Zawgyi ျဖင့္ဖတ္ရန္

အခုေခတ္မွာ လူတိုင္းလိုလို စမတ္ဖုန္းကိုင္ႏိုင္ေနၾကၿပီဆိုတာ အားလုံးရဲ႕မ်က္ျမင္ပါပဲ။ မ်ားျပားလွစြာေသာလူေတြဟာ စမတ္ဖုန္းကိုသုံးႏိုင္လာၾက႐ုံသာမက စမတ္ဖုန္းကို လက္ကမခ် မ်က္စိကမခြာႏိုင္ျဖစ္လာၾကတဲ့ ယေန႔ေခတ္အခ်ိန္အခါႀကီးမွာ ဖုန္းေတြဟာ ရာခ်ီေသာလူေတြကို သတ္ျဖတ္ႏိုင္တဲ့ လူသတ္ေကာင္ေတြျဖစ္လာခဲ့ပါတယ္။

ဒီလိုေျပာရတဲ့ အေၾကာင္းအရင္းေတြ မ်ားစြာအနက္ အထင္ရွားဆုံးအရာကေတာ့ ယာဥ္ေမာင္ႏွင္းေနရင္း ဖုန္းသုံးတာေၾကာင့္ အသက္အႏၲရာယ္အထိ ဒုကၡေပးသြားတဲ့ မေတာ္တဆမႈေတြပါပဲ။

ၾသစေၾတးလ်ႏိုင္ငံမွာ သုေတသနျပဳလုပ္ခ်က္ေတြအရ ဖုန္းထဲကမက္ေဆ့ခ်္ဖတ္ရင္း ယာဥ္တိုက္မႈျဖစ္တဲ့ႏႈန္းဟာ 32% ရွိတယ္လို႔ သိရၿပီးUS ရဲ႕လမ္းမေတြမွာလည္း ဖုန္းအသုံးျပဳမႈေၾကာင့္ ယာဥ္မေတာ္တဆျဖစ္မႈႏႈန္း 51% အထိျမင့္တက္လာေနတယ္လို႔ သိရပါတယ္။

သင့္ပတ္ဝန္းက်င္မွာ လမ္းျဖတ္ကူးတဲ့လူေတာ္ေတာ္မ်ားမ်ားဟာလည္း ယာဥ္သြားယာဥ္လာထက္ လက္ထဲကဖုန္းကိုပဲ သဲသဲမဲမဲၾကည့္ရႈအသုံးျပဳေနတာကိုလည္း ျမင္ေတြ႕ေနရမွာပါ။

ဒါေတြတင္မကပါဘူး။ ဖုန္းၾကာရွည္စြာေျပာဆိုမႈနဲ႔ အိပ္ခ်ိန္ေလ်ာ့ကာ ဖုန္းအသုံးျပဳမႈေတြေၾကာင့္ အာ႐ုံစူးစိုက္မႈ မွတ္ဉာဏ္နဲ႔ စိတ္ရွည္သည္းခံမႈ ဆုံးျဖတ္ခ်က္ခ်ႏိုင္စြမ္းေတြေလ်ာ့က်လာႏိုင္ၿပီး က်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

ဆိုရွယ္မီဒီယာေတြကို က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳလာတာနဲ႔အမွ် အႏၲရာယ္ရွိတဲ့ အျပာကားေတြကို လူငယ္ေတြ အကန႔္အသတ္ဲ့ၾကည့္ရႈလာႏိုင္ျခင္းနဲ႔အတူ ဆယ္ေက်ာ္သက္အ႐ြယ္ ကိုယ္ဝန္ေဆာင္မႈႏႈန္းေတြ ျမင့္တက္လာ႐ုံသာမက ဒုစ႐ိုက္မႈမ်ားကိုလည္း မ်က္ဝါးထင္ထင္ပိုမိုေတြ႕ႀကဳံလာရပါတယ္။

အခုအခ်ိန္မွာ လူေတြဟာ လူမႈေရးနဲ႔ ပတ္ဝန္းက်င္မွျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာေတြထက္ ဝိုင္ဖိုင္ရမရနဲ႔ အင္တာနက္လိုင္းေကာင္း မေကာင္းကို ပိုၿပီးစိတ္ဝင္စားေနၾကပါတယ္။ ဒီလိုမ်ိဳးသာၾကာရွည္သြားေနမယ္ဆိုရင္ေတာ့ လူေတြဟာ ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ေသနတ္တစ္လက္ကို ကိုယ့္ဘာသာေဆာင္ထားသလိုပါပဲလို႔ CEO Magazineမွာ ေရးသားေဖာ္ျပထားပါတယ္။

