Zawgyi ျဖင့္ဖတ္ရန္

သတိထား ညီမေလးအေရခြံဘယ္ေလာက္လဲလဲေျမြဆုိတာ တီျဖစ္မသြားဘူးေျပာင္းလဲတဲ့ေလာကၾကီးမွာ လုိက္ဖက္ညီေအာင္အေရာင္ေျပာင္းေနရင္ ပုတ္သင္ညိုသာသာျဖစ္ေတာ့မေပါ့ပတၱျမားမွန္တယ္ဆုိတုိင္း ႏြံထဲဝင္မွိဳင္ျပစရာလားကြယ္ေျခေဆးမခံရေအာင္ အိုင္ထဲထုိင္မယ့္အစားေရသန္႔လုိ႔တံဆိပ္ကပ္နုိင္ရင္ တန္ဘုိးတက္လာပါလိမ့္မယ္အိမ္နဲ႔ေဝးတုိင္းလဲ….အားမငယ္စိတ္မပ်က္နဲ႔အေမာေျပေရတစ္ခြက္ အိမ္ေျပးေလးအတြက္တဲ့အေမ ေန႔တုိင္းခပ္ထားတယ္။

မမွားဘူး ညီမေလးစဥ္းစားရတယ္ဆုိတာမိန္းကေလးတုိင္းရဲ့ သမုိင္းေပးတာဝန္အရုိးဆုိ ၾကည့္ေရွာင္ရမယ္ေလကုိယ္က ခဏတာဝါးမယ့္သြားမဟုတ္ဘူးစကားခလုတ္ေတြ ဘယ္ေလာက္တုိက္တိုက္ကုိယ့္ကုိယ္ကုိ မထိခုိက္ဖုိ႔က ပုိအေရးၾကီးတယ္တကယ္ေတာ့ ဟင္းေၾကးမ်ားတယ္ဆုိတာအစားေကာင္းစားရတဲ့သူေတြကုိ သမုတ္တဲ့ အမည္သက္သက္ပါ။

ခ်စ္တာေတာ့ ခ်စ္ပါ ညီမေလးျပန္ျပင္လုိ႔မရတဲ့ အခြင့္အေရးေတာ့ မေပးမိပါေစနဲ႔ဘဝနဲ႔ရင္းတဲ့လက္ေရးအတြက္ ဖ်က္ေဆးမ႐ွိဘူးဘဝရဲ႕အစိတ္အပိုင္းေလးတစ္ခုအတြက္ စိတ္႐ိုင္းမေမြးမိပါေစနဲ႔မွတ္ပံုတင္ထဲျပန္ၾကည့္ပါ ညီမေလးကုိးကြယ္စရာမွာ အခ်စ္ မဟုတ္ဘူးေလ။

ညီမေလးေရ….ခ်စ္ဦးသူနဲ႔ ရတယ္ဆုိတာတုိ႔အိမ္ေဘးက နွင္းဆီေလာက္သာရွိျပီး
အခ်စ္ဦးနဲ႔ လြဲဖူးသူဟာအိမ္ေရွ.က ခရပြင့္ေတြေၾကြသေလာက္ရွိတယ္အသဲကြဲတယ္ဆုိျပီး ဘီယာေသာက္ေလာကၾကီးကုိ ေမွာက္ပစ္တတ္တာပညာမဲ့သူေတြ သက္သက္ေပးတဲ့ဆင္ေျခတစ္ခုပါမုန္တုိင္းထဲမွာလဲ ေအာက္ဆီဂ်င္ပါပါတယ္ေလနည္းတယ္အထင္နဲ့ ရြက္ကုိေတာ့ျပင္းျပင္းမလြင့္လုိက္ပါနဲ့တည္ျငိမ္ျခင္းဆုိတာ မိန္းကေလးအိေျႏၵေလတန္ဘုိးသိတဲ့သူက တန္ဘုိးထားလာပါလိမ့္မယ္ကုိယ္ကသာ ရတနာတစ္ပါးျဖစ္ပါေစ ညီမေလးေရ…..

