Zawgyi ျဖင့္ဖတ္ရန္

အစတုန္းကေတာ့ အရမ္းအားနာၿပီး သူတို႔ကိုယ္စားၿပီးသား ပန္းကန္ကို လာသိမ္းရင္ မေနတတ္ဘူး သနားလည္း သနားတယ္။ ခုေတာ့ေနတတ္သြားၿပီ။ အိုတာမွ လုပ္ႏိုင္ကိုင္ႏိုင္ ပင္စင္အ႐ြယ္ အိုတာမ်ိဳးေတာင္မဟုတ္။ တကယ့္ကို လမ္းေတာင္မေလွ်ာက္ႏိုင္ ေက်ာကုန္းၿပီး အိုတာမ်ိဳးပါ။ အသက္က မရွိရင္ ၇၀ေက်ာ္အနည္းဆုံးနဲ႔ ပုံမွန္ ၈၀ ေက်ာ္အ႐ြယ္ေတြ မ်ားပါတယ္။ ဆိုင္တဆိုင္မွာ ပန္းကန္ပတ္သိမ္းရတာ ပင္ပန္းတယ္ မပင္ပမ္းဘူးဆိုတာကို ေက်ာင္းတက္တုန္း စားပြဲထိုး လုပ္ဖူးတဲ့ ကိုယ္ကိုယ္တိုင္ နားလည္စာနာပါတယ္။ အသက္ ၂၀ အ႐ြယ္ တပတ္ေလးရက္လုပ္တာေတာင္ ေျခေထာက္နာလြန္းလို႔ ညညဆို မ်က္ရည္ေတြေတြက်ၿပီး လုပ္ခဲ့ရတာပါ။ သူတို႔ခမ်ာ အိုႀကီးအိုမနဲ႔ တပတ္ေျခာက္ရက္ လုပ္ရတာ။ တခ်ိဳ႕ဆို ခါးကုန္းေနတာ ၉၀ဒီဂရီျဖစ္ေနၿပီ။ ကိုယ့္အဖြားသာဆိုရင္ဆိုတဲ့အေတြးနဲ႔ ရင္ေတာ္ေတာ္ကြဲပါတယ္။

သတိထားမိတာတခုက အဘိုးႀကီးအဘြားႀကီး ေတာ္ေတာ္မ်ားမ်ားက တ႐ုတ္ေတြပါ။ မေလး အင္ဒီးယန္းေတြ႕ရခဲပါတယ္။ အသိစလုံး တ႐ုတ္မတေယာက္ဆိုရင္ အက္ဒမင္လုပ္ပါတယ္။ ေယာက္်ားကလည္း ဝင္ေငြေကာင္းတယ္။ ခေလး၂ေယာက္နဲ႔ အိမ္စရိတ္မေလာက္လို႔ဆိုၿပီး သူ႔အေမဆီက အိမ္လခ တလ ၃၀၀ ေကာက္ပါတယ္။ ဒီေတာ့ အဖြားႀကီးခမ်ာ ဝင္ေငြမရွိေတာ့ စားေသာက္ဆိုင္မွာ ပန္းကန္ဝင္သိမ္းတယ္။ အဲဒါက်ေတာ့လည္း သူတို႔ကို သိတ္ခါခ်တယ္ဆိုၿပီး စိတ္ဆိုးတယ္။ ေနာက္ဆုံးလူျမင္ကြင္း မထြက္ပါဘူး ဆိုင္ထဲမွာပဲ ပန္းကန္ေဆးပါ့မယ္ဆိုမွ သေဘာပဲဆိုၿပီးေပးလုပ္ပါတယ္။ သမီးက ဘဏ္မန္ေနဂ်ာ အေမကပန္းကန္ေဆး စတဲ့အျဖစ္ေတြ အမ်ားႀကီးပါ။