Writer –LLA ( Shwe Yaung Lan )

Unicode ဖြင့်ဖတ်ရန်

ဖုန်းတွေဟာ ရာချီသော လူတွေကို သတ်ဖြတ်နေကြောင်း သိရှိရ

အခုခေတ်မှာ လူတိုင်းလိုလို စမတ်ဖုန်းကိုင်နိုင်နေကြပြီဆိုတာ အားလုံးရဲ့မျက်မြင်ပါပဲ။ များပြားလှစွာသောလူတွေဟာ စမတ်ဖုန်းကိုသုံးနိုင်လာကြရုံသာမက စမတ်ဖုန်းကို လက်ကမချ မျက်စိကမခွာနိုင်ဖြစ်လာကြတဲ့ ယနေ့ခေတ်အချိန်အခါကြီးမှာ ဖုန်းတွေဟာ ရာချီသောလူတွေကို သတ်ဖြတ်နိုင်တဲ့ လူသတ်ကောင်တွေဖြစ်လာခဲ့ပါတယ်။

ဒီလိုပြောရတဲ့ အကြောင်းအရင်းတွေ များစွာအနက် အထင်ရှားဆုံးအရာကတော့ ယာဉ်မောင်နှင်းနေရင်း ဖုန်းသုံးတာကြောင့် အသက်အန္တရာယ်အထိ ဒုက္ခပေးသွားတဲ့ မတော်တဆမှုတွေပါပဲ။

သြစတြေးလျနိုင်ငံမှာ သုတေသနပြုလုပ်ချက်တွေအရ ဖုန်းထဲကမက်ဆေ့ချ်ဖတ်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့နှုန်းဟာ 32% ရှိတယ်လို့ သိရပြီး
US ရဲ့လမ်းမတွေမှာလည်း ဖုန်းအသုံးပြုမှုကြောင့် ယာဉ်မတော်တဆဖြစ်မှုနှုန်း 51% အထိမြင့်တက်လာနေတယ်လို့ သိရပါတယ်။

သင့်ပတ်ဝန်းကျင်မှာ လမ်းဖြတ်ကူးတဲ့လူတော်တော်များများဟာလည်း ယာဉ်သွားယာဉ်လာထက် လက်ထဲကဖုန်းကိုပဲ သဲသဲမဲမဲကြည့်ရှုအသုံးပြုနေတာကိုလည်း မြင်တွေ့နေရမှာပါ။

ဒါတွေတင်မကပါဘူး။ ဖုန်းကြာရှည်စွာပြောဆိုမှုနဲ့ အိပ်ချိန်လျော့ကာ ဖုန်းအသုံးပြုမှုတွေကြောင့် အာရုံစူးစိုက်မှု မှတ်ဉာဏ်နဲ့ စိတ်ရှည်သည်းခံမှု ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေလျော့ကျလာနိုင်ပြီး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဆိုရှယ်မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာနဲ့အမျှ အန္တရာယ်ရှိတဲ့ အပြာကားတွေကို လူငယ်တွေ အကန့်အသတ်ဲ့ကြည့်ရှုလာနိုင်ခြင်းနဲ့အတူ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုနှုန်းတွေ မြင့်တက်လာရုံသာမက ဒုစရိုက်မှုများကိုလည်း မျက်ဝါးထင်ထင်ပိုမိုတွေ့ကြုံလာရပါတယ်။

အခုအချိန်မှာ လူတွေဟာ လူမှုရေးနဲ့ ပတ်ဝန်းကျင်မှဖြစ်ပျက်နေတဲ့အကြောင်းအရာတွေထက် ဝိုင်ဖိုင်ရမရနဲ့ အင်တာနက်လိုင်းကောင်း မကောင်းကို ပိုပြီးစိတ်ဝင်စားနေကြပါတယ်။ ဒီလိုမျိုးသာကြာရှည်သွားနေမယ်ဆိုရင်တော့ လူတွေဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့ သေနတ်တစ်လက်ကို ကိုယ့်ဘာသာဆောင်ထားသလိုပါပဲလို့ CEO Magazineမှာ ရေးသားဖော်ပြထားပါတယ်။

Writer –LLA ( Shwe Yaung Lan )

LEAVE A REPLY