ညီမေလးေရ….ေယာက်္ားဆုိတာဧကရာဇ္ဘုရင္ပဲျဖစ္ျဖစ္နန္းက်ဘုရင္ပဲျဖစ္ျဖစ္
ေျမွာက္စားတာ ခံခ်င္ၾကတယ္က်ားၾကီးရဲ့ဆရာျဖစ္ဖုိ့ဆုိတာေ ၾကာင္တစ္ေကာင္လုိ ညင္သာတတ္မွျဖစ္မယ္ကမာၻေက်ာ္တဲ့ စစ္သူရဲတစ္ေယာက္ေတာင္အေျပာခ်ိဳတဲ့ အအုိေခ်ာေၾကာင့္
ကမာၻတစ္ဝက္ကို တက္သိမ္းဖူးတယ္ေလေလယူရာတိမ္းတတ္တဲ့ ပန္းပင္ဟာဘယ္ေလၾကမ္းေၾကာင့္မွ အျမစ္မက်ိဳးဘူးပုခက္လြဲေသာလက္ဟာ ကမာၻကို အုပ္စုိးနုိင္တယ္ဆုိတဲ့ေနာက္မွာခ်ိဳေသာ စကားေျပာတတ္တဲ့ ႏွုတ္ခမ္းတစ္စံုလုိတယ္ ညီမေလး..။

ညီမေလးေရ….ရင္ေဘာင္တန္းတယ္ဆုိတုိင္းေျခရာေတာ့ လုိက္မတုိင္းေလနဲ့
ေၾကာင္ဘယ္ေလာက္ေျခရာၾကီးၾကီးက်ားၾကီးကုိေတာ့ ဘယ္မွီမလဲအသားစားသတၱဝါခ်င္းတူေပမယ့္စကားအဆုိသာ ေၾကာင္က ဆရာျဖစ္တာက်ားဆုိတာ ေၾကာင္သားလဲ စားခ်င္စားမွာေလသဘာဝေဘးဆုိတာ သဘာဝေတြ ဆန့္က်င့္လုိ့ျဖစ္ရတာနစ္နာျခင္းမရွိရေအာင္ ေဘာင္အတြင္းကသာ မိန္းမဆန္ပါ ညီမေလးေရ…..။

7
ညီမေလးေရ…သစၥာမွန္ရင္ ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္တယ္တဲ့ခုေခတ္မွာေတာ့ ႏြယ္ျမက္သစ္ပင္ဟာ အရက္ခ်က္ရင္သံုးေနၾကျပီခ်စ္သူကုိ လြမ္းေၾကာင္းစာဖြဲ့ေကာင္းတဲ့နတ္သွ်င္ေနာင္ရဲ့ေဖာက္ျပားမွု ဖြက္ထားတဲ့ သမုိင္းၾကားမွာရွိေသးတယ္တုိ့ခ်စ္လွပါတယ္ဆိုတဲ့ ဧရာဝတီေတာင္ တခ်ိန္တခါက သစၥာေဖာက္ခဲ့ဖူးတယ္စာမ်ားမ်ားဖတ္ျပီး ေဝဖန္ဆံုးျဖတ္နုိင္ပါေစ ညီမေလးဘုရားေဟာတဲ့ သစၥာေလးခ်က္ေတာင္တုိ့ပုထုဇဥ္ေလာကမွာ ဒုကၡသစၥာနဲ့ သမုဒယသစၥာပဲ စြဲျမဲေနတယ္ေလအမွားတစ္ရန္ကုိ တစ္ဘက္စီယူျပီး အမွန္တရားလုပ္ေနတဲ့ေလာကမွာသစၥာဆုိတာ ပန္းနာမည္သက္သက္ျဖစ္ေနျပီ ညီမေလးေရ..။