ပိုက္ဆံခ်မ္းသာတဲ့ မိသားစုေတြေတာင္ အသက္ႀကီးလာတာနဲ႔ အပင္ပန္းခံ အလုပ္ရႈပ္ခံ မျပဳစုပါဘူး။ Home လို႔ေခၚတဲ့ လူအို႐ုံေတြ ကိုတန္းပို႔လိုက္တာပါ။ တပတ္တခါ မိသားစု သြားလည္ၾကတယ္။ အဲဒီလူအို႐ုံက ဝန္ထမ္းေတြက ႏွိပ္စက္တဲ့ အျဖစ္အပ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဘယ္ေလာက္ထိမ်ား မိဘကို မသိတတ္ၾကလဲဆိုရင္ အစိုးရကေတာင္ ဥပေဒထုတ္တားျမစ္ဖို႔အထိ လႊတ္ေတာ္မွာ အေျခအတင္ေဆြးေႏြးေနၾကပါတယ္။ တီဗြီမွာ ေၾကာ္ျငာေလးေတြ ဇာတ္လမ္းတိုေလးေတြထည့္ၿပီး မိဘကိုျပဳစုေစာင့္ေရွာက္သင့္ေၾကာင္းပညာေပးေတြ လုပ္ေနရပါတယ္။

သားသမီး အိမ္ေထာင္က်ၿပီးလို႔ အိမ္ခြဲဆင္းတာနဲ႔ အဘိုးႀကီး အဘြားႀကီး တေယာက္ကို တေယာက္ အားကိုးၿပီးေနရတာပါပဲ။ တေယာက္မ်ား တိမ္းပါးသြားရင္ တအိမ္လုံးမွာ တေယာက္ ကိုယ့္ထမင္း ကိုယ္ရွာစားၿပီး ကိုယ့္အသက္ကိုယ္ေမြးရပါတယ္။ တစ္သွ်ဳးေလးေရာင္းလိုက္ စားပြဲေလးသိမ္းလိုက္ ပလပ္စတစ္ေကာက္လိုက္ အလုပ္ခေလးေတြ လိုက္လုပ္ရတယ္။အစိုးရ က စုေပးထားတဲ့ ပင္စင္က စားေလာက္႐ုံပဲ ရွိတယ္။ တခ်ိဳ႕မိဘေတြမွာ သားသမီးကို တကၠသိုလ္ထား အိမ္ဝယ္ေပး စတာေတြနဲ႔ တင္ စု ေငြေတြ သိပ္မက်န္ၾကေတာ့ဘူး။ တခုရွိတာက တခ်ိဳ႕ မိဘေတြကလည္း သားသမီးေတြနဲ႔ မေနခ်င္။ ကိုယ့္ဘာကိုယ္ေနခ်င္ၾကတယ္။ တခ်ိဳ႕ ေတြက ၃ခန္းတြဲ အိမ္ပိုင္ရွိၿပီးေတာ့ ရထားဂိတ္မွာ တစ္သွ်ဳးေရာင္းၾကျပန္တယ္။ အဲလိုမိဘေတြကို မၾကည့္ပဲထားေပမဲ့ မိဘေတြကလည္း သိပ္စိတ္ဆိုးတာမ်ိဳးမရွိၾကဘူး သဘာဝပဲ လို႔ သေဘာထားၾကတယ္။ ကိုယ္ေတြနဲ႔ ယွဥ္ၾကည့္ရင္ အျမင္ခ်င္းမ်ားကြာသြားလို႔လား။

ဘာပဲေျပာေျပာ မိဘကိုျပဳစုေစာင့္ေရွာက္တဲ့ ဓေလ့ကိုပဲ အားေပးပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာတိုးတက္မႈရွိေပမဲ့ တက္လာတဲ့ ကုန္ေစ်းႏႈန္းေတြ ျမင့္လာတဲ့လူေနမႈစရိတ္ေတြ ကို ကာမိဖို႔ ကိုယ့္မိဘကို စေတးရမယ္ဆိုတာ မျဖစ္သင့္ပါ။ မိဘေတြ ခ်မ္းသာသည္ျဖစ္ေစ ဆင္းရဲသည္ျဖစ္ေစ သားသမီးအေနနဲ႔ မိဘကို ေျခဆုပ္လက္နယ္ျပဳစုႏိုင္ရပါမယ္။ ဆင္းရဲလို႔ မိခင္အိုႀကီး ထြက္ၿပီးေတာင္းစားတာၾကည့္ေနရတယ္ထား အိမ္ျပန္ေရာက္ရင္ေတာ့ အိမ္ဦးခန္းမွာ ထမင္းခူးခပ္ေကြၽးတဲ့ လူေတြ ရွိပါတယ္။ လူအိုေတြ အလုပ္ထြက္လုပ္ရပါေလ့ေစ၊ ကိုယ့္ကိုအိမ္မွာေမွ်ာ္ေနတဲ့ၿမီးေလးရွိရင္ သူ႔ အိမ္အျပန္မွာ သူေပ်ာ္မွာပါ။

