Zawgyi ျဖင့္ဖတ္ရန္

တိုင္းတစ္ပါးမွာ ဒုကၡသည္အမည္ခံၿပီး ေပါက္ကရေလးဆယ္ ေလွ်ာက္လုပ္ေနတဲ့ လူအခ်ိဳ႕ေၾကာင့္ ျမန္မာလူမ်ိဳးေတြ အထင္ေသးခံရေပါင္းလည္း မ်ားလွပါၿပီ။ မဟုတ္က ဟုတ္က လုပ္ဇာတ္ေတြခင္း လီဆယ္ၿပီး UNHCR မွာ ဒုကၡသည္စာရင္းခံယူကာ ကိုယ္က်ိဳးအတြက္ သက္သက္ တတိယႏိုင္ငံေတြကိုသြားဖို႔ အလွည့္ေစာင့္ေနၾကမယ္ဆိုရင္လည္း ကိုယ့္လူမ်ိဳးရဲ႕ ဂုဏ္သိကၡာကို ထိန္းသိမ္းသင့္ၾကပါတယ္။

မေလးရွားသတင္းစာ Harian Metro မွာ ေဖာ္ျပထားတဲ့သတင္းအရ (UNHCR) ဒုကၡသည္ကတ္ျပား ကိုင္ေဆာင္ထားတဲ့ ျမန္မာတစ္ဦးက တကၠသိုလ္ေက်ာင္းသူကို အေဝးေျပးကားေပၚမွာ မဖြယ္မရာျပဳလုပ္ခဲ့တဲ့အတြက္ ထိမ္းသိမ္းစစ္ေဆးျခင္း ခံထားရပါတယ္။

ေအာက္တိုဘာလ ၁၅ ရက္ေန႔ နံနက္ေဝလီေဝလင္း ၁၂ နာရီ ၅ မိနစ္အခ်ိန္ခန႔္က မေလးရွားႏိုင္ငံ ‘ကီမာမန္’ ကေန ‘ကလန္တန္’ ကို ေမာင္းႏွင္လာတဲ့ Express ကားေပၚမွာ ခုံျခင္းကပ္လ်က္ ထိုင္ေနတဲ့ အသက္ ၂၀ အ႐ြယ္ တကၠသိုလ္ေက်ာင္းသူကို အသက္ ၂၈ ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသားတစ္ဦးက တို႔ထိပြတ္သပ္ခဲ့တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

 

အမ်ိဳးသားဟာ သူ႔ရဲ႕ တံေတာင္ ကိုယ္လုံးစတာေတြနဲ႔ ေက်ာင္းသူေလးကို တစ္ခ်ိန္လုံး ပြတ္သပ္တို႔ထိေနခဲ့ၿပီး ‘ဘူကစ္ဘတ္စီ’ ၿမိဳ႕အနီး ေရာက္တဲ့အခ်ိန္မွာ မိန္းကေလးရဲ႕ ရွပ္အက်ႌထဲကို လက္နဲ႔ႏႈိက္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ မိန္းကေလးက လက္ကိုဆြဲဖယ္ခဲ့ၿပီး အိပ္ေပ်ာ္ေနတဲ့ အျခားခရီးသည္ တစ္ဦးကို ႏႈိးကာ ေနရာျခင္းလဲေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အဲဒီေနာက္ သူမရဲ႕ ဖခင္ဆီကို ဖုန္းေခၚၿပီး အျဖစ္ပ်က္အားလုံးကို တိုင္ၾကားခဲ့ပါတယ္။ ဖခင္ျဖစ္သူက ဘတ္စ္ကားေမာင္းသူနဲ႔ ဖုန္းထဲမွာ အျပန္အလွန္ေျပာဆိုခဲ့ၿပီးေနာက္ ကားေမာင္းသူက ျမန္မာအမ်ိဳးသားကို ေနရာေျပာင္းဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