ညီမေလးေရ…..အယ္ဒီဆင္ရဲ့၉၉ေခါက္ေသာ က်ရွံုုးခန္းဘယ္စာတမ္းမွာမွ မပါဘူးရုိက္ညီေနာင္ရဲ့ေလယာဥ္ပ်က္က်ခန္းဘယ္စာတမ္းမွာမွ မပါဘူးဘုန္းေရာင္ဖြဲ့ေတြနဲ့ ယဥ္ပါးလာတဲ့ စာေပေလာကမွာခ်ီးတံုးကုိ တန္ဆာဆင္သလုိျဖစ္လုိ့က်ရွံုးခန္းဆိုတာ ေရာင္းတန္းမဝင္ဘူးေလ
ဖတ္ပါ မွတ္ပါ ေလ့လာပါအစြန္းတဘဘက္ေတာ့ မေရာက္ေစနဲ့စာေပဆုိတာ လူဘဝအတြက္ အလင္းစက္တစ္ခုေပါ့ဒါေပမယ့္ အသံုးမတတ္ရင္ မီးခြက္ဟာျမိဳ.ပ်က္သြားေစနုိင္တယ္ ညီမေလး။

ညီမေလးေရ…….ျမိဳ့ၾကီးျပၾကီးမွာ အသက္ေမြးမယ္ဆုိရင္ပြင့္လင္းရုိးသားတယ္ဆုိတာ
တို့ဘုိးဘြားေတြရဲ့ ရုိးရာပံုျပင္ထဲမွာ ခ်န္ခဲ့ေတာ့ေျဖာင့္မတ္ျခင္းကုိ ဂြက်တယ္လုိ့ဆုိသူေတြက
ေကာက္တဲ့လက္ ဆန္ပုိရသတဲ့ေလမွ်တျခင္းေတြက ဟာသဆန္သြားျပီျမိဳ့ျပအမွန္တရားက သာသူစားစတမ္းတဲ့သတိထား ညီမေလးေရခုေခတ္က လွည္းလမ္းလည္း ကားေမာင္းခ်င္ေမာင္းတယ္ကားလမ္းေပၚလည္း လွည္းေမာင္းခ်င္ေမာင္းတယ္မူဆုိတာ ခင္မင္သူေတြအတြက္ ေျပာင္းလဲလုိ့ရတဲ့ေခတ္တုိ့သိတဲ့ ကုိယ္က်င့္တရားေတြ အေတာ္ေခါင္းပါးမွျဖစ္မယ္ေရမၾကည္၊ျမက္မနုေတာ့တဲ့ အဲ့ဒီျမိဳ့ျပသြားမယ္ဆုိခဏခဏ မငိုမိေအာင္ ဟန္ေဆာင္ျပံဳးေတြ အလံုးအရင္းသာယူသြား ညီမေလး။

သစ္ရြက္ေတြေႂကြရံုနဲ႔ေတာ့သစ္ပင္ႀကီးမေသပါဘူးၾကယ္ေလးေတြေႂကြရံုနဲ႔လည္းေကာင္းကင္ႀကီးမေသပါဘူးညီမေလးေရ…..ပန္းပုတစ္႐ုပ္လွဖို႔ဆိုတာထြင္းထုတ္လိုက္ရတဲ့ အသားေတြ႐ွိတတ္ျမဲေလလဲလို႔သာ ျပန္မထၾကရင္လူဆိုတာ တြားသြားသတၱဝါျဖစ္ေတာ့မေပါ့အားမေလ်ာ့ပါနဲ႔…သြားတဲ့သူအတြက္ လမ္း႐ွိပါတယ္ညဘယ္ေလာက္နက္နက္ မနက္ဆိုေနထြက္မွာမို႔
မနက္ျဖန္အတြက္ ႏိူးစက္ကို အခ်က္ေပးထားပါအတိတ္ဆိုတာ ခ်ခင္းထားတဲ့ေကာ္ေဇာတစ္ခ်ပ္သာသာမို႔ခပ္နာနာတစ္ခ်က္နင္းၿပီး အနာဂတ္ကို စိတ္နဲ႔ပစ္ခြင္းလိုက္ပါေကာင္းေသာ မနက္ခင္းျဖစ္ပါေစ