စင္ကာပူကိုေျပာလို႔ ျမန္မာႏိုင္ငံမွာ လူျဖစ္ရက်ိဳးနပ္တယ္ အေျပာမေစာပါနဲ႔အုံး။ ေဘးပတ္ဝန္းက်င္မွာ ခုထိ ေစ်းေတာင္းေခါင္း႐ြက္ ေရာင္းေနရတုန္း ေတာင္းေနရတုန္း သက္ႀကီး႐ြယ္အိုေတြ အမ်ားႀကီးမွာ အိမ္မွာ ပိုက္ဆံရွိေပမဲ့ အသက္ႀကီးလို႔ ေဘးဖယ္ခံရတဲ့ လူအိုေတြအမ်ားႀကီးပါ။ တတ္ႏိုင္သေလာက္သူတို႔ ေရာင္းတာေလးေတြ ဝယ္ေပးပါ။ ေတာင္းရင္ထည့္ေပးပါ။ လိမ္တာမလိမ္တာ ျပသနာမဟုတ္ပါဘူး။ သက္ႀကီး႐ြယ္အိုမ်ားရဲ႕ အဓိက သက္ရွည္ေဆးက မိသားစုေႏြးေထြးမႈပါ။ မိမိ အဖိုးအဖြားေတြကို စကားစျမည္ေျပာပါ။ သူတို႔ေပးတဲ့အႀကံေတြ လက္ေတြ႕က်ခ်င္မွ က်ပါလိမ့္မယ္ အသုံးဝင္ခ်င္မွ ဝင္ပါလိမ့္မယ္။ ဒါေပမဲ့ အဖြားက ဘာသိလို႔လဲ ဘာညာေျပာတာထက္ နားေထာင္ေပးလိုက္ပါ။ သက္ႀကီး႐ြယ္အိုေတြ စကားမ်ားတာ သူတို႔အျပစ္မဟုတ္ပါ။ ဒီေလာက္ ဘဝမွာ အႏွစ္ ၇၀ ေက်ာ္ေနလာတာ ဒီေလာက္ေတာ့ ေျပာစရာေတြ မ်ားလိမ့္မေပါ့။ ဆင္းရဲတဲ့အမယ္အိုမွ သနားစရာေကာင္းတာမဟုတ္ ထမင္းမငတ္ေပမဲ့ ေႏြးေထြးမႈငတ္ေနတဲ့ လူအိုေတြ အမ်ားႀကီး ရွိပါေၾကာင္း။

Writer-Ko Htay Hlaing

Unicode ဖြင့်ဖတ်ရန်

စင်္ကာပူမှာ ဘယ်ဆိုင်သွားသွား မြင်ရမှာကတော့ ပန်းကန်လိုက်သိမ်းနေတဲ့ သက်ကြီးအလုပ်သမားတွေပါ။

အစတုန်းကတော့ အရမ်းအားနာပြီး သူတို့ကိုယ်စားပြီးသား ပန်းကန်ကို လာသိမ်းရင် မနေတတ်ဘူး သနားလည်း သနားတယ်။ ခုတော့နေတတ်သွားပြီ။ အိုတာမှ လုပ်နိုင်ကိုင်နိုင် ပင်စင်အရွယ် အိုတာမျိုးတောင်မဟုတ်။ တကယ့်ကို လမ်းတောင်မလျှောက်နိုင် ကျောကုန်းပြီး အိုတာမျိုးပါ။ အသက်က မရှိရင် ၇၀ကျော်အနည်းဆုံးနဲ့ ပုံမှန် ၈၀ ကျော်အရွယ်တွေ များပါတယ်။ ဆိုင်တဆိုင်မှာ ပန်းကန်ပတ်သိမ်းရတာ ပင်ပန်းတယ် မပင်ပမ်းဘူးဆိုတာကို ကျောင်းတက်တုန်း စားပွဲထိုး လုပ်ဖူးတဲ့ ကိုယ်ကိုယ်တိုင် နားလည်စာနာပါတယ်။ အသက် ၂၀ အရွယ် တပတ်လေးရက်လုပ်တာတောင် ခြေထောက်နာလွန်းလို့ ညညဆို မျက်ရည်တွေတွေကျပြီး လုပ်ခဲ့ရတာပါ။ သူတို့ခမျာ အိုကြီးအိုမနဲ့ တပတ်ခြောက်ရက် လုပ်ရတာ။ တချို့ဆို ခါးကုန်းနေတာ ၉၀ဒီဂရီဖြစ်နေပြီ။ ကိုယ့်အဖွားသာဆိုရင်ဆိုတဲ့အတွေးနဲ့ ရင်တော်တော်ကွဲပါတယ်။

