Zawgyi ဖြင့်ဖတ်ရန်


 




Unicode ဖြင့်ဖတ်ရန်

Instagram မှာ post တင်တာက ဘောလုံးကန်တာထက် ဝင်ငွေပိုရနေတဲ့ စီရော်နယ်ဒို

မော်ဒန်ဘောလုံးလောကရဲ့ ဘုရင်လို့ ဆိုနိုင်တဲ့ လူတစ်ယောက်ရှိပါတယ်။ ဒါကတော့ အများအခေါ် ဒိုလေး စီရော်နယ်ဒိုပဲဖြစ်ပါတယ်။ ဆယ်စုနှစ် ၁ စုကျော်ထိတိုင်အောင် အောင်မြင်မှုတွေကို ရယူထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ ယခုဆိုရင် သူရဲ့ ဂိုးသွင်းအရေအတွက်ဟာ ၇၀၀ ပြည့်ခဲ့ပြီး စံချိန်သစ်ကို တင်ထားသူလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုကိုတော့ ကြိုးစားသူတွေရဲ့ idol လို့ ဆိုကြပါတယ်။ သူဟာ ငယ်ငယ်က ရုန်းကန်ခဲ့ရတဲ့ ဘဝ၊ ကျွန်းငယ်လေးကနြေ ပီးတော့ ဆု (၅) ကြိမ်ထိရအောင် ကြိုးစားခဲ့ရတဲ့ သူရဲ့ ဘဝလမ်းက တကယ်ပဲ ကြမ်းတမ်းခဲ့ပါတယ်။ အပြင်ပန်းအားဖြင့် ကြည့်မယ်ဆိုရင်တော့ စီရော်နယ်ဒို တစ်ယောက်ဟာ ဘဝမေ့တတ်သူ၊ ခက်ထန်သူလို့ ထင်စရာရှိပေမယ့် သူဟာ ကျေးဇူးသိတတ်ပြီး လူသားချင်း စာနာစိတ်ရှိသူတစ်ဦးဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့်လည်း သူရဲ့ ပရိတ်သတ်ဟာ အင်မတန်မှ ချစ်ခင်ခဲ့ကြပါတယ်။

မကြာသေးမီ Business Insider ရဲ့ကြော်ငြာချက်တစ်ခုမှာ စီရောနယ်ဒိုရဲ့ တစ်လ ဝင်ငွေဟာ သူ ဘောလုံးကစားလို့ရတဲ့ ဝင်ငွေထက် Instagram ကနေ ရတဲ့ ဝင်ငွေက ပိုများတယ်လို့ ဆိုပါတယ်။ Instagram မှာ စီရောနယ်ဒိုရဲ့အကောင့်ဟာ Followers သန်း ၂၀၀ နီးပါးရှိပြီး Followers အများဆုံးကို ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိသူကစားနေတဲ့ Juventus အသင်းက ရရှိငွေ သန်း ၃ ကျော်ဖြစ်ပြီး၊ Instagram မှ ရရှိငွေကတော့ သန်း ၅၀ နီးပါးဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စီရော်နယ်ဒိုဟာ ဘောလုံးအားကစားအပြင် မော်ဒယ် ကြော်ငြာလုပ်ငန်း တွေပါ လုပ်ကိုင်လျက်ရှိပါတယ်။ သူဟာ ငယ်စဉ်ကတည်း ကြိုးစားသူတစ်ယောက်ဖြစ်ပြီး၊ သူ့ကို အားကျ ချစ်ခင်တဲ့ ပရိတ်သတ်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ ကဲ ပရိတ်သတ်ကြီးရော စီရော်နယ်ဒိုရဲ့ ဖန် ရှိကြလား …………။

Writer – ME( Shwe Yaung Lan )

LEAVE A REPLY