အဲဒီေနာက္ ‘ဘူကစ္ဘတ္စီ’ၿမိဳ႕ရွိ ရဲစခန္းကို ေမာင္းကာ အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။ အမ်ိဳးသားကို ရဲစခန္းက ကာအိေျႏၵထိပါးေစာ္ကားျခင္း ပုဒ္မ ၃၅၄ အရအမႈဖြင့္ထားၿပီး စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရွိရသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဒုက္ခသည်အမည်ခံပြီး ထင်ရာစိုင်းနေသူအချို့ကြောင့် နိုင်ငံတကာမှာ မြန်မာများ အရှက်ရ

တိုင်းတစ်ပါးမှာ ဒုက္ခသည်အမည်ခံပြီး ပေါက်ကရလေးဆယ် လျှောက်လုပ်နေတဲ့ လူအချို့ကြောင့် မြန်မာလူမျိုးတွေ အထင်သေးခံရပေါင်းလည်း များလှပါပြီ။ မဟုတ်က ဟုတ်က လုပ်ဇာတ်တွေခင်း လီဆယ်ပြီး UNHCR မှာ ဒုက္ခသည်စာရင်းခံယူကာ ကိုယ်ကျိုးအတွက် သက်သက် တတိယနိုင်ငံတွေကိုသွားဖို့ အလှည့်စောင့်နေကြမယ်ဆိုရင်လည်း ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ကြပါတယ်။

မလေးရှားသတင်းစာ Harian Metro မှာ ဖော်ပြထားတဲ့သတင်းအရ (UNHCR) ဒုက္ခသည်ကတ်ပြား ကိုင်ဆောင်ထားတဲ့ မြန်မာတစ်ဦးက တက္ကသိုလ်ကျောင်းသူကို အဝေးပြေးကားပေါ်မှာ မဖွယ်မရာပြုလုပ်ခဲ့တဲ့အတွက် ထိမ်းသိမ်းစစ်ဆေးခြင်း ခံထားရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ဝေလီဝေလင်း ၁၂ နာရီ ၅ မိနစ်အချိန်ခန့်က မလေးရှားနိုင်ငံ ‘ကီမာမန်’ ကနေ ‘ကလန်တန်’ ကို မောင်းနှင်လာတဲ့ Express ကားပေါ်မှာ ခုံခြင်းကပ်လျက် ထိုင်နေတဲ့ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူကို အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက တို့ထိပွတ်သပ်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားဟာ သူ့ရဲ့ တံတောင် ကိုယ်လုံးစတာတွေနဲ့ ကျောင်းသူလေးကို တစ်ချိန်လုံး ပွတ်သပ်တို့ထိနေခဲ့ပြီး ‘ဘူကစ်ဘတ်စီ’ မြို့အနီး ရောက်တဲ့အချိန်မှာ မိန်းကလေးရဲ့ ရှပ်အင်္ကျီထဲကို လက်နဲ့နှိုက်ဖို့ ကြိုးစားခဲ့တာကြောင့် မိန်းကလေးက လက်ကိုဆွဲဖယ်ခဲ့ပြီး အိပ်ပျော်နေတဲ့ အခြားခရီးသည် တစ်ဦးကို နှိုးကာ နေရာခြင်းလဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် သူမရဲ့ ဖခင်ဆီကို ဖုန်းခေါ်ပြီး အဖြစ်ပျက်အားလုံးကို တိုင်ကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဘတ်စ်ကားမောင်းသူနဲ့ ဖုန်းထဲမှာ အပြန်အလှန်ပြောဆိုခဲ့ပြီးနောက် ကားမောင်းသူက မြန်မာအမျိုးသားကို နေရာပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒီနောက် ‘ဘူကစ်ဘတ်စီ’မြို့ရှိ ရဲစခန်းကို မောင်းကာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ အမျိုးသားကို ရဲစခန်းက ကာအိန္ဒြေထိပါးစော်ကားခြင်း ပုဒ်မ ၃၅၄ အရအမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

Credit : popolay

LEAVE A REPLY