သတိထားမိတာတခုက အဘိုးကြီးအဘွားကြီး တော်တော်များများက တရုတ်တွေပါ။ မလေး အင်ဒီးယန်းတွေ့ရခဲပါတယ်။ အသိစလုံး တရုတ်မတယောက်ဆိုရင် အက်ဒမင်လုပ်ပါတယ်။ ယောက်ျားကလည်း ဝင်ငွေကောင်းတယ်။ ခလေး၂ယောက်နဲ့ အိမ်စရိတ်မလောက်လို့ဆိုပြီး သူ့အမေဆီက အိမ်လခ တလ ၃၀၀ ကောက်ပါတယ်။ ဒီတော့ အဖွားကြီးခမျာ ဝင်ငွေမရှိတော့ စားသောက်ဆိုင်မှာ ပန်းကန်ဝင်သိမ်းတယ်။ အဲဒါကျတော့လည်း သူတို့ကို သိတ်ခါချတယ်ဆိုပြီး စိတ်ဆိုးတယ်။ နောက်ဆုံးလူမြင်ကွင်း မထွက်ပါဘူး ဆိုင်ထဲမှာပဲ ပန်းကန်ဆေးပါ့မယ်ဆိုမှ သဘောပဲဆိုပြီးပေးလုပ်ပါတယ်။ သမီးက ဘဏ်မန်နေဂျာ အမေကပန်းကန်ဆေး စတဲ့အဖြစ်တွေ အများကြီးပါ။

ပိုက်ဆံချမ်းသာတဲ့ မိသားစုတွေတောင် အသက်ကြီးလာတာနဲ့ အပင်ပန်းခံ အလုပ်ရှုပ်ခံ မပြုစုပါဘူး။ Home လို့ခေါ်တဲ့ လူအိုရုံတွေ ကိုတန်းပို့လိုက်တာပါ။ တပတ်တခါ မိသားစု သွားလည်ကြတယ်။ အဲဒီလူအိုရုံက ဝန်ထမ်းတွေက နှိပ်စက်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ ဘယ်လောက်ထိများ မိဘကို မသိတတ်ကြလဲဆိုရင် အစိုးရကတောင် ဥပဒေထုတ်တားမြစ်ဖို့အထိ လွှတ်တော်မှာ အခြေအတင်ဆွေးနွေးနေကြပါတယ်။ တီဗွီမှာ ကြော်ငြာလေးတွေ ဇာတ်လမ်းတိုလေးတွေထည့်ပြီး မိဘကိုပြုစုစောင့်ရှောက်သင့်ကြောင်းပညာပေးတွေ လုပ်နေရပါတယ်။

သားသမီး အိမ်ထောင်ကျပြီးလို့ အိမ်ခွဲဆင်းတာနဲ့ အဘိုးကြီး အဘွားကြီး တယောက်ကို တယောက် အားကိုးပြီးနေရတာပါပဲ။ တယောက်များ တိမ်းပါးသွားရင် တအိမ်လုံးမှာ တယောက် ကိုယ့်ထမင်း ကိုယ်ရှာစားပြီး ကိုယ့်အသက်ကိုယ်မွေးရပါတယ်။ တစ်သျှုးလေးရောင်းလိုက် စားပွဲလေးသိမ်းလိုက် ပလပ်စတစ်ကောက်လိုက် အလုပ်ခလေးတွေ လိုက်လုပ်ရတယ်။အစိုးရ က စုပေးထားတဲ့ ပင်စင်က စားလောက်ရုံပဲ ရှိတယ်။ တချို့မိဘတွေမှာ သားသမီးကို တက္ကသိုလ်ထား အိမ်ဝယ်ပေး စတာတွေနဲ့ တင် စု ငွေတွေ သိပ်မကျန်ကြတော့ဘူး။ တခုရှိတာက တချို့ မိဘတွေကလည်း သားသမီးတွေနဲ့ မနေချင်။ ကိုယ့်ဘာကိုယ်နေချင်ကြတယ်။ တချို့ တွေက ၃ခန်းတွဲ အိမ်ပိုင်ရှိပြီးတော့ ရထားဂိတ်မှာ တစ်သျှုးရောင်းကြပြန်တယ်။ အဲလိုမိဘတွေကို မကြည့်ပဲထားပေမဲ့ မိဘတွေကလည်း သိပ်စိတ်ဆိုးတာမျိုးမရှိကြဘူး သဘာဝပဲ လို့ သဘောထားကြတယ်။ ကိုယ်တွေနဲ့ ယှဉ်ကြည့်ရင် အမြင်ချင်းများကွာသွားလို့လား။