ညီမေလးေရ…..ရူးရင္လဲ ထမင္းလြတ္ေအာင္ရူးဒါမွ အခ်ိန္တန္ရင္ထူးမွာအကို့လုိေတာ့ ဟုိမေရာက္ဒီမေရာက္နဲ့လမ္းမေပ်ာက္ေစနဲ့ငယ္ငယ္က တို့ေတြ ပန္းေကာက္သလုိေပါ့ခေရသီမလား စံပါယ္သီမလားတစ္မ်ိဳးခ်င္းသီမွ ေရာင္းပန္းမည္တယ္ေလ
လြယ္လြယ္နဲ့ေတာ့ စံပါယ္မပြင့္ဘူးအခ်ိန္တစ္ခုေတာ့ ရင္းရမွာေပါ့မဟုတ္ရင္ ကိုးမရွိတဲ့ နဝင္းလုိ အခ်င္းဘယ္လွပါ့မလဲ

ညီမေလးေရ….လက္နွစ္ေခ်ာင္းေထာင္ျပီး ဓါတ္ပံုရုိက္တင္ေတာ့ရုပ္ေလးလွတာ လူျမင္တာေပါ့ျဖဴစင္တဲ့စိတ္ထားေလးလည္းေမြးပါျပန္ေတြးတုိင္း လက္မေထာင္နုိင္တဲ့ အတိတ္ရွိေအာင္ေပါ့နိမိတ္၊တေဘာင္ဆုိတာေတြ သိပ္မယံုနဲ့ၾကံဳသမွ် ဒုကၡမွာ အေၾကာင္းရွိတယ္ယၾတာေကာင္းစရာမလုိပါဘူးတရားဓမၼေတြသာ ရင္ထဲကိန္းေအာင္းေနပါေစ ညီမေလးေရ…။

.

share from:Velane

Unicode ဖြင့်ဖတ်ရန်

“ညီမလေး……သို့”

သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူး
ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။

မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။

ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။

ညီမလေးရေ….ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီး
အချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါမုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ…..

ညီမလေးရေ….ယောကျ်ားဆိုတာဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်နန်းကျဘုရင်ပဲဖြစ်ဖြစ်
မြှောက်စားတာ ခံချင်ကြတယ်ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာေ ကြာင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်အပြောချိုတဲ့ အအိုချောကြောင့်
ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး..။

ညီမလေးရေ….ရင်ဘောင်တန်းတယ်ဆိုတိုင်းခြေရာတော့ လိုက်မတိုင်းလေနဲ့
ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့ ဘယ်မှီမလဲအသားစားသတ္တဝါချင်းတူပေမယ့်စကားအဆိုသာ ကြောင်က ဆရာဖြစ်တာကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေသဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာနစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။

7
ညီမလေးရေ…သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာ အရက်ချက်ရင်သုံးနေကြပြီချစ်သူကို လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့နတ်သျှင်နောင်ရဲ့ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာရှိသေးတယ်တို့ချစ်လှပါတယ်ဆိုတဲ့ ဧရာဝတီတောင် တချိန်တခါက သစ္စာဖောက်ခဲ့ဖူးတယ်စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ ညီမလေးဘုရားဟောတဲ့ သစ္စာလေးချက်တောင်တို့ပုထုဇဉ်လောကမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပဲ စွဲမြဲနေတယ်လေအမှားတစ်ရန်ကို တစ်ဘက်စီယူပြီး အမှန်တရားလုပ်နေတဲ့လောကမှာသစ္စာဆိုတာ ပန်းနာမည်သက်သက်ဖြစ်နေပြီ ညီမလေးရေ..။

ညီမလေးရေ…..အယ်ဒီဆင်ရဲ့၉၉ခေါက်သော ကျရှုံးခန်းဘယ်စာတမ်းမှာမှ မပါဘူးရိုက်ညီနောင်ရဲ့လေယာဉ်ပျက်ကျခန်းဘယ်စာတမ်းမှာမှ မပါဘူးဘုန်းရောင်ဖွဲ့တွေနဲ့ ယဉ်ပါးလာတဲ့ စာပေလောကမှာချီးတုံးကို တန်ဆာဆင်သလိုဖြစ်လို့ကျရှုံးခန်းဆိုတာ ရောင်းတန်းမဝင်ဘူးလေ
ဖတ်ပါ မှတ်ပါ လေ့လာပါအစွန်းတဘဘက်တော့ မရောက်စေနဲ့စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့ဒါပေမယ့် အသုံးမတတ်ရင် မီးခွက်ဟာမြို.ပျက်သွားစေနိုင်တယ် ညီမလေး။

