Zawgyi ျဖင့္ဖတ္ရန္

ေဖ့စ္ဘုတ္မွာ စာေတြ ေရးခဲ့တဲ့လူက စာမေရးျဖစ္တာ ၾကာသြားခဲ့ၿပီ။ ဘာရယ္ မဟုတ္ပါဘူး။ စိတ္ဓာတ္ေလး နည္းနည္း က်ေနလို႔။ (နည္းနည္းပါေလ) ႐ုပ္ရွင္ကားေတြထဲကလို ျမင္းျဖဴႀကီး စီးလာတဲ့ သူရဲေကာင္း ေမွ်ာ္ရတာ ေမာတာေပါ့။ ေနာက္ဆုံးေတာ့လည္း ကိုယ္ေတြမွာ ျပည္သူပဲ အားကိုးစရာ ရွိတာပါပဲေလ။ ဟိုဘက္က ကေလးနဲ႔ ဒီဘက္က ကေလး ခ်ၾကတဲ့ ေနရာမွာ မိဘေတြ ဝင္မပါသင့္ဘူးဆိုတဲ့ အျမင္ဟာ သိပ္ လူၾကားလို႔ ေကာင္းပါတယ္။

ဒါေပမယ့္ ကိုယ့္မိဘက ဝင္မပါဘူး ဆိုေပမယ့္ ဟိုဘက္က ကေလးရဲ႕ မိဘက ပါေနတဲ့အခါမွာ မ်က္ႏွာလႊဲေနရင္ မပါဘူးဆိုတဲ့ မူ မပ်က္ေပမယ့္ ကိုယ့္ကေလးကေတာ့ နာတာ အမွန္ပါပဲ။ မပါဘူးဆိုတာ ဟိုဘက္ကလည္း မပါ၊ ဒီဘက္ကလည္း မပါမွ တရားမွာပါ့ေလ။ ကိုယ္မပါသည့္တိုင္ ဟိုဘက္ကိုလည္း မင္း ဝင္မပါနဲ႔ ဟန႔္ႏိုင္မွ ပြဲက လွမွာေပါ့။ ဘာရယ္ မဟုတ္ပါဘူး။ ကေလးခ်င္း ခ်ၾကတဲ့ ရန္ပြဲေတြ အေၾကာင္း ေတြးမိတာပါ။ လက္ေတြ႕ဘဝဘက္ လွည့္ေတာ့လည္း ေဝေ၀ဝါးဝါးေတြပါပဲ။ တရားသူႀကီးကို ခ်ိန္ခြင္အပ်က္ေလး ေပးေတာ့ မထီမဲ့ျမင္မႈနဲ႔ ေထာင္က်သြားတယ္။ Hard Disk အစား System ပုံးေလး ယူလာတာေတာ့ မထီမဲ့ျမင္မႈ မေျမာက္ခဲ့ပါဘူး။ မဟုတ္တာ ယူလာေပမယ့္ မသိရွာလို႔ ေနမွာေပါ့ေလ။ ဒီလိုနဲ႔ပဲ။

 

ေဘာလုံးပြဲေတြမွာ ပြဲၿပီးမွ ျပစ္ဒဏ္ခ်တာက ျပန္လည္ သုံးသပ္ၿပီး ခ်တာမ်ိဳးပါ။ ကစားေနစဥ္ အတြင္းမွာလည္း ညစ္တဲ့သူေတြ ညစ္ခ်င္တိုင္း ညစ္မရေအာင္ အဝါကတ္ေတြ၊ အနီကတ္ေတြ ထည့္ထားရပါတယ္။ ပြဲၿပီးမွ ညစ္တဲ့ေကာင္ကို ပြဲပယ္မယ္ ဆိုတာက အဓိပၸါယ္ မရွိလွပါဘူးေလ။ တခ်ိဳ႕ ကိစၥေတြမွာ ညစ္ေနမွန္း သိပါရဲ႕နဲ႔ ငါဝင္မစြက္ဘူး ဆိုရင္လည္း ဒီပြဲမွာ အရႈံးပဲ ေပးလိုက္တာ ေကာင္းမယ္ ထင္ပါတယ္။ ပြဲအႏိုင္အရႈံကို ဆုံးျဖတ္ေစခ်င္ခဲ့တာ မဟုတ္ပါဘူး။ ညစ္သူကို ျပဖို႔ အနီကတ္ေတာင္ မထုတ္တဲ့အခါ ကစားရတာ အားေလ်ာ့ပါတယ္။

ဒီပြဲက ဘဝေတြ ရင္းထားရတဲ့ ပြဲပါ။ ကိုယ္ဆြဲေခၚလို႔ ဝင္ကစားတဲ့သူေတြအတြက္ အားနာမိပါတယ္။ ဘာရယ္မဟုတ္ပါဘူး။ စိတ္ဓာတ္ေလး နည္းနည္းက်လို႔ ေရးမိတာပါ။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

