကျခံရန် မလိုတော့ပဲ ၃၈ နှစ်သာ ကျခံရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြိမ်ဒဏ် ၃၈ ချက်ပါ ပူးတွဲကျခံရမှာပါ။

အသက် ၃၇ နှစ်အရွယ် တရားခံကို ပုဒ်မ ၃၅၄၊ ၃၇၆(ခ)၊ ၃၇၇(ဂ) နဲ့ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဥပဒေပုဒ်မ ၅၀၉ ၏ အခန်း ၁၄(က) အရ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

Credit :popolay

LEAVE A REPLY