Zawgyi ဖြင့်ဖတ်ရန်
CRD-AUNTY MAY
Unicode ဖြင့်ဖတ်ရန်
မောင်လေးရှိတဲ့ အစ်မတွေသာ နားလည်နိုင်မယ့် အကြောင်းအရာ (၇) ခု
သင်ဟာ မောင်နှမတွေထဲမှာ အကြီးပိုင်းတစ်ယောက်ဖြစ်ပြီး မောင်လေးတစ်ယောက် သို့မဟုတ် မောင်လေးတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်မှာ မောင်လေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အများကြီးရှိနေမှာပါ။ ခုဖော်ပြပေးမှာကတော့ မောင်လေးရှိတဲ့ အစ်မတွေသာ နားလည်နိုင်မယ့် မောင်လေးအပေါ်ထားတဲ့ အစ်မတစ်ယောက်ရဲ့ သဘောထားလေးတွေပဲဖြစ်ပါတယ်။
(၁) သင်ဟာ သင့်မောင်လေးအပေါ်မှာ မိခင်စိတ်အပြည့်ရှိတဲ့သူတစ်ယောက်ပါ။ သင့်မောင်လေးကို ထိန်းကျောင်းတာ၊ မုန့်ကျွေးတာ၊ ထမင်းခွံ့တာကအစ သင့်အတွက် ကြည်နူးစရာအတိဖြစ်နေသလို၊ တစ်ခါတလေ သင့်မောင်လေးကို သင်မွေးထားတဲ့ သားလေးတစ်ယောက်လိုတောင် ခံစားရမှာပါ။
(၂) အစအနောက်သန်တဲ့ သင့်မောင်လေး၊ ပြောစကားနားမထောင် ဂျစ်ကန်ကန်နေတတ်တဲ့ သင့်မောင်လေးကြောင့် တစ်ခါတလေ ဒေါသအိုးပေါက်ကွဲရတဲ့ အချိန်တွေလည်း အများကြီးကြုံဖူးမျာပါ။ သူ့ကြောင့်ပဲ သင်ဟာ သည်းခံနိုင်စွမ်းတော့ ပိုပြီးကောင်းလာတယ်ဆိုတာ ငြင်းမရပါဘူး။
(၃) သင့်မောင်လေးအတွက် အကောင်းဆုံးတွေကိုပဲဖြစ်စေချင်တာ သင့်ဆန္ဒပါ။ လူကြားသူကြားထဲမှာ မျက်နှာမငယ်စေချင်ဘူး၊ ပြည့်ပြည့်စုံစုံနဲ့ မြင်ချင်တယ်၊ တော်စေချင်တယ်၊ အမြင့်ကိုရောက်စေချင်တယ်။ သင်နဲ့သူ တည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ သင့်မောင်လေးအတွက် အကောင်းဆုံးတွေကိုပဲ မျှော်လင့်ပေးပါတယ်။
(၄) သင့်မောင်လေးအနားမှာ ရှိနေတဲ့ မိန်းကလေးတော်တော်များများကို သင်အကဲခတ်ပြီးသားပါ။ ဘယ်သူက ဘယ်လိုအချိုးမျိုးရှိလဲဆိုတာ သင်သိနေပါတယ်။ ဒါကြောင့် သင့်မောင်လေးကို ဘယ်သူ့လက်ထဲမှ မထည့်ပေးချင်တာကလည်း အစ်မတွေရဲ့ အတ္တဖြစ်ပါတယ်။
(၅) သင်ဟာ သင့်မောင်လေးရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ သူစိတ်အားထက်သန်စွာလုပ်တဲ့ အရာတိုင်းမှာ အားပေးဖို့ အဆင်သင့်ဖြစ်နေတာပါ။ သင်တို့ရဲ့ မိခင်ကလွဲရင် သင့်မောင်လေးကို အားအပေးနိုင်ဆုံးက သင်ပါပဲ။
(၆) သင်ေ့မာင်လေးကြောင့် သင်ဟာ စိတ်ပိုင်းဆိုင်ရာပိုပြီး သန်မာလာတာကိုတော့ငြင်းလို့မရပါဘူး။ သင့်မောင်လေး လဲကျတဲ့အခါ အားပေးနိုင်ဖို့၊ လိုအပ်တဲ့အခါ ကူညီနိုင်ဖို့ အစ်မကြီးအမိရာဆိုတဲ့ စိတ်ကို သွင်းပြီး ရင့်ကျက်သန်မာတဲ့ စိတ်ဓာတ်မျိုးကို သင်မွေးခဲ့ပါတယ်။
(၇) သင်ဟာ ဘယ်လောက်ပဲ မာနကြီးနေပါစေ၊ ဘယ်လောက်ပဲ ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေပါစေ တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရဖို့တော့ အတင်းလုပ်ယူနေရမှာပါ။ လူတိုင်းက သင့်ကို ဦးစားပေးနေရင်တောင် သင့်ကိုချေတဲ့တစ်ယောက်သောသူက သင့်မောင်လေးပါပဲ။
CRD-AUNTY MAY
LEAVE A REPLY