ဘာပဲပြောပြော မိဘကိုပြုစုစောင့်ရှောက်တဲ့ ဓလေ့ကိုပဲ အားပေးပါတယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိပေမဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ မြင့်လာတဲ့လူနေမှုစရိတ်တွေ ကို ကာမိဖို့ ကိုယ့်မိဘကို စတေးရမယ်ဆိုတာ မဖြစ်သင့်ပါ။ မိဘတွေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သားသမီးအနေနဲ့ မိဘကို ခြေဆုပ်လက်နယ်ပြုစုနိုင်ရပါမယ်။ ဆင်းရဲလို့ မိခင်အိုကြီး ထွက်ပြီးတောင်းစားတာကြည့်နေရတယ်ထား အိမ်ပြန်ရောက်ရင်တော့ အိမ်ဦးခန်းမှာ ထမင်းခူးခပ်ကျွေးတဲ့ လူတွေ ရှိပါတယ်။ လူအိုတွေ အလုပ်ထွက်လုပ်ရပါလေ့စေ၊ ကိုယ့်ကိုအိမ်မှာမျှော်နေတဲ့မြီးလေးရှိရင် သူ့ အိမ်အပြန်မှာ သူပျော်မှာပါ။

စင်ကာပူကိုပြောလို့ မြန်မာနိုင်ငံမှာ လူဖြစ်ရကျိုးနပ်တယ် အပြောမစောပါနဲ့အုံး။ ဘေးပတ်ဝန်းကျင်မှာ ခုထိ ဈေးတောင်းခေါင်းရွက် ရောင်းနေရတုန်း တောင်းနေရတုန်း သက်ကြီးရွယ်အိုတွေ အများကြီးမှာ အိမ်မှာ ပိုက်ဆံရှိပေမဲ့ အသက်ကြီးလို့ ဘေးဖယ်ခံရတဲ့ လူအိုတွေအများကြီးပါ။ တတ်နိုင်သလောက်သူတို့ ရောင်းတာလေးတွေ ဝယ်ပေးပါ။ တောင်းရင်ထည့်ပေးပါ။ လိမ်တာမလိမ်တာ ပြသနာမဟုတ်ပါဘူး။ သက်ကြီးရွယ်အိုများရဲ့ အဓိက သက်ရှည်ဆေးက မိသားစုနွေးထွေးမှုပါ။ မိမိ အဖိုးအဖွားတွေကို စကားစမြည်ပြောပါ။ သူတို့ပေးတဲ့အကြံတွေ လက်တွေ့ကျချင်မှ ကျပါလိမ့်မယ် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။ ဒါပေမဲ့ အဖွားက ဘာသိလို့လဲ ဘာညာပြောတာထက် နားထောင်ပေးလိုက်ပါ။ သက်ကြီးရွယ်အိုတွေ စကားများတာ သူတို့အပြစ်မဟုတ်ပါ။ ဒီလောက် ဘဝမှာ အနှစ် ၇၀ ကျော်နေလာတာ ဒီလောက်တော့ ပြောစရာတွေ များလိမ့်မပေါ့။ ဆင်းရဲတဲ့အမယ်အိုမှ သနားစရာကောင်းတာမဟုတ် ထမင်းမငတ်ပေမဲ့ နွေးထွေးမှုငတ်နေတဲ့ လူအိုတွေ အများကြီး ရှိပါကြောင်း။

Writer-Ko Htay Hlaing

LEAVE A REPLY