Zawgyi ျဖင့္ဖတ္ရန္

 

ေကာလိပ္ေက်ာင္းတစ္ခုမွာ ၿခဳံႏြယ္ပိတ္ေပါင္းေတြရွင္းေနတဲ့ ၿခံလုပ္သားႀကီးတစ္ဦးဟာ စပါးႀကီးေႁမြညိဳ႕ခံရၿပီး လည္းပင္ကို ပတ္ကာ ညႇစ္သတ္ေနစဥ္ အျခား႐ြာသားေတြ ျမင္သြားခဲ့တာေၾကာင့္ ေသေဘးကေန သီသီေလး လြတ္ေျမာက္ခဲ့ရပါတယ္။

ေအာက္တိုဘာလ ၁၅ ရက္ေန႔က အိႏၵိယႏိုင္ငံေတာင္ပိုင္း Kerala မွာ ျဖစ္ပြားခဲ့တာပါ။ ၁၀ ေပခန႔္ရွည္လ်ားတဲ့ စပါးႀကီးေႁမြက မလြတ္တမ္း လည္ပင္းကို ရစ္ပတ္ကာ ညႇစ္ေနတာကို ေယာက္်ား ၂ ေယာက္အားနဲ႔ အတင္းဆြဲဖယ္ခဲ့ရတဲ့ ႐ုပ္သံ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

 

႐ုပ္သံမွာ ေႁမြႀကီးကို အတင္းဆြဲခြာဖို႔ ႀကိဳးစားေနၾကတာကို ေတြ႕ရၿပီး ေႁမြပတ္ခံထားရတဲ့ အမ်ိဳးသားႀကီးကလည္ လည္ပင္းအစ္တဲ့ ဒဏ္ကို အလူးအလဲခံေနခဲ့ရပါတယ္။ေနာက္ဆုံးမွာေတာ့ ေႁမြႀကီးကို ဆြဲခြာခ်ကာ ဆာလာအိတ္ႀကီးတစ္လုံးထဲ ထည့္ႏိုင္ခဲ့ပါတယ္။

 

 

ေနာက္ထပ္ႏွစ္ရက္ေလာက္ အၾကာမွာ ေႁမြႀကီးကို ေဘးကင္းတဲ့ ေတာထဲသို႔ ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။
ေႁမြပတ္တာကိုခံခဲ့ရသူနဲ႔ ကယ္တင္သူ အမ်ိဳးသားမ်ားက Kerala Institute of Management campus မွ အစိုးရဝန္ထမ္းေတြ ျဖစ္ေၾကာင္း သိရသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

၁၀ ပေခန့်ရှိတဲ့ စပါးကြီးမြွေ ရစ်ပတ်ခံရပြီး သေဘေးမှ သီသီလေးလွတ်ခဲ့သူ (ရုပ်သံ)

ကောလိပ်ကျောင်းတစ်ခုမှာ ခြုံနွယ်ပိတ်ပေါင်းတွေရှင်းနေတဲ့ ခြံလုပ်သားကြီးတစ်ဦးဟာ စပါးကြီးမြွေညို့ခံရပြီး လည်းပင်ကို ပတ်ကာ ညှစ်သတ်နေစဉ် အခြားရွာသားတွေ မြင်သွားခဲ့တာကြောင့် သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala မှာ ဖြစ်ပွားခဲ့တာပါ။ ၁၀ ပေခန့်ရှည်လျားတဲ့ စပါးကြီးမြွေက မလွတ်တမ်း လည်ပင်းကို ရစ်ပတ်ကာ ညှစ်နေတာကို ယောက်ျား ၂ ယောက်အားနဲ့ အတင်းဆွဲဖယ်ခဲ့ရတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။

ရုပ်သံမှာ မြွေကြီးကို အတင်းဆွဲခွာဖို့ ကြိုးစားနေကြတာကို တွေ့ရပြီး မြွေပတ်ခံထားရတဲ့ အမျိုးသားကြီးကလည် လည်ပင်းအစ်တဲ့ ဒဏ်ကို အလူးအလဲခံနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ မြွေကြီးကို ဆွဲခွာချကာ ဆာလာအိတ်ကြီးတစ်လုံးထဲ ထည့်နိုင်ခဲ့ပါတယ်။

နောက်ထပ်နှစ်ရက်လောက် အကြာမှာ မြွေကြီးကို ဘေးကင်းတဲ့ တောထဲသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြွေပတ်တာကိုခံခဲ့ရသူနဲ့ ကယ်တင်သူ အမျိုးသားများက Kerala Institute of Management campus မှ အစိုးရဝန်ထမ်းတွေ ဖြစ်ကြောင်း သိရသည်။

Credit : popolay

LEAVE A REPLY