ညီမလေးရေ…….မြို့ကြီးပြကြီးမှာ အသက်မွေးမယ်ဆိုရင်ပွင့်လင်းရိုးသားတယ်ဆိုတာ
တို့ဘိုးဘွားတွေရဲ့ ရိုးရာပုံပြင်ထဲမှာ ချန်ခဲ့တော့ဖြောင့်မတ်ခြင်းကို ဂွကျတယ်လို့ဆိုသူတွေက
ကောက်တဲ့လက် ဆန်ပိုရသတဲ့လေမျှတခြင်းတွေက ဟာသဆန်သွားပြီမြို့ပြအမှန်တရားက သာသူစားစတမ်းတဲ့သတိထား ညီမလေးရေခုခေတ်က လှည်းလမ်းလည်း ကားမောင်းချင်မောင်းတယ်ကားလမ်းပေါ်လည်း လှည်းမောင်းချင်မောင်းတယ်မူဆိုတာ ခင်မင်သူတွေအတွက် ပြောင်းလဲလို့ရတဲ့ခေတ်တို့သိတဲ့ ကိုယ်ကျင့်တရားတွေ အတော်ခေါင်းပါးမှဖြစ်မယ်ရေမကြည်၊မြက်မနုတော့တဲ့ အဲ့ဒီမြို့ပြသွားမယ်ဆိုခဏခဏ မငိုမိအောင် ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာယူသွား ညီမလေး။

သစ်ရွက်တွေကြွေရုံနဲ့တော့သစ်ပင်ကြီးမသေပါဘူးကြယ်လေးတွေကြွေရုံနဲ့လည်းကောင်းကင်ကြီးမသေပါဘူးညီမလေးရေ…..ပန်းပုတစ်ရုပ်လှဖို့ဆိုတာထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်မြဲလေလဲလို့သာ ပြန်မထကြရင်လူဆိုတာ တွားသွားသတ္တဝါဖြစ်တော့မပေါ့အားမလျော့ပါနဲ့…သွားတဲ့သူအတွက် လမ်းရှိပါတယ်ညဘယ်လောက်နက်နက် မနက်ဆိုနေထွက်မှာမို့
မနက်ဖြန်အတွက် နိူးစက်ကို အချက်ပေးထားပါအတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာသာမို့ခပ်နာနာတစ်ချက်နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါကောင်းသော မနက်ခင်းဖြစ်ပါစေ

ညီမလေးရေ…..ရူးရင်လဲ ထမင်းလွတ်အောင်ရူးဒါမှ အချိန်တန်ရင်ထူးမှာအကို့လိုတော့ ဟိုမရောက်ဒီမရောက်နဲ့လမ်းမပျောက်စေနဲ့ငယ်ငယ်က တို့တွေ ပန်းကောက်သလိုပေါ့ခရေသီမလား စံပါယ်သီမလားတစ်မျိုးချင်းသီမှ ရောင်းပန်းမည်တယ်လေ
လွယ်လွယ်နဲ့တော့ စံပါယ်မပွင့်ဘူးအချိန်တစ်ခုတော့ ရင်းရမှာပေါ့မဟုတ်ရင် ကိုးမရှိတဲ့ နဝင်းလို အချင်းဘယ်လှပါ့မလဲ

ညီမလေးရေ….လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တင်တော့ရုပ်လေးလှတာ လူမြင်တာပေါ့ဖြူစင်တဲ့စိတ်ထားလေးလည်းမွေးပါပြန်တွေးတိုင်း လက်မထောင်နိုင်တဲ့ အတိတ်ရှိအောင်ပေါ့နိမိတ်၊တဘောင်ဆိုတာတွေ သိပ်မယုံနဲ့ကြုံသမျှ ဒုက္ခမှာ အကြောင်းရှိတယ်ယတြာကောင်းစရာမလိုပါဘူးတရားဓမ္မတွေသာ ရင်ထဲကိန်းအောင်းနေပါစေ ညီမလေးရေ…။

.

share from:Velane

LEAVE A REPLY