Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
Victoria အမှုနဲ့ပတ်သတ်ပြီးအများနဲ့မတူတဲ့အမြင်တစ်ခုကိုပြောလာတဲ့ ရွှေအိမ်စည်
နေပြည်တော် wISDOM hILL မှာ ဖြစ်ပျက်ခဲ့တဲ့ vITORIA လေးရဲ့ အမှုဟာဆိုရင် လက်ရှိအခြေအနေမှာ အတော်လေး ကြာမြင့်နေပြီဖြစ်ပါတယ်။ အမှုမှန် ပေါ်နိုး ပေါ်နိုးနဲ့ တရားရင်ဆိုင်လာကြတာ အခုအခါမှာတော့ အမှုကို ပိုပြီး ရှုပ်ထွေးလာအောင် လုပ်တဲ့အပိုင်းလေးတွေပါ တွေ့လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား အဖေက အစ တရားသူကြီး အဆုံး အမှုတွေ ဖွင့်ထားလို့ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ကုမုဒြာ သတင်းဌာနကနေပြီးတော့ သရုပ်ဆောင် ရွှေအိမ်စည်ကို ဒီအမှုအပေါ် ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းလေးကို မေးခဲ့ပါတယ်။
အဲ့ဒီအခါမှာတော့ ရွှေအိမ်စည်က ဒီအမှုဟာ နှစ်ဦးနှစ်ဖက်မှာ သားသမီးတွေ ထိခိုက်မှာမို့ အရင်ကတည်းက Publice ကို ရောက်မလာသင့်ဘူးလို့ ဆိုပါတယ်။ အခုတော့ ဒီကလေးတွေရဲ့ ဘဝမှာ ဘယ်လိုမှ နောက်ဆုတ်လို့ မရတော့တဲ့ နာကျင်မှုမျိုးကိုနှစ်ဖက်စလုံးမှာ ရရှိသွားမှာ ဖြစ်တဲ့အတွက် ဒါဟာ အတော်လေး ဆိုးရွားတဲ့အခြေအနေတစ်ခုလို့ သူမက ပြောဆိုလာပါတယ်။သူမအနေနဲ့တော့ နှစ်ဦးနှစ်ဖက်လုံးကို တွေးပြီး ဖြေဆိုသွားခဲ့တာပါ။
အထူးသဖြင့် ဆိုရှယ်မီဒီယာတွေမှာ ဒီကလေးကို သနားတယ်ဆိုပြီး ရှယ်နေတာတွေဟာ သူ့အတွက် ထိခိုက်မှုတွေ ပိုမိုဖြစ်စေတယ်လို့ သူမအမြင်ကိုပြောပြပါတယ်။ မြန်မာနိုင်ငံမှာ က ကလေးသူငယ်ဥပဒေတွေကလည်း တိတိကျကျ ပြဌာန်းထားမှု အားနည်းချက်တွေကြောင့် လက်ရှိလို ကိစ္စတွေ ဖြစ်ပေါ်လာတယ်လို့ သူမရဲ့ အယူအဆကို ပြောပြခဲ့ပါတယ်။..
ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ
share from :shweyaunglan
LEAVE A REPLY