ဆရာသက္ကမိုးညိုပြောတဲ့ ဗစ်တိုးရီးယားအမှု လက်ရှိဖြစ်နေသော အခြေအနေ

ဖေ့စ်ဘုတ်မှာ စာတွေ ရေးခဲ့တဲ့လူက စာမရေးဖြစ်တာ ကြာသွားခဲ့ပြီ။ ဘာရယ် မဟုတ်ပါဘူး။ စိတ်ဓာတ်လေး နည်းနည်း ကျနေလို့။ (နည်းနည်းပါလေ) ရုပ်ရှင်ကားတွေထဲကလို မြင်းဖြူကြီး စီးလာတဲ့ သူရဲကောင်း မျှော်ရတာ မောတာပေါ့။ နောက်ဆုံးတော့လည်း ကိုယ်တွေမှာ ပြည်သူပဲ အားကိုးစရာ ရှိတာပါပဲလေ။ ဟိုဘက်က ကလေးနဲ့ ဒီဘက်က ကလေး ချကြတဲ့ နေရာမှာ မိဘတွေ ဝင်မပါသင့်ဘူးဆိုတဲ့ အမြင်ဟာ သိပ် လူကြားလို့ ကောင်းပါတယ်။

ဒါပေမယ့် ကိုယ့်မိဘက ဝင်မပါဘူး ဆိုပေမယ့် ဟိုဘက်က ကလေးရဲ့ မိဘက ပါနေတဲ့အခါမှာ မျက်နှာလွှဲနေရင် မပါဘူးဆိုတဲ့ မူ မပျက်ပေမယ့် ကိုယ့်ကလေးကတော့ နာတာ အမှန်ပါပဲ။ မပါဘူးဆိုတာ ဟိုဘက်ကလည်း မပါ၊ ဒီဘက်ကလည်း မပါမှ တရားမှာပါ့လေ။ ကိုယ်မပါသည့်တိုင် ဟိုဘက်ကိုလည်း မင်း ဝင်မပါနဲ့ ဟန့်နိုင်မှ ပွဲက လှမှာပေါ့။ ဘာရယ် မဟုတ်ပါဘူး။ ကလေးချင်း ချကြတဲ့ ရန်ပွဲတွေ အကြောင်း တွေးမိတာပါ။ လက်တွေ့ဘဝဘက် လှည့်တော့လည်း ဝေဝေဝါးဝါးတွေပါပဲ။ တရားသူကြီးကို ချိန်ခွင်အပျက်လေး ပေးတော့ မထီမဲ့မြင်မှုနဲ့ ထောင်ကျသွားတယ်။ Hard Disk အစား System ပုံးလေး ယူလာတာတော့ မထီမဲ့မြင်မှု မမြောက်ခဲ့ပါဘူး။ မဟုတ်တာ ယူလာပေမယ့် မသိရှာလို့ နေမှာပေါ့လေ။ ဒီလိုနဲ့ပဲ။

ဘောလုံးပွဲတွေမှာ ပွဲပြီးမှ ပြစ်ဒဏ်ချတာက ပြန်လည် သုံးသပ်ပြီး ချတာမျိုးပါ။ ကစားနေစဉ် အတွင်းမှာလည်း ညစ်တဲ့သူတွေ ညစ်ချင်တိုင်း ညစ်မရအောင် အဝါကတ်တွေ၊ အနီကတ်တွေ ထည့်ထားရပါတယ်။ ပွဲပြီးမှ ညစ်တဲ့ကောင်ကို ပွဲပယ်မယ် ဆိုတာက အဓိပ္ပါယ် မရှိလှပါဘူးလေ။ တချို့ ကိစ္စတွေမှာ ညစ်နေမှန်း သိပါရဲ့နဲ့ ငါဝင်မစွက်ဘူး ဆိုရင်လည်း ဒီပွဲမှာ အရှုံးပဲ ပေးလိုက်တာ ကောင်းမယ် ထင်ပါတယ်။ ပွဲအနိုင်အရှုံကို ဆုံးဖြတ်စေချင်ခဲ့တာ မဟုတ်ပါဘူး။ ညစ်သူကို ပြဖို့ အနီကတ်တောင် မထုတ်တဲ့အခါ ကစားရတာ အားလျော့ပါတယ်။

ဒီပွဲက ဘဝတွေ ရင်းထားရတဲ့ ပွဲပါ။ ကိုယ်ဆွဲခေါ်လို့ ဝင်ကစားတဲ့သူတွေအတွက် အားနာမိပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ စိတ်ဓာတ်လေး နည်းနည်းကျလို့ ရေးမိတာပါ။

share from :burmese.asia

LEAVE A REPLY